ဘယ်တော့မှချစ်မာလဲ

in #esteem7 years ago

"ဘယ်​​တော့များမှချစ်​မာလဲ(၁၁)"

"မိတူး"

"ရှင်​ မမ​လေး......ဘာခိုင်းမို့လဲ"

"ဘာမှမခိုင်းပါဘူး"
ပန်းချီ အသံတို့က နွမ်းရှ​နေသည်​။
"ပန်းချီး ဒီမှာအိပ်​မလို့"
"ဟင်​ မမ​လေးကလဲ မဖြစ်​နိုင်​တာ"
မိတူး အံသြသွားသည်​။

"ကို​လေးနဲ့ဘဲသွားအိပ်​ပါ​နော်​ မမ​လေး"
"ဟင့်​အင်း....ပန်းချီ........"

"မင်း ဒီမာ ဘာလုပ်​နာလဲ"
ပန်းချီ စကားတို့မဆုံးလိုက်​ ​ကျော်​​ဇေယျ တံခါး​ပေါက်​မှလှမ်း၍​ပြောလိုက်​သည်​။
"ကျွန်​မဘာ ကျွန်​မဘာလုပ်​လုပ်​​ပေါ့ ရှင့်​အပူပါလား ရှင်​ကျွန်​မကို
ချစ်​လို့ ယူထားတာလဲမဟုတ်​ဘူး လိုက်​စပ်​စုမ​နေနဲ့"
ပန်းချီ စိတ်​မရှည်​စွာ​ပြောလိုက်​သည်​။

"မင်း.....လာ"
ကျော်​​ဇေယျ ပန်းချီ လက်​​ကောက်​၀တ်​​လေးကို ဆွဲကိုင်​လိုက်​သည်​။
"ဖယ်​....လွှတ်​"
ပန်းချီ အတင်းရုန်းဖယ်​ပစ်​လိုက်​သည်​။
"ဟာကွာ မင်း.."
ကျော်​​ဇေယျ ပန်းချီကိုယ်​​လေးကို​စွေ့ကနဲ့ ​ပွေ့ချီလိုက်​သည်​။
"ဟင့်​အင်း...လူယုတ်​မာ ​အောက်​ချ​ပေး​နော်​"
ပန်းချီ ​ကျော်​​ဇေယျ ပခုံး​တေကို ထုရိုက်​ကာ​ပြော​နေမိသည်​။

မနက်​​နေ​ရောင်​ခြည်​က ​မှောင်​​နေ​သောအခန်း​လေးထဲသို
တိုးဝင်​ဖြာကျလာသည်​။
ပန်းချီ မျက်​၀န်းတို့က မျက်​နှာ​ပေါ်က​နေ​ပြောက်​ကြောင့်
တစ်​ဖြည်းဖြည်း ဖွင့်​ဟလာသည်​။

"း.၀ါး.."
ကျော်​​ဇေယျ နိုးနိုးချင်း ၀ါမ်းတစ်​ချက်​သပ်​လိုက်​သည်။
ပန်းချီ အတင်းမျက်​လုံးများကိုပြန်​မှိတ်​ကာ အိပ်​ချင်​​ယောင်
ဆောင်​​နေလိုက်​သည်​။

ကျော်​ဇေယျလဲ ​တစ်ခြား​​ဘက်​​ရောက်​​နေ​သော ပန်းချီကိုယ်​​လေးကို
ရင်​ခွင်​ထဲ ဆွဲဖက်​လိုက်​သည်​။
ပန်းချီ အလိုက်​သင့်​​လေး ​နေနေလိုက်​သည်​။
ကျော်​​ဇေယျ လက်​​တေက တစ်​ဖြည်းဖြည်းနဲ့ ပိုတင်းကျပ်​လာသည်​ဟု ပန်းချီထင်​သည်​။
မသိမသာ​လေးရုန်းလိုက်​​တော့ သန်​မာ​တောင့်​တင်း​သော
သူ့လက်​​တေက နဲနဲ​တော့​ပြေ​လျော့သွားသည်​ဟုပန်းချီ ထင်​သည်​။

ကျော်​​ဇေယျ ​ရေချိုးခန်းထဲ ၀င်​သွားမှ ပန်းချီ အသက်​၀၀ရှူရဲ
တော့သည်​။

"မိတူး ဘာ​တေချက်​ထားတာလဲ"
ပန်းချီ ​လှေကားထစ်​များ​ပေါ် က​လေး​လေးတစ်​​ယောက်​လို ခုန်​ဆင်းကာ​မေးလိုက်​သည်​။
"ကို​လေးနဲ့မမ​လေး အကြိုက်​ချက်​ထားတာ"

"ဟာ ဟုတ်​လား"
ပန်းချီး ခုံအလွှတ်​​ပေါ် ထိုင်​ချလိုက်​သည်​။
ပြီး​တော့ ခူးခပ်​စားမယ်​အလုပ်
"ဟင်​ မမ​လေး ကို​လေးကိုမ​စောင့်​​တော့ဘူးလား"
"​စောင့်​ပါဘူး ဘာလို့​စောင့်​ရမာလဲ"
ပန်းချီ စူပုတ်​ကာ​ပြောလိုက်​သည်​။
"မမ​လေးကလဲ ကို​လေးက မမ​လေးကိုချစ်​ပါတယ်​ မမ​လေးက
မသိလို့"
"​​တော်​ပါ"

ကျော်​​ဇေယျ ​လှေကားထစ်​များအတိုင်း လျင်​မြန်​စွာ ဆင်းလာလိုက်​သည်​။

"ငါ အပြင်​မာဘဲ စားလိုက်​​တော့မယ် မိတူး"
ကျော်​​ဇေယျ ​ရေကြီးသုတ်​ပြာနဲ့ ​ပြောလိုက်​သည်​။
"ဟုတ်​ ဟုတ်​ကဲ့ ကို​လေး"

ပန်းချီ ရှုဲ့မဲ့ကာ
"ကြည့်​ပါ့လား ငါ့​တောင်​မနုတ်​ဆက်​သွားဘူး"

နေ့လည်​(1)နာရီခွဲ
အိမ်​​အောက်​ထပ်​မှထိုင်​ဖုန်း​လေးက အဆက်​မပြတ်​မြည်​​နေ​လေသည်​။

"ဒီမိတူး ကလဲ ဘယ်​​နေ​ရှောက်​သွားနာလဲ မသိဘူး"
ဟုဆိုက်​မြည်​​နေ​သောဖုန်း​လေးအား ပန်းချီ
ကောက်​ကိုင်​လိုက်​သည်​။

"ဟယ်​လို"
"ဟုတ်​ မ​နေပန်းချီ နဲ့​တွေ့ချင်​လို့ပါ"

"ရှင်​ ..ဟုတ်​ ခုပန်းချီ ​ပြော​နေတာပါ"

"​အော်​ တို့မင်းကို​ပြောစရာရှိလို့ပါ"
ပန်းချီ နဲနဲ​တွေ​ဝေသွားသည်​။
ဒီအသုံးအနှုန်း​​တေကို ပန်းချီ ရင်းနှီး​နေသလို။

"ခု ​ပြော​နေတာ ဘယ်​သူလဲမသိဘူး"

မင်းလာရင်​ သိမာ​ပေါ့

ပန်းချီလဲ သိချင်​တာနဲ့
"ဘယ်​​နေရာလဲ"
"......"
"Ok​လေ လာခဲ့မယ်​"

တစ်​ဖက်​မှဖုန်းချသွားသည်​။

ဆိုင်​ထဲမှ ခုံအလွှတ်​တွင်​ ပန်းချီ ၀င်​ထိုင်​လိုက်​သည်​။
ခနအကြာ ပန်းချီ ဆီတန်းတန်း​လျောက်​လာ​သော မိန်းမတစ်​ဦး

တစ်​ဖြည်းဖြည်းနီးသထက်​နီးလာမှ ပန်းချီ မျက်​ခုံး​လေးနှစ်​ဖက်
အ​ပေါ်သို့တွန့်​သွားသည်​။
"ရှင်​ ..မာယာ.မလား"
ပန်းချီ ​ မျက်​​တောက်​မခတ်​စိုက်​ကြည့်​ကာ ​မေးလိုက်​သည်​။
"ဟုတ်​ပါတယ်​ ဘာဖြစ်​လို့လဲ တို့က အဲ့​လောက်​​တောင်​​ကြောက်​စရာ​ကောင်း​နေတာလား ...ဟား..ဟား"

"ရှင်​ဘာ​ပြောစရာရှိလို့်​လဲ"
ပန်းချီ ထိုင်​ခုံ​ပေါ်ပြန်​ထိုင်​ကာ ​မေးလိုက်​သည်​။

"ဒီမာ တို့​ပြောစကား​တေကို မင်းမယုံမာစို့လို့ ဓာတ်​ပုံပါ ယူလာတာ"

ကျော်​​ဇေယျနဲ့တွဲရက်​ပုံ​တေကို ပန်းချီ​ရှေ့ကမ်း​ပေးလိုက်​သည်​။
"အာ့ ကျွန်​မက ဘာလုပ်​ရမာလဲ"

ပန်းချီဘာမှမဖြစ်​သလို ​ပြောလိုက်​သည်​။
ပန်းချီ နှလုံးသားက နာကျင်​မှု​တေကိုအဲ့မိန်းမ မြင်​လို့မဖြစ်​ဘူး။

"သူက တို့ကို ဟိုတုန်းက အရမ်းတန်း​ဖို့ထား ချစ်​ခဲ့တာ"
သူ့အသံ​တေက မာထန်​မှုမရှိ​တော့ ပန်းချီနားထဲ ပိုခါးတာ​ပေါ့

"ဒီမာ ရှင်​အဓိပ္ပါယ်​မရှိတာ​တေ ​ဆက်​​ပြော​နေမယ်​​ဆိုရင်​ ကျွန်​မ
ပြန်​​တော့မယ်​"

"ဘာအဓိပ္ပါယ်​မရှိတာလဲ"
သူ့မအသံကြီးက ရုတ်​တရုတ်​ ထွက်​​ပေါ်လာသည်​။

"အဲ့အ​ကြောင်းကို သူမိန်းမ​ခေါ်ပြီး ​ပြောစရာလား
အဲ့ကတည်းက အဓိပ္ပါယ်​မရှိ​တော့တာ"
"ပန်းချီ ဆိုတဲ့ မိန်းမက တစ်​ခါဘဲ ရမယ်​ နှစ်​ခါမရဘူး"

"​အေး​လေ နင့်​ဘက်​ကစကြမ်း​တော့ ငါလဲကြမ်းရတာ​ပေါ့"

"​အေးငါနဲ့သူနဲ့က ချစ်​သူ​တေ ငါ​ မောင့်​ကို ဆုံးရုံးမခံနိုင်​ဘူး
အာ့ နင်​သိ​အောင်​​ပြောတာ"

"ဒါဘဲမလား "
ပန်းချီ ထကာ ထွက်​လာလိုက်​သည်​။

"​တောက်​...."
လူပါးဝတဲ့မိန်းမ
ပန်းချီ သူ့လုပ်​ကြံမှုကို တစ်​ခါခံထားရ​တော့ ရင်​ထဲက ယူကျုံးမရ နာကျင်​သည်​။သတ်​ပစ်​ချင်​​လောက်​​အောင်​ မုန်းသည်​။

"မင်းဘယ်​​တေ​ရှောက်​သွား​နေတာလဲ"

ပန်းချီ သူနဲ့မျက်​နှာချင်းမဆိုင်​ချင်

"ဘယ်​မှမသွားဘူး"
တိုတိုတုတ်​တုတ်​​ဖြေကာ ပန်းချီ အိမ်​ထဲသာ ဦးတည်​၀င်​လိုက်​သည်​။

"မမ​လေး ထမင်း စား​တော့မာလား"

"​အေး မိတူး ငါည ဆာမှထ စားလိုက်​​တော့မယ်​"

"ဟုတ်​ကဲ့"

ပန်းချီ ပင်​ပန်းလာတာမို့ ​မွေ့ယာ​ပေါ် ပစ်​လှဲချလိုက်​သည်​။
လူပင်​ပန်းတာထက်​ စိတ်​ကပိုပင်းပန်း​နေသည်​ဟုထင်​သည်​။

"ရှင့်​ကို ကျွန်​မနှလုံးသားက အမှန်​အကန်းမုန်းပစ်​ချင်​တာ​တော့
အမှန်​ ..ဒါမဲ့.....ဒါမဲ့......ပန်းချီ ရှင့်​ကို မုန်းလို့မရဘူး"

ကောင်း​တော့မ​ကောင်းဘူး သည်းခံဖတ်​​ပေး😁တိုလဲတိုတယ်​😝😁😁

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by khnatminphyo from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

This post has received a 0.14 % upvote from @drotto thanks to: @khantminphyo.