📖  သည်းခံစိတ်​ဆိုတာ လိုအပ်​တာမို့ 📖

in #esteem • 7 years ago (edited)

📖  သည်းခံစိတ်​ဆိုတာ လိုအပ်​တာမို့ 📖



ရှေး ရေစက်ကြောင့်  ဆုံလာကြတယ်

ပါတ်သက်ရင်းနှီးခဲ့ကြပြီ

တစ်မိထဲကမွေးလာတာ မဟုတ်ဘဲ

သာမာန်ထက် ပိုတဲ့ သံယောဇဉ်တွေ

ချည်နှောင်မိပြီးသည့်နောက်



အရင်လို

ကိုယ့်အချစ်တွေကို တန်ဖိုးမထားတော့ဘူး

သာမာန်လူလို   ဆက်ဆံလာတယ်

ကိုယ့်မေတ္တာတွေကို မမြင်တော့ဘူး

စေတနာစကားတွေကို  အပြစ်တင်လာပြီ

ချစ်သူကို တန်ဖိုးထားရကောင်းမှန်း မသိတော့ဘူး

ငါ မရှိလို့   သူမဖြစ်ပါဘူး ဆိုတဲ့  ပုံစံနဲ့ 

မထီမဲ့မြင် ဆက်ဆံလာပြီ

သူ့ မှာ အပြစ်မရှိပါဘူး  ကိုယ်က သူ့ ထက်

အရာရာပိုပေးခဲ့  မိတာလေ



သူဘာလုပ်နေလည်း ' ဘာစားထားပြီးပြီလည်း

အဆင်ပြေရဲ့လား  ' နေကောင်းရဲ့လား

ကိုယ်က ပူပန်ပေးခဲ့ရတာ

ကိုယ့်တန်ဖိုး  ကိုယ်ချခဲ့မိတာ

သူ့ အမှား မဟုတ်ဘူး  ကိုယ်တိုင်မှားခဲ့မိတာပါ



ဖုန်းခဏ ခဏဆက်တာ

ကိုယ့်ချစ်သူကို တအားချစ်တဲ့စိတ်ကြောင့်

စိတ်မချလို့    ဆိုတဲ့ သဘောတရားတွေ

သူမသိဘူး  ညိုငြင်တယ်

နေပူမိုးရွာ အနေထိုင်ဆင်ခြင်ဖို့ ပြောမိရင်

ချစ်သူတစ်ခုခုဖြစ်မှာ  စိုးရိမ်လို့  ဆိုတဲ့အမြင်နဲ့ 

မကြည့်တတ်ဘူး  ပြောစရာမလိုဘူး ဆိုတဲ့

အချိုးနဲ့ တုန့် ပြန်တယ်

အပေါင်းသင်းရွေးပေါင်းဖို့  ပြောတာ

မတော်တဆ အမှားတွေနဲ့  တွေ့ မှာဆိုးတဲ့

စေတနာစိတ်ကို  နားမလည်ဘူး

" စိတ်ပျက်စရာ " ဆိုတဲ့

အပြုမှုနဲ့   တုန့် ပြန်တယ်

အသွားအလာဆင်ခြင်ဖို့  ပြောမိတော့

နေရာတကာဝင်ပြောတယ် ဆိုပြီး 

ရန်သူလို တုန့် ပြန်လာတယ်

သူမမှားဘူး  အရာရာ ပိုမိတဲ့  ကိုယ်မှားတာ



တကယ်တော့  တန်ဖိုးမသိသူလက်ထဲ

ကိုယ့်အချစ် ' ကိုယ့်မေတ္တာ ' ကိုယ့်စေတနာတွေ

ထည့်ပေးထားရတယ်ဆိုတာ

ကိုယ့်အပေါ် မကောင်းတဲ့သူကို မကောင်းမှန်းသိရက်နဲ့ တွယ်ကပ်နေတယ်ဆိုတာ

ဝဋ်ကြွေးဆပ်နေရခြင်းပါလား ဆိုပြီး  ခံယူလိုက်ပြီးတဲ့နောက်

ဝဋ်ကြွေးပါရင်လည်း  ဒီဘဝတင်

 ကြေပါရစေလို့ ပဲဆုတောင်းမိပါတယ်



သံသရာအဆက်ဆက် ရေစက်လည်းမဆုံချင်တော့ဘူး

ဒါကြောင့်  အမုန်းတရားမပါတဲ့ 

ပေးဆပ်ခြင်းနဲ့ နေပျော်လာပါပြီ

သူမကောင်းလို့  

ကိုယ်ကအဆိုးတွေပြန်တုန့်ပြန်နေရင်

အမုန်းသံသရာလည်နေမှာလည်း  မလိုချင်ဘူး

ပြုံးပြုံးလေးနဲ့   အနိုင်လိုသမျှ 

ခေါင်းငုံ့ ခံနေလိုက်ပါတယ်



တစ်ခုလေးပဲ  ဆုတောင်းမိတယ်

ကိုယ်ချစ်တဲ့သူရဲ့  ဥပေက္ခာပြုခြင်းကိုလည်း 

သူ မကြုံတွေ့ပါစေနဲ့ 

ကိုယ့်အချစ်ကို တန်ဖိုးမထားသူရဲ့  အေးစက်စက်အပြုအမူကို​တွေကိုလည်း

သူ မကြုံ​တွေ့ပါ​စေနဲ့



ကိုယ်မြတ်နိုးသူရဲ့  မထီမဲ့မြင်ဆက်ဆံခံရခြင်းဟာ

အတိုင်းအဆမရှိ  ဝမ်းနည်းရတယ်ဆိုတာ 

သူ ရင်မဆိုင်ရပါစေနဲ့   ဆိုပြီး

ရင်ထဲက ဆု​တောင်း​ပေးပါတယ်



သည်းခံစိတ်ဆိုတာ လိုအပ်တာမို့ 

ကိုယ့်အပေါ် စာနာမှု

မထားလည်း  စိတ်မဆိုးမိတော့ပါဘူး

ကိုယ့်ဝဋ်ကြွေးတွေကျေသွားပြီးတဲ့နောက် 

သူ့ အလှည့်ဆိုတာ မရှိပါစေနဲ့ လို့   ဆန္ဒပြုရင်း



📖  သည်းခံစိတ်​ဆိုတာ လိုအပ်​တာမို့ 📖

image

ကျေးဇူးတင်ပါသည်
smt75

Sort:  

Done

SMT 61

Follow me

@kokomyothant

SMT 54

upvote ပေးလို့မရဘူး အ၀ိုင်းပဲလည်နေတယ်ဗျာ လေတယ်
smt63

smt60 အဝိုင်းလည်းနေတယ်

SMT No 55

SMT 62
This post has received upvote from @mooen.

SMT 52

 7 years ago (edited) 

SMT(51)
Vote​ပေးလို့မရဘူးဗျ အဝိုင်းလည်​​နေတယ်

Smt 56

image

Vote ပေးလို့မရပါ ၊ error ပြနေပါတယ်

SMT(53)

SMT- 59
I can't do upvote this post???

SMT52

SMt 57