မာန ဆိုတာ ကိုးကွယ်ဖို့တော့
မဟုတ်ဘူး
ကိုယ့်တန်ဖိုးကို ကာကွယ်တဲ့
ခြံစည်းရိုးပါ။
သည်းခံခြင်းဆိုတာ
အညံ့ခံခိုင်းတာ မဟုတ်ဘူး
ကိုယ့်သည်းခံမှုကြောင့် ပြောင်းလဲလာနိုင်သူနှင့်
ကိုယ့် ဒေါသကို အောင်နိုင်ဖို့
အတိုင်းအတာ တစ်ခုအထိ သည်းခံခိုင်းတာပါ။
အလျော့ပေးတယ်ဆိုတာ
ဒူးထောက်ခိုင်းတာ မဟုတ်ဘူး
ကိုယ့်ရဲ့ အလျော့ပေးမှုက လူတစ်ယောက်ရဲ့
ဘဝကို ကယ်တင်ရာရောက်သလို
ကိုယ့်ဘဝမြင့်မားလာအောင်
အတိုင်းအတာတစ်ခုအထိ အလျော့ပေးခိုင်းတာပါ။
ခွင့်လွှတ်ခြင်းဆိုတာ
နေရာတကာမှာ အသုံးမဝင်တတ်ဘူး
ခွင့်လွှတ်ဖို့ ထိုက်တန်သူကို ခွင့်လွှတ်ပေးလိုက်တာက
သူရောကိုယ်ပါ ငြိမ်းချမ်းပေမယ့်
ခွင့်လွှတ်ဖို့ မထိုက်တန်တော့ရင်
အပြီးတိုင် စွန့်လွှတ်နိုင်မှ ကိုယ့်နာကြည်းမှုတွေကို
ကာကွယ်ရာရောက်မှာပါ။
နောက်ဆုံး......
ဥပေက္ခာ ပြုဖို့ဆိုတာက များသောအားဖြင့်
မလွယ်ကူတတ်ဘူး
အရမ်းနာသွားရင်တော့ ဥပေက္ခာပြုနိုင်သွားတတ်တယ်
ပြောရတာလွယ်သလောက် ချစ်ခြင်း မုန်းခြင်း
ကင်းစွာဖြင့် ဥပေက္ခာပြုဖို့ကတော့ ပိုခက်ခဲပါတယ်
အကယ်၍ စစ်မှန်တဲ့ ဥပေက္ခာပြုနိုင်သွားပြီဆိုရင်လည်း
ကိုယ်ကိုယ်တိုင် ငြိမ်းချမ်းလာတာလည်း အမှန်ပါပဲ။