ရင့်​ကျက်​​အောင်

in #esteem6 years ago

လူဆိုတာ ​နေရာတကာမှာ ကိုယ့်​စိတ်​ကို

ရှေ့တန်းတင်​​နေလို့ မဖြစ်​ဘူး​လေ

သူများဖြစ်​ချင်​တာနဲ့ ကိုယ်​ဖြစ်​ချင်​တာကြားမှာ

သူ့ဘက်​ကိုယ့်​ဘက်​ မျှကြည့်​ပြီး လုပ်​ကိုင်​တတ်​မှ

မှန်​ကန်​တဲ့ ဆက်​ဆံ​ရေး ၊ ​ရေရှည်​တည်​မြဲ​စေမယ့်

ဆက်​ဆံ​ရေးဖြစ်​လာမှာပါ။



လူတစ်​​ယောက်​က အမြဲ စိတ်​ရှည်​သည်းခံဖို့ဆိုတာ

မလွယ်​ကူပါဘူး သည်းခံသင့်​တဲ့ကိစ္စကို

သည်းခံပြီး နားလည်​​ပေးသင့်​တာကို

နားလည်​​ပေးမှ လူတစ်​​ယောက်​နဲ့​တစ်​​ယောက်​ကြား

အဖုအထစ်​ အကြိတ်​အခဲ​တွေကို ကာကွယ်​ရာ

ရောက်​မှာပါ။



လူ့သဘာဝက အရမ်းခံစား​နေတဲ့အခါ

အခြားတစ်​​ယောက်​ကို ရင်​ဖွင့်​ဖို့ကြိုးစား​နေတတ်​ပါတယ်

ဒါ​ပေမယ့်​ ကိုယ့်​ရင်​ဖွင့်​သံ​တွေကို

အခြားတစ်​​ယောက်​က အမြဲတမ်းနား​ထောင်

နှစ်​သိမ့်​​ပေးဖို့်ဆိုတာ မလွယ်​ပါဘူး

ကိုယ့်​ခံစားချက်​​တွေကို မြိုသိပ်​တတ်​တဲ့ အ​လေ့အကျင့်

လုပ်​မထားရင်​ ရင့်​ကျက်​တဲ့သူတစ်​​ယောက်

ဖြစ်​မလာနိုင်​ပါဘူး။
image

လူတချို့်​က ထစ်​ခနဲဆို မျက်​ရည်​ကလွယ်​တတ်​ပြီး

ကိစ္စ​သေး​သေး​လေး​တွေကအစ ပုံကြီးချဲ့ကာ

အနုစိတ်​ ခံစား​နေတတ်​ကြတယ်

လဲ​တော့မယ့်​ သစ်​ပင်​ကို ​လေလည်းခက်​ပြင်းပြင်း

တိုက်​​ရော မထိန်းနိုင်​မသိမ်းနိုင်​ လဲကျသွားတတ်​ပါတယ်

ဖြစ်​နိုင်​ရင်​ ပြဿ နာ ​သေး​သေး​လေးကစပြီး

ခံနိုင်​ရည်​မြင့်​မား​အောင်​ ကြိုးစားထားသင့်​ပါတယ်​။



လူတချို့်​က တစ်​​ယောက်​တည်း​နေရတဲ့ အချိန်​​တွေမှာ

အားငယ်​စိတ်​ကြီးစိုးလာတတ်​ပါတယ်

အားငယ်​စိတ်​ကြီးစိုးတိုင်း အခြားတစ်​​ယောက်​ကို

အားကိုးချင်​စိတ်​ ဖြစ်​လာတတ်​ပါတယ်

အားကိုးစရာရှိလို့ အားကိုးမိတာ ပြဿ    နာ မရှိ​ပေမယ့်

အားကိုးစရာ မရှိတဲ့အချိန်​ဆိုရင်​ ဘဝဟန်​ချက်

ပျက်​သွားတတ်​ပါတယ်

သူများကို အားကိုးချင်​စိတ်​ကို အတတ်​နိုင်​ဆုံး

မ​မွေးမိ​အောင်​ ကြိုးစားပါ။
image

လူတချို့က သူများအပူကို ကိုယ့်​အပူလုပ်​ပြီး

ဝင်​ခံစား​နေတတ်​တယ်​ ကိုယ့်​စိတ်​ထဲကို

မလိုအပ်​တဲ့ အမှိုက်​​တွေ သွန်​​နေမိရင်း

ကိုယ့်​စိတ်​အာရုံတည်​ငြိမ်​မှုကို ပျက်​ပြား​အောင်

လုပ်​​နေတတ်​ကြတယ်​ သူများအပူ​ရော

ကိုယ့်​အပူ​တွေ​ရော ပူ​လောင်​ခံရတာများလာ​တော့

စိတ်​က ရင့်​ကျက်​သန်​မာလာရမည့်​အစား

စိတ်​ဓာတ်​ကျဆင်းခြင်း​တွေ ဖြစ်​လာတတ်​ပါတယ်​။



လူတစ်​​ယောက်​က တစ်​ရက်​ပြီးတစ်​ရက်

တစ်​နှစ်​ပြီးတစ်​နှစ်​ ဖြတ်​​ကျော်​လာသည်​နှင့်​အမျှ

စိတ်​ဓာတ်​ခံနိုင်​ရည်​လည်း မြင့်​မားရင့်​သန်​လာသင့်​ပါတယ်​ ဘဝရဲ့ စိန်​​ခေါ်မှု ၊ ​သွေးတိုးစမ်းမှု ၊ မျက်​လှည့်​ပြကွက်​​တွေကို ဖြတ်​​ကျော်​ရင်း သင်​ခန်းစာယူစရာနှင့်

အတုယူစရာ​တွေကြားမှာ ​ပျော်​​အောင်​​နေတတ်​ဖို့

အ​ရေးကြီးပါတယ်​။



လောကမှာ လူသားတိုင်းကြုံ​တွေ့​နေရတဲ့ ပြဿ  နာ

တွေအားလုံးမှာ ကိုယ်​လုပ်​လို့ရတာရှိသလို

ကိုယ်​လုပ်​မရတဲ့ အပိုင်း​တွေလည်း ရှိ​နေတတ်​ပါတယ်

ကိုယ်​လုပ်​လို့ရတဲ့အပိုင်းကို အ​ကောင်းဆုံးကြိုးစားလုပ်​​ဆောင်​ပြီး လုပ်​မရတဲ့ ကိစ္စ​တွေကို မခံစားဘဲ

လက်​ခံတတ်​သွားရင်​ ရင့်​ကျက်​တည်​ငြိမ်​သူတစ်​​ယောက်

ဖြစ်​လာပြီလို့ သတ်​မှတ်​လို့ရမှာ ဖြစ်​ပါတယ်​ ။

Sort:  

@gaman, because you continue to spam the blockchain, you get a flag! Please stop.