(9)
ကိုရင်လေး " သံကိစ္စ " က အပ္ပနာဈာန် ဝင်းစားနေတယ်!
အဲ့ဒီမှာ…… ဓါးပြဗိုလ်က သူတာဝန်ရှိတဲ့အတိုင်းအားလုံးတံကျင်တွေသပ်ပြီးပြီ။ မီးတွေဘာတွေ ဖိုပြီးပြီ။ ဖက်ရွက်တွေ ဘာတွေ ခင်းပြီးပြီဆိုတော့ ကိုရင်လေးကို သူ့ဓါးနဲ့ စလွယ် သိုင်းခုတ်တယ်။ ပထမအကြိမ် ခုတ်လိုက်တယ်။ ဒင်_ ကနဲဆိုပြီးတော့…… ဓါးက နောက်ပြန်ရွေ့လာပြီးတော့ အသွားကြီးက တံဇဉ်းကြီးလို ခွေသွားတယ်။
ကောင်းကောင်း မခုတ်မိသေးလို့ပဲဆိုပြီး ကွေးသွားတဲ့ ဓါးသွားကို တစ်ခါပြန်ဆွဲဆန့်…… ဒီတစ်ခါ အပြတ်ဆိုပြီးတော့ ဒုတိယတစ်ကြိမ် ခုတ်လိုက်တော့…… အဲ့ဒီကျတော့ ဒင်တောင် မမြည်တော့ဘူး။ ဗျင်းကနဲဆိုပြီးတော့ ထန်းရွက်လိပ်ကြီးလို တစ်ခါတည်း လိပ်သွားတယ်။ ဆွဲဆန့်လို့တောင်မရတော့ဘူး။ ဒီတော့မှ ဓါးပြဗိုလ် သံဝေဂရတယ်။ ပြီးမှ……ခုတ်တုန်းကတော့ ဇက်ပြုတ်အောင်ခုတ်တာ။ ပထမတစ်ကြိမ်လည်း မရ။ ဒုတိယတစ်ကြိမ်လည်းမရ။
ကိုရင်လေး " သံကိစ္စ " က အပ္ပနာဈာန် ဝင်းစားနေတာလေ!
အဲ့ဒီအချိန်မှာ!လူတစ်ယောက်ကနေပြီး မြင့်မိုရ်တောင်ကြီးနဲ့ ဖိသတ်တောင်မှ မသတ်နိုင်ဘူး။ မသေနိုင်ဘူးတဲ့။
ဒီတော့……မရမှ သံဝေဂ ရတယ်။ဓါးကြည့်ပြီး သူကစဉ်းစားတယ်။
ဒီသံလျက်ဓါးက ကျောက်တိုင်ကြီးကိုပဲဖြစ်ဖြစ် ရှားငုတ်တိုကြီးကိုပဲဖြစ်ဖြစ် အပိုင်းလိုက် အပိုင်းလိုက် ဖြတ်နိုင်တဲ့ သံလျက်ဓါးပါ။ တစ်ကြိမ်ခုတ် ကွေးသွား။ နောက်တစ်ကြိမ် ခုတ် ထန်းရွက်ကဲ့သို့လိပ်သွားခဲ့ပြီ။ ဤနှစ်ဖက်အသွားသံလျက်ဓါးကတောင်မှ စေတနာမရှိ စိတ်မရှိပါဘဲလျက် ကိုရင်သံကိစ္စရဲ့ဂုဏ်ကျေးဇူးကို သိ၏။ ငါက စိတ်ရှိသူမှန်ပါလျက် ဂုဏ်ကျေးဇူးကို မသိဆိုပြီး စဉ်းစားပြီးသွားရော ဓါးကိုမြေကြီးမှာချ ထိုင်ပြီးတော့ ရှိခိုးတယ်။
ပြီးတော့……
"အရှင်ဘုရား! တပည့်တော်တို့သူပုန်ငါးရာကို အဝေးကမြင်လျှင် ပင် လူတစ်ထောင်မျှလောက်ကတောင်မှ လန့်ရတယ်။ တပည့်တော်တို့မြင်လျှင် စကားနှစ်ခွန်း သုံးခွန်းလောက်တောင် ပြောဝံ့တဲ့သူမရှိဘူးဘုရား။ ကိုရင့်မှာတော့ ကြောက်လန့်ရုံကလေးတောင်မှ မရှိပါလား ဘုရား။ မိုက်ဝ၍ ပြောင်ပြောင် တောက်တောက်ပသော ရွှေကဲ့သိုလည်ူကောင်း။ ကောင်းစွာပွင့်သော မဟာလှေခါးပန်းကဲ့သို့လည်းကာင်း အရှင်ဘုရား၏ မျက်နှာတော်သည် တင့်တယ်၍နေပါတယ်ဘုရား။
ကိုယ်တော် ဒီလောက် သေဘေးကြီး ရောက်နေပါလျက် အဘယ့်ကြောင့် မစိုရိမ်မပူဆွေး မငိုကြွေးရပါသနည်းလို့…
မေးတော့…
ကိုရင်သံကိစ္စက ဘာပြောတုံးဆိုတော့………
သံကိစ္စလေးက………
" ခိုးမှူးကြီး! ကိုယ့်ခန္ဓာ အသက်ကို ငဲ့ကွက်ခြင်း ကင်းပြီးတဲ့ ငါအား စိတ်၌ မှီ၍ ဖြစ်တဲ့ ဆင်းရဲဒုက္ခသည် တစိုးတစိ ဘယ်တော့မှမရှိပါ။ ကြောက်တယ် လန့်တယ်…… ဒီခန္ဓာကိုယ်ပေါ် တွယ်တာတပ်မက်တဲ့ တဏှာလောဘ မကင်းတဲ့ ပုဂ္ဂိုလ်မှာ အဲ့ဒီဒုက္ခရှိတာ ငါလိုခန္ဓာကိုယ်ပေါ်မှာ တွယ်တာတပ်မက်တဲ့ တဏှာလောဘ ကင်းပြီးတဲ့ ပုဂ္ဂိုလ်မှာ စေတသိကဒုက္ခ မရှိဘူး" ဆိုပြီး ဓါးပြကြီးကို ဖြေလိုက်တယ်……
အမှန်တော့……၇ နှစ်အရွယ် ကိုရင်လေးသံကိစ္စက အရှင်သာရိပုတ္တရာဆီမှာ ရဟန်းစဝတ်တဲ့နေ့ကတည်းက ဆံချရင်း ရဟန္တာဖြစ်ပြီးသား ကိုရင်လေးပါ……
ရဟန္တာသခင် အရှင်မြတ်ဆိုတာ……
ခပ်သိမ်းဥဿုံ အလုံးစုံသော ကြောက်လန့်ခြင်းအမျိုးမျိုးတို့ကို လွန်မြောက်ခဲ့ပြီး သံယောဇဉ်ဆယ်မျိုး လွန်ရှည်ကြိုး ဖြတ်ချိုးပြီးဖြစ်တဲ့အတွက် ကြောက်ခြင်းဆိုတဲ့တရား အကုန်လုံးဖယ်ရှားပြီးသားဖြစ်နေပါပြီ။ ခိုးမှူးကြီးဆိုပြီး……မိန့်ကြားလိုက်တော့……
ဓါးပြဗိုလ်ကြီးက သူ့တပည့်တွေဘက်လှည့်ပြီး…
"အမောင်တို့ဘယ့်နှယ် လုပ်ကြမလဲ" ဆိုတော့……
ဓါးပြ ငါးရာကလည်း……
"ဓါးပြဗိုလ်ကြီးကကော" လို့ ပြန်မေးလိုက်တယ်……
"ငါတော့ အရှင်သံကိစ္စ ထံမှာပဲရှင်ပြုတော့မယ် ။ ဒီလောက် အံ့ဖွယ်မြင်ပြီးတဲ့နောက် အိမ်ပြန်ပြီး အလုပ်လုပ်နေဖို့မရှိတော့ဘူး။" ဆိုတော့……
"ကျွန်တော်တို့လည်း ဗိုလ်ကြီးနဲ့အတူ ကိုရင်ဝတ်ကြပါမယ် ခင်ဗျား" လို့ တညီတညွတ်တည်း ပြောကြတယ်……
"တပည့်တော် တို့ကို ရှင်ပြုပေးပါ ကိုရင်" ဆိုတော့………
ဘယ့်နှယ်… သူတို့ သင်္ကန်းလည်းမရှိ ဘယ့်နှယ် လုပ်မတုံး ဆိုတော့………
ကိုရင်သံကိစ္စ က "ကောင်းပြီ လာကြ ခင်ဗျားတို့ ကိုင်တဲ့ ဓါးတွေပေး" ဆိုပြီး ခေါင်းရိတ်ပေးတယ်……
"ကိုရင် တပည့်တော်တို့ သင်္ကန်းမရှိဘူး" ဆိုတော့………
လွယ်တယ်……
"အဲ့ဒီဓါးနဲ့ တောထဲ သစ်ခေါက်တွေညောင်ခေါက်တွေ ခွာချေ ။ သွားကြ။ ခွာကြ။ ရောက်ပြီ ။ ခင်ဗျားတို့ စောင်တွေရှိတယ်ဟုတ်လား…ရှိတယ်။ အေး အမြိတ်တွေ ဖြတ်။ ဖန်ရည်ဆိုး ညောင်ခေါက်ဆိုး ရသေ့ကြီးတွေလိုပေါ့။ နီလို့။ဆိုးပြီးပြီပလား။ ပြီးပြီ။ အဲ…… ခင်ဗျားတို့ ဆိုကြ " ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ……………… ၊ သရဏဂုံတွေပေါ့လေ လိုက်ဆိုကြတယ်။
ပါဏာတိပါတာဝေရမဏိသည် ကိုရင်ကြီးတွေပေါ့ အားလုံး ကိုရင်ကြီး ငါးရာ သူခိုးလူထွက် ကိုရင်ငါးရာပေါ့။ ဓါးပြလူထွက် ကိုရင်ကြီးငါးရာ ရံပြီးတော့ ကိုရင်သံကိစ္စ လေး စဉ်းစားတယ်…………… :-D
လက်ညောင်းသွားလို့ အမြင်မရေးတော့ဘူး! :-P
ဒီမှာ ဘယ်လိုအသိမျိုး ရလဲ?