ချစ်တတ်လွန်းသူကြီး နပိုလီယန်
နပိုလီယန်ဘိုနာပတ်ဟာဆိုရင်တော့ ပြင်သစ်တော်လှန်ရေး ဗိုလ်ချုပ်တစ်ဦးဖြစ်ပြီး ပထမပြင်သစ်အင်ပါ ယာကြီးရဲ့ ဧကရာဇ်တစ်ဦးဖြစ်ခဲ့ပါတယ်။
ရက်စက်တတ်တဲ့နှလုံးသားနဲ့ ရည်မှန်းချက်ကြီးမားတဲ့ လူတစ်ဦးဖြစ်ပြီးပေမယ့်လည်း ဂျိုစပရင်းလို့ အမည်ရပြီး ချောမောလှပပြီး အဲဒီခေတ်အသိုင်းအဝိုင်းမှာ ရေပန်းစားခဲ့တဲ့ အမျိုးသမီးကို တွေ့ဆုံခဲ့တဲ့နောက်မှာတော့ အဲဒီအမျိုးသမီးရဲ့ပုံရိပ်တွေက သူ့ကို ညို့ယူဖမ်းစား နိုင်ခဲ့ပါတယ်။ ပြောရမယ်ဆိုရင်တော့ နယ်မြေတွေ သိမ်းပိုက်ဖို့ကိုသာ စိတ်ဝင်စားတဲ့ နပိုလီယန်ဟာ ဂျိုစပရင်းနဲ့တွေ့ပြီး အချစ်ဆိုတဲ့ အရသာကို စတင် ခံစားရခဲ့တာ ဖြစ်ပါတယ်။

နပိုလီယန်ဟာဆိုရင် ခေါင်းမာစွာနဲ့ပဲ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ပြီး အသက် (၃၂)အရွယ် တစ်ခုလပ် အမျိုးသမီး တစ်ဦးဖြစ်ခဲ့တဲ့ ဂျိုစပရင်းကို ချစ်ခွင့်ပန်ခဲ့ပြီးတော့ ၁၉၇၆ ခုနှစ်မှာလက်ထပ်ခဲ့ပါတယ်။
နပိုလီယန်ဟာဆိုရင် စစ်ရေးနဲ့ပတ်သက်တဲ့အလုပ်တွေကိုပဲ အဆက်အပြတ်ဆောင်ရွက်ဖို့ လုပ်ဆောင်နေချိန် နောက်ပိုင်းမှာ နပိုလီယန်ရဲ့အမျိုးသမီးဖြစ်သူ ဂျိုစပရင်းဟာဖောက်ပြန်တဲ့ ဇာတ်လမ်းတွေဖြစ်ခဲ့ပါတယ်။
ဒီသတင်းကို သိခဲ့တဲ့နောက်မှာနပိုလီယန်ဟာ ဒေါသအကြီးအကျယ်ထွက်ခဲ့ပြီး ကွာရှင်းဖို့အထိ တောင်းဆိုခဲ့ပါတယ်။ ဂျိုစပရင်းဟာ သူမရဲ့အမှားကိုပြန်တောင်းပန်ပြီးနောက်မှာတော့ အင်မတန် အသဲမာပါတယ်ဆိုတဲ့ နပိုလီယန်ဟာ အမျိုးသမီးဖြစ်သူကို သနားစိတ်ဝင်ခဲ့ပြန်ပါတယ်။
နောက်ပိုင်းမှာ နပိုလီယန်ဟာ သြဇာအာဏာလွှမ်းမိုးသူတစ်ဦးဖြစ်လာပြီးတော့ ၁၈၀၄ ခုနှစ်မှာ ပြင်သစ်အင်ပါယာရဲ့ ဘုရင်တစ်ပါးဖြစ်လာခဲ့ပါတယ်။ သူရဲ့နန်းမွေကို ဆက်ခံဖို့အတွက် သားတစ်ယောက် ရဖို့ကိုလည်း သူကအာရုံစိုက်ခဲ့လာခဲ့ပါတယ်။
ဒါပေမဲ့ ဇနီးဖြစ်သူ ဂျိုစပရင်းဟာ ကိုယ်ဝန်မဆောင်နိုင်တဲ့အတွက် နောက်ဆုံးမှာတော့ နပိုလီယန်ဟာသူသိပ် ချစ်ခဲ့တဲ့ အမျိုးသမီးကို ၁၈၀၉ ခုနှစ်မှာကွာရှင်းခဲ့ပါတယ်။

နှစ်အနည်းငယ်ကြာတဲ့အခါမှတော့ နပိုလီယန်ဟာမာရီဆိုတဲ့ အသက်(၁၈)နှစ်အရွယ်အမျိုးသမီးတစ်ဦးနဲ့ လက်ထပ်ခဲ့ပြီး သားတစ်ယောက်မွေးဖွားခဲ့ပါတယ်။ ဒါပေမဲ့ နပိုလီယန်အတွက် ဂျိုစပရင်းအနားမှာ မရှိတော့တဲ့ အချိန်တွေမှာ နပိုလီယန်ရဲ့ ကံတရားက သိပ်ကိုမနှစ်မြို့စရာကောင်းအောင်ဖြစ်ခဲ့ပါတယ်။

Crd by @cheerylay
photo by google image
Good bad..
Congratulations! This post has been upvoted from the communal account, @minnowsupport, by heinthuaung from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.