ဘယ်လိုလူမှုဆက်ဆံရေးမျိုးမဆို ...
မိဘ နဲ့ သားသမီး ...
ဆရာ နဲ့ တပည့်တွေ ...
အလုပ်ရှင် နဲ့ အလုပ်သမား ...
သူငယ်ချင်းမိတ်ဆွေ အချင်းချင်းကြား ...
ချစ်သူတွေ ...
ဇနီးမောင်နှံတွေ စသည်ဖြင့်ပေါ့လေ ...
ယုံကြည်မှုလေးတစ်ခါပျက်ကြည့် ...
ပြန်လည်တည်ဆောက်သည့်တိုင် ...
နဂိုအတိုင်းဖြစ်လာဖို့မလွယ်တော့ဘူး.
အောင်ကျပါစေလို့ရေးရင် အောင်လို့အဖျားဆွတ်ခေါ်တဲ့သူစာမေးပွဲကျပါစေလို့ကျိန်စာတိုက်တဲ့သဘောသက်ရောက်တယ်
အောင်ကြပါစေဆိုမှ အောင်မြင်အောင်ဆုတောင်းပေးတဲ့သဘောဖြစ်မယ်
'မဲ့'၊'မယ့်'
မဲ့ က မဲ့ရွဲ့သည်၊မပြည့် ဆိုတဲ့သဘောပါ
မယ့်က ဒါပေမယ့် ဆိုတဲ့စကားလုံးမှာသုံးတယ်
အပြောဘာသာစကားမှာ 'မည့်' နဲ့အဓိပ္ပါယ်အတူအဖြစ်သုံးတယ်
မဖြစ်သေးတာကိုခန့်မှန်းပြောတဲ့အခါမှာသုံးတယ်
အရေးမှာ ထိုးမည့်ဆင်နောက်တစ်လှမ်းဆုတ်၊ အပြောမှာ ထိုးမယ့်ဆင်နောက်တစ်လှမ်းဆုတ်လို့ အသံထွက်တယ်
အဲ့ဒီတော့ ဒါပေမဲ့တို့ ပြောချင်ပေမဲ့ လုပ်ချင်ပေမဲ့ဆိုတာမျိုးတွေတော့ မရေးကြပါနဲ့လားကွယ် ကြည့်ရဆိုးလွန်းလို့ပါ
ကျောက်ချောခေတ်မှာ အိုးဖုတ် တတ်ပြီ။
အုတ်ဖုတ်တတ်ပြီ။
ဒါတင်မက ဆေးတံသောက်ပြီး ဇိမ်ယူတတ်ပြီလို့ပါ ပြောရမလား။
ဆီကိုရေချိုး ဆေးရိုး မီးလှူံ တဲ့။
ကျောက်ချောခေတ်မှာ ဆေးတံသောက်ပြီး ဇိမ်ခံတတ်တာလား။
ဆေးတံက ပျူဆေးတံတွေ။
ပျူခေတ်အထိ ကျောက်ချောတွေ ထွန်းကားဆဲလား။
ဆရာကျောင်းတို့ မုံရွာ မိုးကြိုးပြင် ကျောက်ခေတ်ကြီးကတော့ ကြေးနီစီမံကိန်းထဲ ဝမ်းနည်းဖွယ်ရာ ပျောက်ဆုံးသွားပြီ ထင်။
• • • နှစ်သစ်ဆုတောင်း • • •
အမြင်ကျဉ်းမြောင်း၊ စိတ်ကျဉ်းမြောင်း၍
တွင်းအောင်းရသည့်ဘဝမှ လွတ်ပါစေ။
စိတ်ဓာတ်သေးနုပ်၊ ဉာဏ်သေးနုပ်၍
ချုပ်ချယ်မှုအမျိုးမျိုးမှ လွတ်ပါစေ။
တို့အချင်းချင်း၊ ခေါင်းထက်နင်း၍
သိမ်ဖျင်းလုပ်ဇာတ်၊ စိတ်ယုတ်ပတ်နှင့်
ပုတ်ခတ်ကြသည့်ဘဝမှ လွတ်ပါစေ။
သူကမမှန်၊ ငါကမှန်ဟု
တစ်ယူသန်စွဲ၊ စိတ်သေးဖွဲနှင့်
ငရဲဘဝမှလည်း လွတ်ပါစေ။
သူ့ဂုဏ်ကိုချ၊ ကိုယ့်ဂုဏ်ပြကာ
မာနစကား၊ တဖွားဖွားနှင့်
အမှားကမ္ဘာမှလည်း လွတ်ပါစေ။
မကောင်းမှုခင်၊ ကောင်းမှုကြဉ်သည့်
ဉာဉ်ဆိုးဉာဉ်မိုက်၊ မီးပုံမြှိုက်၍
ငိုရှိုက်ရခြင်းမှလည်း လွတ်ပါစေ။
နှစ်သစ်မြတ်ဆု၊ ဤကောင်းမှုကြောင့်
သာဓု သာဓု ခေါ်စေသော် ။ ။
ဆရာကြီးတင်မိုး
ပျူတွေ ဘယ်ရောက်သွားပြီလဲလို့ ကျနော် မမေးဝံ့ပါ။
မြောက်ဘက် ကချင်ပြည်နယ်မှသည် တောင်ဘက် တနင်္သာရီ ထားဝယ်အထိ အင်တိုက်အားတိုက် များပြားလှသည့် ကျောက်ချောခေတ်က လူတွေ ဘယ်ရောက်သွားသလဲ။
ငါ့ကိုသာယုံကြည်ကိုးကွယ်ကြရမည်။
ငါပြောသည့်အတိုင်းသာပြုလုပ်ကြရမည်။
ငါ့ကိုမယုံကြည်လျှင် အပြစ်ရှိသည်။ ငရဲ သို့ ကျရောက်စေရမည် "
ဟု ခြိမ်းခြောက်ဟောပြော၍
လူစုနေချိန်တွင်…
“ဗုဒ္ဓ” က…
“ငါပြောတာကိုလည်းရမ်းပြီးမယုံလိုက်ပါနဲ့ဦး။
ဆင်းရဲဒုက္ခငြိမ်းအေးပြီး ချမ်းသာသုခကိုဖြစ်စေတဲ့ …
သစ္စာ(၄)ပါး၊ မဂ္ဂင်(၈)ပါး တရားဓမ္မကို ဦးစွာကျင့်သုံးပြီး ကိုယ်တိုင် ပစ္စုပ္ပန်မှာ လက်တွေ့
သဘာဝကျကျ အကျိုးခံစားရမှ ယုံယုံကြည်ကြည်နဲ့လက်ခံကြပါ " ဟု
ဟောကြားရဲခြင်းသည်။
ဓမ္မ၏မြင့်မြတ်မှန်ကန်သော ဂုဏ်တော်တစ်ရပ်ပင်ဖြစ်ပြီး၊ ကမ္ဘာပေါ်ရှိ ဘာသာအယူဝါဒမျိုးစုံတို့
အတွက် “ အံ့သြတုန်လှုပ်ဖွယ် မိန့်ခွန်းတော်တစ်ရပ် ” ပင်ဖြစ်ပေတော့သည်။
Congratulations! This post has been upvoted from the communal account, @minnowsupport, by k017 from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.