ကန်ဘောင်ကကြွက်တွေ
ကန်ဘောင်ပေါ်မှာ ကြွက်သုံးကောင်ထိုင်နေတယ်။ တစ်ကောင်နဲ့ တစ်ကောင် အကြွားပြိုင်နေတာ
“ငါ့ကို ဘယ်လို ကြွက်မျိုးများ မှတ်နေသလဲ။ ကြွက်ထောင်ချောက်နဲ့များ ဖမ်းမတဲ့လား။ ဟား … ဟား .. ကြွက်ထောင်ချောက်လောက်ကို လက်နဲ့တောက်ပစ်လိုက်မယ် … ဟား … ဟား” တဲ့
ဒုတိယကြွက်က
“ငါကမှကြွက် … တကယ့်ကြွက်။ ငါ့ကို အဆိပ်ချမတဲ့လား … ဟား … ဟား … အဆိပ်လောက်ကို နို့ထဲထည့်မွှေပြီး သောက်လာတာ မနည်းတော့ဘူးကွ … လုပ်ကြည့်လိုက်လေ” တဲ့
တတိယတစ်ကောင်က သူတို့ပြောနေတာတွေကို နားထောင်နေရင်းက ထွက်သွားတယ်
“ဟိုကောင်တော့ ကြောက်သွားပြီတွေ့လား … ဘာမှတောင် မပြောရဲတော့ဘူး”
“ဟေ့ကောင် ဘယ်ပြေးတာလဲ”
“အိမ်ပြန်မလို့”
“အိမ်ပြန်ပြီး ဘာလုပ်မှာလဲ”
“ကြောင်ကိုသွားထိုးမလို့” တဲ့
ကန်ဘောင်ပေါ်က ကြွက်တွေက အဲဒီလိုကြွက်တွေ
လေသေနတ်လောက်နဲ့ သွားပစ်လို့ကတော့
ဟိုကောင်တွေကလာထိုးလို့ ကိုယ်ကျိုးနည်းမယ်ထင်ပါရဲ့
ကြွက်တွေရဲ့ လေလုံးကပိုကြီးတယ်။
(Three Bad Ass Mice)
တင်ညွန့်
photo : google