ဗျောသံဝေစီ ရွှေကူမြို့မှ စတင်ကြားရပြီ
ကထိန်ခင်းရာ မြိုင်သာယာကျောင်းတော်
ဝါလကင်းလွတ်သီတင်းကျွတ်ခါသမယပြီးပြန်တော့ ကထိန်တော်မဟာ အလှူမင်္ဂလာ ပွဲများစတင်ကြချိန်.ကချင်ပြည်နယ်.ဗန်းမော်ခရိုင်.ရွှေကူမြို့ပေါ်မှာ ပထမဦးစွာ ဖွင့်လှစ်ကျင်းပတာကတော့ အမှတ်(၃)ဆိုင်းကုန်းရပ်မှာ တည်ရှိတဲ့ သာသနာ(၂၅၀၀)စေတီတော်မြတ်ကြီးနဲ့တွဲလျှက်တည်ရှိတဲ့ မြိုင်သာယာဘုန်းတော်ကြီးကျောင်းပေါ့.ကထိန်ဒါယကာ" ဗန်းမော်စတား"ကားအသင်းကြီးနှင့်အတူ ဂေါစရဂါမ်ဆိုင်းကုန်းရပ်ကွက်သူ / ရပ်ကွက်သားများ စုပေါင်း ဆောင်ရွက်ကြလျက် နက်ဖြန် သီတင်းကျွတ်လပြည့်ကျော် သုံးရက်နေ့မှာ လှည့်လည်ကြည်ညိုခံကြမည့် ကထိန်ပွဲအတွက် တပျော်တပါး ဝိုင်းဝန်း၍ ပုဗ္ဗစေတနာအားဖြင့်ကုသိုလ်ယူဆောင်ရွက်နေပုံများကို မှတ်တမ်းတင်လိုက်ပါတယ်။ဗုဒ္ဓဘာသာဝင်များကုသိုလ်ပွားနိုင်ကြပါစေ..
လှပဝေဆာ မြိုင်သာယာကျောင်း အဝင်မုခ်ဦး
ဒကာကြီးများအတွက် မလေးပွားများ
ပဒေသာပင် တည်ပြီးထားသော
ပဒေသာပင် တည်နေဆဲ
ဆိုကြမယ် ကကြမယ် တီးဝိုင်းအဖွဲ့
၂၅၀၀ ဘုရားကြီ၏ ညအလှ ကြည်ညိုစရာ
Photo Credit : Original Source
@khayae ( မြိုင်သာယာကျောင်း ) သီတင်းကျွတ်လပြည့်ကျော် (၂)ရက်..
nice post ဓာတ်ပုံကိုယ်ပိုင်ရိုက်ဆိုရင်လည်း ရေးပေးပါ
ကျေးဇူးပါဗျ
စာလေးတွေကို ဒါထက် နည်းနည်း များများလေး ရေးစေချင်ပါတယ် esteem သုံးတဲ့အတွက် ကျေးဇူးပါ
Posted using Partiko Android
ကျေးဇူးတင်ပါတယ် အောင်မြင်ပါစေ
ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
ကျေးဇူးတင်ပါတယ်ဗျ