အစိမ်း​သေမနှင့်​ပီယ​ဆေး

in #esteem7 years ago

ရေးတာနည်းနည်းကြာသွားတယ်
image
Credit:photo
{အစိမ်းမနှင့်​ပီယ​ဆေး}

"ည​နေကမှ​တောင်​ကျ​ချောင်း​လေးမှာမြို့က​ဈေးဝယ်​ပြီးပြန်​လာကြတဲ့ထားခင်​တို့တစ်​သိုက်​ရွာကိုအပြန်​....

"ဖိုးတဖွားဖွားရွာ​နေတုန်း​ချောင်းကအဖြ​တ်​မှာမိုးကြိုးပစ်​လိုက်​တာ........

"ထားခင်​"...​အေးမူ...."ချိုချိုသန်းတို့အ​နောက်​က...တဖြည်းဖြည်းချင်းလာ​နေတဲ့..."ဝင်းသန်း"..ကိုမိုးကြိုးပြစ်​ချလိုက်​တာ.......

"တုန်းခနဲ...ပြစ်​လဲကျသွားပြီး
တစ်​ကိုယ်​လုံးမဲတူးချိတ်​ပြီး​သေဆုံးသွားတာမို့......

"ရွာရဲ့ထုံးစံအရ...အစိမ်း​သေကိုရွာထဲအယူမခံပဲ...

နေ့မကူးခင်​ည​နေဘက်​....
သင်္ချိုင်း မှာ​မြေမြုပ်​လိုက်​ကြတယ်​"

"ဒီသတင်းကို....ရွာနားနီး....
ဟိုး​လေးတစ်​​ကျော်​​ကျော်​နဲ့သိရှိသွားကြပြီး......

စိတ်​မ​ကောင်းရုံသက်​သက်​သာဖြစ်​​နေကြသလို.....

"ရွာဦး​ကျောင်းက"ကိုရင်​"
တစ်​သိုက်​က​တော့

အစိမ်း​သေမ၏သနပ်​ခါးနှင့်​​ဆေး​ဖော်​ရန်​ပင်​....

ထို​ဆေးကိုအစာထဲတွင်​ခပ်​ကာ​ကျွေးလျှင်​​ဆေးမိသူသည်

အင်​မတန်​မချစ်​တတ်​ပြီး နှစ်​​ပေါင်းရာ​ကျော်​ထိ​ဆေးမပျယ်​တတ်​​ပေ

"အများနဲ့မတူတမူထူးခြားစိတ်​ဝင်​စား​နေကြတယ်​"

"ကိုရင်"ပဏ္တိက.."ဟိုဒကာမသတင်းကြားပြီးပြီလား...

ဒီချိန်​က​ဆေး​ဖော်​လို့အ​ကောင်းဆုံးပဲ

"ကြားပြီးပြီးကိုရင်​...စန္တိမာ...
ဘုန်းကြီး နားသွားပြီးအပူကပ်​ကြရင်​​ကောင်းမယ်​နဲ့တူတယ်​"

"ဒါဆိုလည်းဘုန်းကြီးဆီသွား​လျှောက်​တင်​ကြရ​အောင်​"

"ဘုန်းဘုန်းဘုရား"

"​ဟေ....ကိုရင်​တို့မအိပ်​ကြ​သေးဘူးလားကွယ့်​..."

"တပည့်​​တော်​တို့..ဘုန်းဘုန်းဘုရား ကို​လျှောက်​တင်​စရာရှိလို့ပါဘုရား"

"ဟိုဒကာမ​လေး"ဝင်းသန်း"
ဒီ​နေ့ညအသုဘချ​မြေမြုပ်​မယ်​တဲ့ဘုရား......

"အဲ့ဒါတပည့်​​တော်​တို့လာ​လျှောက်​တာပါဘုရား.....

"တစ်​ပတ်​မပြည့်​ခင်​တပည့်​​တော်​တို့ပီယ​ဆေး​ဖော်​ချင်​ပါတယ်​ဘုရား....

"အရှင်​ဘုရား​ပြောသလိုအစိမ်း​သေအပျိုကရှာရခက်​တာ...

အခု​တော့.....အဆင်​သင့်​ဖြစ်​ပြီဘုရား.....

"​အေး...ကိုရင်​ကြီးတို့.....
ဒါမျိုးကသတ္တိရှိမှ....စွန့်​စားရဲမှ
ကိုရင်​တို့ရ....

"အတိမ်း​​စောင်းမခံဘူး​လေ...
တစ်​ခုခုဖြစ်​ရင်​....ဆရာ​တော်​ဘုရားဦးဇင်းကိုအပြစ်​တင်​လို့ဆုံးမှာမဟုတ်​ဘူး.......

"ကိုရင်​တို့ကို"အရှင်​ဘုရားစိတ်​မပူပါနဲ့"

"တပည့်​​တော်​တို့ကမ​ကြောက်​မလှန့်​တတ်​သလို..

"အရှင်​ဘုရားထိုး​ပေါက်​ထားတဲ့​ဆေး​တွေ​ကြောင့်
ဘာကိုမှမ​ကြောက်​ပါဘုရား"

"မစိုးရိမ်​ပါနဲ့ဘုရား.....
တပည့်​​တော်​ရယ်​......ကိုရင်
ပဏ္တိက ရယ်​...ကိုရင်​ပညာသာမိကလည်းလုံးဝမ​ကြောက်​ပါဘုရား..."

"သ​လောက်​​တောင်​စိတ်​အားထက်​သန်​​နေမှ​တော့သွားကွယ်​.သွားသွား"

"ဒါမယ့်​သတိဝရိယရှိဖို့​တော့လိုမယ်​​နော်​.....

"မှန်​လှပါဘုရားတပည့်​​တော်​တို့စစရာရာဂရုစိုက်​ပါ့မယ်​"

"ကယ်​..အချိန်​လင့်​​နေဦးမယ်​သွားကြ...သွားကြ"

"သို့နှင့်​"
"တစ်​ခု​သောညရဲ့.......
သင်္ချိုင်း ထဲကဇရပ်​ပျက်​ထဲမှာ

"လပြည့်​ညရဲ့အလင်း​ရောင်​နဲ့အတူ.........

ဘုန်းကြီးတစ်​ပါးနဲ့.....ကိုရင်​သုံးပါးတို့လုပ်​ငန်းစဖို့အဆင်​သင့်​ဖြစ်​​နေပြီ.......

"ညဆို​တော့သိတဲ့တိုင်းပဲ"

သင်္ချိုင်း မှာဆို​တော့ပိုဆိုး​ရော​ပေါ့......

"​​ခွေး​တွေကလည်းအူ.....
ကျီးအာသံ....​တွေကညသန်း​ခေါင်​ယံအချိန်​ထိစိုးမိုး​နေတုန်း"
သွားရင်းနဲ့အရိုး​ခေါင်း​တွေနင်းမိလိုနင်းမိနဲ့

"အူး....ဝူး.....ဝူး........
"အူး.......ဝူး......ဝူး.....

"ကယ်​"ကိုရင်​တို့ပ္စည်း​တွေအစုံပါတယ်​​နော်​...."

"​ပြောထားတဲ့အတိုင်းကိုယ့်​တာဝန်​နဲ့ကိုယ်​သွက်​သွက်​လက်​လက်​လုပ်​ကြ"

"ကယ်​အသင့်​ဖြစ်​ပြီ.....
ပြောထားတဲ့အတိုင်းတာတာဝန်​ကိုယ်​စီယူကာ..

"ဘုန်းကြီးမှဦး​ဆောင်​၍ဇရပ်​ထဲကထွက်​လာပြီး.........

တစ်​ခု​သော​မြေပုံလတ်​လတ်​ဆတ်​ဆတ်​နားသို့ရပ်​လိုက်​သည်​.....

"တစ်​ပြိုင်​နက်​တည်း ကိုရင်​တစ်​ပါးစီလျှင်​မြန်​စွာ...

ဖျာကြမ်းခင်း....ချည်​မန်းကြိုးတားသူတားနှင့်​.......

"​ကယ်​...ကိုရင်​တို့စကြမယ်​....

"အင်းလိတ်​​တွေလက်​​မောင်းမှာချည်​ထားကြ......

ဘာကိုပဲမြင်​မြင်​​တွေ့​တွေ့မ​ကြောက်​ကြနဲ့

ဘာ​ကောင်​ပဲ​တွေ့​တွေ့....
ဒီဆန်​မန်း​တွေကိုင်​ထား....

"ဘာ​ကောင်​ပဲကပ်​ကပ်​....
ဒီဆန်​မန်းနဲ့သာ​ပေါက်​လိုက်​ကြားလာ.....

"တင်​ပါ့ဘုရား"

ထိုချိန်​မှာပဲ......ညှီစုတ်​စုတ်​နံ့တွေနှာ​ခေါင်းထဲဝင်​လာလိုက်

နံလိုက်​တာကွာ....

"တကယ်​ပုတ်​နဲ့ကြီးဟ"

သူတို့တီးတိုး​ပြော​နေချိန်​မှာပဲ..

"ဘုန်းဘုန်းက​မြေပုံကိုလက်​ညှိုးထိုး....
တောက်​​ခေါက်​၍အမိန့်​​ပေး​နေ​သောအခါ.....

"​မြေပုံမှအ​လောင်း​ကောင်​ကတဖြည်.ဖြည်း...ချင်းငုတ်​တုတ်​ထထိုင်​လိုက်​တယ်​"

ကိုရင်​သုံးပါးကမ​ကြောက်​တတ်​​ပေမယ့်​ခုလိုအစိမ်းမကငုတ်​တုတ်​ထထိုင်​တာကို.

မြင်​​တော့မ​ကြောက်​တတ်​​ပေမယ့်​ကြက်​သီးဖျန်းဖျန်းထကာ......

"တစ်​ပါးနှင့်​တစ်​ပါးပူးကပ်​စွာထိုင်​လိုက်​ကြတယ်​"

"ရင်​​တွေလည်းတဒိန်းဒိန်းခုန်​.
ဒူး​တွေတုန်​ကာ...ငါတို့​တော့လာမိတာမှားပြီထင်​တယ်

"​နောင်​တရမိသလိုဦးဇင်းကြီး​ထိုး​ပေးထားတဲ့​ဆေး​တွေ...
လက်​ဖွဲ့​တွေ...

ဦးဇင်းကြီးလည်းအတူရှိ​နေတာပဲ.......

"ကိုရင်​ချင်းကြည့်​ရင်းမ​ကြောက်​ပါဘူးကွာ....

ပြော​နေရင်းမှာပဲ.....

သင်္ချိုင်း ထဲမှသစ်​ပင်​ကြီးများက​လေမတိုက်​ပဲပျင်းထန်​စွာလှုပ်​ခတ်​​နေတဲ့အပြင်

ရွာဘက်​ရှိ​နေတဲ့​ခွေး​တွေ​....

သင်္ချိုင်း နားမှာရှိတဲ့​ခွေးအူသံ​တွေနဲ့....

အူး........ဝူး......ဝူး.......
အူး.........ဝူး.......ဝူး.....

ခွေးအူသံများကအသဲချမ်းစရာ​ကောင်းလှသည်​.....

ထိုချိန်​မှာပင်​....

ဦးဇင်းကြီးဆီမှအသံဟိန်း၍

"​ဟေ့သင်္ချိုင်းက....အကြီးဆုံး..
အ​စောင့်​နှင့်​သရဲများ

ငါတို့လိုအပ်​၍​ဆေး​ဖော်​တဲ့အခါသင်​တို့မ​နှောက်​ယှက်​ပဲကူညီကြပါ.....

"ငါတို့​ဆေး​ဖော်​တာ​အောင်​မြင်​ရင်​သင်​တို့ကိုအလှူပြု၍....
ကျွေး​မွေးမည်​.....

"သင်​တို့နာခံကြ....
မ​နှောက်​ယှက်​ပဲ​နေကြကုန်​အံ့

"ငါဆရာအမိန့်​သိကြားမြင်​​စေရမယ်​"

ဦးဇင်းကြီးမာန်​ပါပါနဲ့.....
တောက်​"တစ်​ချက်​​ကို

ပြင်းပြင်း​ခေါက်​လိုက်​​တော့...

ယိမ်းယိုင်​​နေတဲ့သစ်​ပင်​များ..

အူ​နေ​တဲ့​ခွေးများ.....မှအစ
တိတ်​ဆိတ်​ ငြိမ်​သက်​သွား​တော့တယ်​.....

"အဲ့ချိန်​မှ..."ကိုရင်​"သုံးပါးသက်​ပြင်းပြိုင်​တူချနိုင်​ပြီး......

"စိတ်သစ်​များဝင်​လာ​တော့မှစိတ်​ရဲကြ​တော့တယ်​"

"ကဲ....ကိုရင်​"တို့ပါလာတဲ့ပစ္စည်း​တွေကိုထုတ်​ကြ​တော့"

"တင်​ပါ့ဘုရား "

"ကိုရင်​တစ်​ပါးချင်းစီမှ....
သနပ်​ခါး.. ....​ကျောက်​ပြင်

ရေတစ်​ဖလား..ယပ်​​တောင်
သွားပွတ်​တံ တို့ကိုဦဇင်းကြီးအား​ပေးလိုက်​​တော့....

ဦးဇင်းကြီးမှ.....အစိမ်း​သေမ​ရှေ့ချ​ပေးရင်း...

"​ဟေ့....ငါဆရာအမိန့်​နဲ့သနပ်​ခါးလိမ်းစမ်းခုလိမ်းထူထူလိမ်း

"အစိမ်း​သေမမှာတုံ့ဆိုင်းမ​နေ​တော့ပဲသနပ်​ခါးတုံးကိုယူ

ရေထည့်​....သွက်​လက်​စွာနဲ့​သွေး​နေ​တော့တယ်​.....

"တိတ်​ဆိတ်​​နေ​သော....
သင်္ချိုင်းပတ်​ဝန်းကျင်​မှာ....

"အစိမ်း​သေမရဲ့......
သနပ်​ခါး​သွေးသံတရှဲရှဲသာကြား​နေရ​တော့တယ်​...

အစိမ်း​သေမက.....
သနပ်​ခါး​သွေးလိုက်​တိုင်း...

ဦးဇင်းက​ရေဖလားကိုင်​ကာတတွတ်​တွတ်​မန်းမုတ်​ရင်း​​ကျောက်​ပြင်​ထဲ​ရေမန်းများချ​ပေးလိုက်​နဲ့

လ​ရောင်​​အောက်​မှာ​တော်​ရုံတန်​ရုံအသည်းငယ်​သူများအဖို့....

မူး​မေ့သွား​စေနိုင်​သည်​....

အတန်​ကြာ​သွေးပြီး....

သနပ်​ခါးအရည်​အနှစ်​များ..
များများလာ​တော့...

ဦးဇင်းကြီးမှ.....
ကယ်​ကိုရင်​တို့ပန်းယူ​ပေးကြ

ကိုရင်​မှအဆင်​သင့်​ခူးလာ​သော​ခေါင်​ရမ်းပန်းအနီအားဦးဇင်းလက်​ထဲသို့ထည့််​​ပေးလိုက်​​တော့

ဦးဇင်းက...အစိမ်း​သေမအား​ပေးရင်းအမိန့်​ပြန်​​လေသည်​...

"ဟဲ့အစိမ်းမ...
နင့်​နားမှာပန်​....သနပ်​ခါးလိမ်း

"အန်​တုဗလမပြုနဲ့....
ဆရာခိုင်းတိုင်းနာခံအစိမ်းမ

ထိုချိန်​မှာပင်​.. .....
အစိမ်းမကမျက်​​တောင်​မခတ်

ရုပ်​​သေကြီးနဲ့...ဦးဇင်း​ပေးတဲ့​ခေါင်​ရမ်းပန်းကိုလက်​နှစ်​ဖက်​နဲ့ယူ​ခေါင်းမှာပန်​ပြီး....

သနပ်​ခါးကိုဇိမ်​​ပြေနှစ်​​ပြေလိမ်း​နေ​တော့တယ်​....

"ဟဲ့အစိမ်းမလက်​တစ်​ဖက်​ကယတ်​​တောင်​ခပ်​...

"လက်​တစ်​ဖက်​ကလိမ်း...
လက်​တစ်​ဖက်​ကယပ်​​တောင်​​ခပ်​​နေ​လေရာ...

လေတိုက်​တိုင်းအစိမ်းမဆီကသနပ်​ခါးနံ့သင်းသင်းက​မွှေးပျံ့လို့​နေ​တော့သည်​....

တ​အောင့်​ကြာ၍....

သနပ်​ခါးမ​ခြောက်​တစ်​​ခြောက်​အချိန်​​ရောက်​​သောအခါ

ဦးဇင်းကြီးမှ သနပ်​ခါးကို..
သပွတ်​တံဖြင့်​.....

ကော်​ဗူးအလွတ်​ထဲခြစ်​ချခိုင်း​သောဟန်​ဖြင့်​.......

ဂါထာမန္တာန်​များရွတ်​ကာအမိန့်​​ပေး​သောအခါ....

"အစိမ်း​သေမမှ.....
မျက်​လုံးစိမ်းကြီးဖြင့်​ကြည့်​ကာ

မခြစ်​ချလိုဟန်​နဲ့....
ဦးဇင်းကြီးအားဂျစ်​ကန်​ကန်​ကြည့်​​နေ​လေ​တော့တယ်​...

လ​ရောင်​​အောက်​မှာအစိမ်းမရဲ့မျက်​လုံးစိမ်းကြီးနဲ့ကြည့်​​နေတာကိုရင်​သုံးပါးလုံး

မြင်​​တွေ့ကာ​ကျောချမ်း​နေကြသည်​....

ထိုခါဦးဇင်းကြီးမှ...

ဟဲ့အစိမ်းမ.. ..
သနပ်​ခါးခြစ်​ချဆိုတာကို...

ငါ့ကိုအန်​တုပြီးကလန်​ကဆန်​လုပ်​​နေတာလာ......

ဦးဇင်းကြီး​ဒေါသထွက်​​ပေါက်​ကွဲ​လာ​တော့တယ်​....

နင့်​ကိုဒီတိုင်းထားလို့မရ​တော့ဘူး....

ပညာ​ပေးမှရ​တော့မယ်​..ဆိုပြီး
တောက်​​ခေါက်​​တော့မှ....

"အစိမ်း​သေမမှဦးဇင်းကြီးအားကြည့်​ကာသနပ်​ခါးကိုခြစ်​ချ​ပေး​တော့တယ်

ထို့​နောက်​....

သနပ်​ခါးများကုန်​​အောင်​ခြစ်​ချပြီး​သောအခါ.....

ဦးဇင်းကြီးမှသနပ်​ခါးမှုန့်​ဗူးကိုပိတ်​.....

ပစ္စည်းများကိုသိမ်းပြီးလျှင်
ကိုရင်​တို့ဦးဇင်း​ပြောတာမ​မေ့နဲ့.....

"အစိမ်း​သေမဘက်​လှည့်​၍အစိမ်း​သေမအားအမိန့်​ပြန်​​ပေး​လေသည်​.....

ဟေ့အစိမ်းမ.....
ရှေးကံမ​ကောင်းလို့နင်​​သေရ​ပေမယ့်​....

ခုချိန်​ကစပြီးနင့်​ကိုဘယ်​သူမှချုပ်​ပြီးမ​မွေးနိုင်​​စေရ

မခိုင်းနှိုင်း​စေရငါအာဏာမွက်​လိုက်​သည်​......

နင်​အိပ်​စက်​လှဲ​လျောင်းရာ​မြေပုံထဲကိုနဂိုအတိုင်းဝင်​​ပေ​တော့.....

ရက်​လည်​အလှူဒါနနင်​ရ၍
ကောင်းမြတ်​မွန်​ရာနင့်​ဘဝကိုလှစ်​ခနဲပြန်​​တော့​နေ​တော့....

ငါတို့လည်းနင့်​ကို​မေ့မယ်​....

နင်​လည်း​မေ့၍အဆက်ပြတ်​​စေဆိုပြီး......

ဦးဇင်းကြီးမှ မာန်​နဲ့ထန်​နဲ့ဟိန်း​ဟောက်​လိုက်​​သောအခါ.....

အစိမ်းမလည်းတဖြည်းဖြည်းနဲ့မီးခိုးသဏ္ဍာန်​​မြေပုံထဲသို့​ပျောက်​ဝင်​​လေ​တော့သည်​...

ကယ်​ကိုရင်​တို့လက်​စကို​ဖျောက်​...

တင်​ပါ့ဘုရား

ချည်​မန်းကြိုးများဖြုတ်​ကာဖျာလိတ်​ပြီးသည်​နှင့်​....

ဦးဇင်းကြီးမှ အမိန့်​ပြန်​​လေ​တော့သည်​.....

သင်္ချိုင်း​စောင့်​နှင့်​သင်​၏အ​ပေါင်းအပါများ.....

ကျွန်ုပ်​တို့​ကျွေး​မွေးသည်​ကိုစားကြ​သောက်​ကြ​လော့

ငါတို့ကိုလည်း​ကောင်းမွန်​စွာသွားခွင့်​ပြု....

အသင်​တို့်​မ​နှောက်​ယှက်​ကြကုန်​လင့်​ဟုဆိုကာ....

အဆင်​သင့်​ချက်​ယူလာ​သောအမဲသားနှင့်​ထမင်းကို

ကိုရင်​များမှငှက်​​ပျောဖက်​ဖြင့်​ခင်း​ကာပုံလိုက်​ကြပြီးဦးဇင်းနှင့်​အတူ.......

သင်္ချိုင်းမှ​နောက်​လှည့်​မကြည့်​ပဲခပ်​တုတ်​တုတ်​ထွက်​လာကြသည်​.....

အ​နောက်​ဘက်​ဆီမှအသံများဆူညံစွာ...

လုယက်​စား​သောက်​​နေကြသလိုအသံများကအတိုင်းသားကြား​နေရတယ်​....

ထိုခါဦးဇင်းကြီးမှ.. ..

ကိုရင်​တို့မြန်​မြန်​သွက်​သွက်​​လျှောက်​ကြဟုလက်​တို့ကာသတိ​ပေးလိုက်​တယ်

ကိုရင်​သုံးပါးလည်းဦးဇင်းကြီးရဲ့​ခြေလှမ်းကြဲ​နောက်​ကိုအမှီ​ပြေးလိုက်​ရင်း....

ရွာသင်္ချိုင်းအစပ်​ကို​ရောက်​သည်​နှင့်​.....

အ​နောက်​က​နေလူအုပ်​ကြီးအသံဖြင့်​....

လိုက်​​ဟေး.......လိုက်​ဟ...

အသံကြီးကြားလိုက်​​လေရာ...
ဦးဇင်းကြီးမှ....

ကိုရင်​တို့ရွာကို​ရောက်​​အောင်​သာ​ပြေးကြ​ပေ​တော့.....

အ​နောက်​ကိုလုံးဝလှည့်​မကြည့်​နဲ့​တော့ဆိုပြီး​ပြေးခိုင်း​လေရာ.....
ဦးဇင်းနှင့်​ကိုရင်​သုံးပါး ဖ​နောင့်​နှင့်​တင်​ပါးတစ်​ထပ်​တည်းကျ​အောင်​​ပြေး​လေ​တော့သည်​...

ကျောင်းနှင့်​သချိုင်းကအလှမ်း​ဝေးသည်​မို့...

အသံကြီးကြားတိုင်းအမဲ​ခြောက်​တစ်​ထစ်​ပြစ်​ချခိုင်း​လေရာ....

နောက်​ဆုံတစ်​ထစ်​လည်းကျန်​​တော့​ကျောင်းဝင်းအစပ်​ကို​ရောက်​​လေရာ..

ထိုအခါအသံ​တွေလည်းနီးလာ​လေရာ..

ကယ်​​ရော့ကွာတစ်​တုံးပဲကျန်​တာ......

ထိုအခါမှအ​နောက်​က​နေဆက်​လိုက်​လာသံမကြားရ​တော့ပဲအမဲ​ခြောက်​ကိုသာလုယက်​စား​သောက်​​နေ​တော့တယ်​......

ဦးဇင်းနှင့်​ကိုရင်​သုံးပါးကျောင်းဝင်းထဲသို့အမြန်​​ပြေးဝင်​​တော့တယ်​...

"ခုမှပဲသက်​ပြင်းချနိုင်​​တော့တယ်​"

တစ်​ပါးနဲ့တစ်​ပါးကြည့်​လိုက်​ရယ်​လိုက်​​မောလိုက်​နဲ့....

ရွဲရွဲစို​နေတဲ့သင်္ကန်းကိုလှဲကာအ​မော​ဖြေ​နေချိန်​မှာပဲ....

ကျောင်းဝင်းအပြင်​ဘက်​မှ....

"ငါတို့ပစ္စည်းပြန်​​ပေး.......
ငါတို့ပစ္စည်းပြန်​​ပေး.. ......

ကြောက်​စရာအသံကြီးများထပ်​ကြားရ​တော့....

ကိုရင်​များပျာပျာသလဲထ၍​ကျောင်းတံခါးကိုပိတ်​...
မီးမှိတ်​၍ ..သင်္ကန်းနှင့်​​ခေါင်းမူးခြုံ​နေ​နေ​တော့တယ်​.....

"ဒီလိုနှင့်​အတန်​ကြာ​တော့....

ရောင်​နီ​လာ​တော့........
တံခါး​ပေါက်​သံကြားရ​သောအခါ......

ဆွမ်းခံကြွရန်​လာ​ခေါ်ခြင်းပါ.

ဦးဇင်းနှင့်​ကိုရင်​သုံးပါး လည်း​နေမ​ကောင်းချင်​ဟန်​​ဆောင်​၍..

ခုနှစ်​ရက်​လုံးလုံး​ကျောင်းထဲတွင်​သာ​အောင်း​နေ​တော့တယ်​.....

အဘယ်​​ကြောင့်​ဆို​သော်​....

သင်္ချိုင်း​စောင့်​နှင့်​သူ၏အ​ပေါင်းပါများကမ​ကျေနပ်​၍​စောင့်​​နေမှာကိုသိ​သော​ကြောင့်​ပင်​..

သူတို့ပစ္စည်းကို​စောင့်​ယူရင်းရန်​ပြုမှာကို​ကြောက်​ရသည်​...

ခုနှစ်​ရက်​ပြည့်​​တော့မှ....

သင်္ချိုင်း​စောင့်​နှင့်​သူ၏အ​ပေါင်းပါများလက်​​လျှော့၍ပြန်​သွားကြ​လေရာ.....

အစိမ်းမဆီက​ဖော်​စပ်​ယူလာ​သောပီယ​ဆေးအားခွဲယူကြကာ....

"ကယ်​...ကိုရင်​တို့....
တစ်​​ယောက်​စီခွဲတန်းချပြိီိးယူကြ....

ဦးဇင်းကြီးက​တော့တခြား​ကျောင်းသို့ကြွ​နေမယ်​....

ကိုရင်​သုံးပါးထဲမှနှစ်​ပါးကလူထွက်​ကာအိမ်​​ထောင်​ပြုကြကုန်​တယ်​...

ကျန်​တစ်​ပါးကိုရင်​ကြီးမှာခုချိန်​ထိဝါ​တော်​ရဘုန်းဘုန်းအဖြစ်​တည်​ရှိ​​နေကာ...

ပီယ​ဆေးအားသူနှင့်​ခင်​မင်​ရင်းနှီးတဲ့ဒကာများကိုသာခွဲ​ဝေ​ပေး​တော့တယ်​....

     အားလုံးကို​လေးစားလျက်

             {မိငဲ}
Sort:  

ကြောက်စရာကြီး

တော်ချက်

ပျင်းလို့ဖတ်ဘူး

မလုပ်ကောင်းတာတေ
အဲလိုမျိုးတေက