အဝတ်စင်ပေါ်မှအဝတ်အစားများကအောက်သို့ ဖရိုဖရဲ ပြုတ်ကျကုန်တော့သည်
"အမလေး ဘုရား ဘုရား "
ဒေါ်မြတ်နိုးသူစီစဉ်ထားသည်များဝရုန်းသုန်းကားဖြစ်ကုန်၍ ရင်ဘတ်ကိုဖိကာမျက်လုံးပြူးမျက်ဆံပြူးနဲ့ကြည့်နေလေတော့သည်
"ပျို မဒီ ဒါဘယ်လိုဖြစ်ရတာလဲ"
ရုတ်တရက်မို့ပျိုမဒီ ဘာပြောလို့ပြောရမှန်းမသိပေ။
"ဟို ဟိုလေ"
ပျိုမဒီတစ်ယောက်အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေစဉ် ဖြူ ဖြူ ကဝင်ပြောလေတော့သည်
"ပ်ျိုမဒီကလေ အဲ့အဝတ်အစားတွေကိုဝတ်ချင်လို့တဲ့ "
"ဖြူ ကမလုပ်ပါနဲ့ ဒါကမော်ဒယ်တွေဝတ်မယ့်အဝတ်အစားတွေလို့ပြောပါတယ်"
"အဲ့ဒါကိုပျိုမဒီကနားမထောင်ပဲ ဝတ်တာပါအန်တီမြတ်
့ဖြူ ဖြူစကားတွေကိုနားထောင်ပြီးဒေါ်မြတ်နိုး ရင်ထဲမှာ လှပ်လှပ် လှပ်လှပ်ဖြစ်လာတော့သည်
ပျိုမဒီလဲ အံ့သြသောမျက်ဝန်းတွေနဲ့ကြည့်နေမိသည် သူမဒီလိုတွေလုပ်ဖို့ ဖြူဖြူကိုယ်တိုင်ပဲတိုက်တွန်းခဲ့သည်မဟုတ်လား
အခုတော့သူမကခေါင်းရှောင်သွားသည်
"သြော် သူကအလုပ်ရှင်နဲ့အလုပ်သမားဆိုတော့အဆူခံရမှာစိုးလို့နေမှာပါ"
ပျိုမဒီ ဖြူဖြူကိုနားလည်ပေးပြီး သူမပဲဝန်ခံဖို့ဆုံးဖြတ်လိုက်သည်
"ဟုတ်လားပျို"
"ဟုတ်ပါတယ်ကြီးကြီး"
ပျိုမဒီရဲ့ဝန်ခံစကားကြောင့် ဒေါ်မြတ်နိုးဟန်ပင်မဆောင်နိုင် အရုပ်ကြိုးပျက်လဲကျသတိလစ်သွားတော့သည်
ပိုးပုဝါကြိတ်ပြီးပြုံးလိုက်မိသည် ဖြူဖြူ ကတော့ ဘယ်သူမှမမြင်အောင် ပိုးပုဝါကိုလက်မထောင်ပြသည်
ပိုးပုဝါလဲ ခေါင်းငြိမ့်ပြပြီး စိုးရိမ်တကြီးပုံစံနဲ့ဟန်ဆောင်နေတော့သည်
"အန်တီမြတ် ဒုက္ခပါပဲ"
ပိုးပုဝါ ပျိုမဒီအနားသို့လျှောက်သွားလေသည် ပြီးလျှင်မပြောမဆိုနဲ့ ပျိုမဒီရဲ့ပါးကိုရိုက်ပစ်လိုက်သည်
"ဖြန်း"
ပါးတစ်ဖက်ပူထူသွားသည် ဒေါသနှင့်ပျိုမဒီလက်ရွယ်လိုက်မိသည်
"ဘာတွေဖြစ်နေကြတာလဲ"
နေတံခွန်ရောက်လာလေတော့သည်
"မောင်"
"ဟင်အန်တီမြတ်ဘာဖြစ်တာလဲ"
"သူလေမော်ဒယ်တွေဝတ်မယ့်အကျီ င်္တွေကိုယူဝတ်နေတာ အဲ့ဒါကို အန်တီမြတ်တွေ့သွားပြီးအခုလိုသတိလစ်သွားတာပေါ့"
နေတံခွန် ပျိုမဒီကိုလှည့်ကြည့်လိုက်စဉ် အောက်ကစပို့ရှပ်အဖြူလေးပေါ်မှာအပေါ်က ကြိုးလေးတွေနဲ့ ဂါဝန်ဖားဖားကြီးကကို့ယို့ကားယား
ပျိုမဒီအရင်ကဒီလောက်မလှချင်ပါ အခုဘာကြောင့် ဒီလိုတွေဖြစ်နေတာလဲ
ကောင်းကင်ကိုကြိုက်နေပြီလား ကောင်းကင်ကြောင့်ပျိုမဒီအခုလိုလှချင်စိတ်တွေ ဝင်လာခဲ့တာလား
အတွေးတွေကရင်ဘတ်ကိုပူလောင်စေသည် ထို့ကြောင့်ဒေါသတွေကဖြစ်လာတော့သည်
"အဟင့် ဟင့်"
"မောင်ရယ် ဝါကလေ သူ့ကိုအခုလိုတွေမလုပ်ဖို့ကောင်းကောင်းမွန်မွန်ပြောခဲ့တာကို"
"သူကဝါ့ကိုပါးရိုက်ဖို့ ရွယ်တယ် အရမ်းဝမ်းနည်းတာပဲ"
ပြောရင်းနဲ့ပိုးပုဝါမျက်ရည်တွေကစီးကြလာသည်
အတွေးစိတ်ကူးထဲမှာတော့နေတံခွန်မျက်နှာကဒေါသတွေကိုကြည့်ပြီး ပျော်ရွှင်ကြည်နူးနေမိသည်
နေတံခွန်ပျိုမဒီအနားသို့လျောက်သွားပြီး လက်တစ်ဖက်ကိုခပ်ကြမ်းကြမ်း ဆောင့်ဆွဲပစ်လိုက်သည်
ညနေပိုင်းမှာတော့ "သူ့"ကို တွေ့ဖို့
"သူ" နေထိုင်တဲ့ ရွာလေးကို
ကျွန်တော် အရောက်သွားခဲ့တယ်
"သူ့"ကို အရမ်းလွမ်း အရမ်းသတိရနေလို့ထင်တယ်
အဲဒီနေ့ ညနေက "သူ့"အလှတွေဟာ
ကျွန်တော် လှတယ်လို့ ပြောခဲ့ဖူးတဲ့
မိန်းကလေးအလှတွေတောင် "သူ့"အပြုံးတစ်ပွင့်နဲ့တင်
အရှုံးပေးရကုန်တော့တယ်……
"သူ" ကျွန်တော်ကို ဖုန်းလေးကိုင်ပြီး
ရပ်စောင့်နေတဲ့ "သူ့"ပုံစံလေးက
ညနေခင်း အလှတွေနဲ့ ပေါင်းစည်းလိုက်တော့
ကျွန်တော် နှလုံးသားထဲမှာ ဒီတသက်မမေ့နိုင်တဲ့
"ပန်းချီ"တစ်ချပ်အဖြစ် ရေးထိုးထားခဲ့မိတယ်……
၂၈ရက်နေ့မှာတော့ "သူ"ကျွန်တော်နဲ့ သွားမယ်လို့
စကားလုံးတွေ ကျွံထားခဲ့ပေမဲ့လည်း
ကျွန်တော် သွားရောက် ခေါ်ချိန်မှာ "သူ"က
ကျွန်တော်ထက်အရင် သွားနင့်ခဲ့တယ်လေ
ပွဲကို ရောက်ချိန် ကျွန်တော် ဖုန်းတွေ
အကြိမ်ရေများစွာ ခေါ်ခဲ့ပေမဲ့လည်း
"သူ့"ရဲ့ဖုန်းနံပတ်လေးက ဧရိယာပြင်ပနဲ့
စက်ပိတ်ထားသည်လို့တာ အဆုံးသတ်နေခဲ့တယ်…
အဲဒီနေ့က သူငယ်ချင်းတွေ အရှေ့မှာ
ချစ်ရေးဆိုမယ်လို့ စိတ်ကူးခဲ့ပေမဲ့
တိမ်ထုတစ်ခု လေမှာ တစ်စစီ လွှင့်မျောနေသလို
ကျွန်တော် စိတ်ကူးတွေက အချိန်တွေအောက်မှာ
တဖြည်းဖြည်း လွှင့်ပျောက်ကုန်တယ်……
အရမ်းကိုဝမ်းနည်းနာကျင်နေလို့ လက်ရှိအချိန်ကို
ခဏတာ မေ့ဖို့ ယမကာနဲ့ဖြေဖျောက်ကြည့်ပေမဲ့
အသိတရားတွေကို ဒီအချိန်မှာလည်း အတွေးတွေက
ထပ်မံအနိုင်ရသွားခဲ့ရပြန်တယ်……
တကယ်ဆိုရင်လေ "သူ့"လုပ်ရပ်တွေက
ကျွန်တော့်အတွက် နာကျင်စရာတွေပါပဲ
ဒါပေမဲ့လေ ကျွန်တော်မနာကြည်းခဲ့မိဘူး
နောက်နေ့ နေ့လည်"၁"နာရီမှာ
"သူ"ကို ဖုန်းခေါ်ခဲ့တယ် ဘာလို့
ကျွန်တော်ကို မစောင့်ဒါလည်းလို့မေးခဲ့ပေမဲ့လည်း
"သူ့"ဖြေရှင်းချက်တွေအောက်မှာ
ကျွန်တော့် နှလုံးသားတွေ
အကြိမ်ကြိမ် ပြိုလဲခဲ့ရပြန်တယ်……
"ဖြူဖြူရေအန်င်္တီမြတ်ကိုဆေးဗူးလေးအဝတ်အစားလဲခန်းထဲမှာသွားယူပေးပါဥင်္ီးကွယ်"
ဒေါ်မြတ်နိုး ဖြူဖြူကိုခိုင်းလိုက်သည်
ဖြူဖြူက ပိုးပုဝါအနားကလုံးဝမခွာချင်ပေ
"ပျို "
ပ်ျိုမဒီလှည့်ကြည့်လိုက်သည်
"အန်တီမြတ်က ဆေးဗူးသွားယူပေးပါလားတဲ့ နင်သွားယူပေးလိုက်"
"ဟွန့် သူများအိမ်မှာအလကားနေလို့ဘယ်ရမလဲ ခိုင်းပစ်လိုက်မယ်"
ပျိုမဒီစိတ်ထဲ တင်းခနဲ ဖြစ်သွားသည် တမင်ခိုင်းမှန်းသိပေမယ့် ကိုယ်က လဲမတွက်ကပ်တတ်သူဆိုတော့ ဒီကိစ္စလောက်နဲ့မပြောနေတော့
ပျိုမဒီ ဆေးဗူးယူပေးဖို့ အတွက် မော်ဒယ်ရှိုးလျှောက်ရန်ပြင်ထားသောစင်အနောက် အဝတ်လဲခန်းသို့ထွက်လာခဲ့သည်
ဖြူ ဖြူ သူခိုင်းလိုက်ရသည့်အတွက်သဘောကျနေလေတော့သည်
ခေတ်သစ် ပွဲပြင်ဆင်နေချိန်တွင်ရောက်လာခဲ့သည်
"ဟာ လာဗျာ ကိုခေတ်သစ် အတော်ပဲ"
"မိတ်ဆက်ပေးရမယ်"
လူတစ်ယောက်ကရောက်လာပြီးခေါ်လိုက်သည် ဒေါ်မြတ်နိုးလဲစင်ပေါ်မှ အောက်သို့ဆင်းလာသည်
"မမမြတ် လာပါဦးခင်ဗျ"
စောစောကလူကဒေါ်မြတ်နိုးအား လှမ်းခေါ်လိုက်လေတော့သည်
"သြော် လာပါပြီရှင့်"
"မမမြတ် ဒါက ကိုခေတ်သစ်တဲ့ ကုမ္ပဏီပိုင်ရှင်ပါဗျာ ဒီမူးယစ်ဆေးဝါးရန်ပုံငွေအတွက် ငွေဆယ်သိန်းတောင်လှူ ထားတာလေ"
"သြော်ဟုတ်ကဲ့ ပါရှင်"
"ကိုခေတ်သစ် ဒါက မမြတ်နိုးတဲ့ ဒီပွဲကိုအဓိကစီစဉ်ပေးတဲ့ ဥက္ကဌပေါ့ ကုမ္ပဏီပိုင်ရှင်ဦးသီဟကျော်ရဲ့ ဇနီးပါဗျာ"
"အာတွေ့ရတာ ဝမ်းသာပါတယ်ဗျာ"
"ဟုတ်ကဲ့ဝမ်းသာပါတယ် အခုလိုလှူတန်းပေးတဲ့အတွက်လဲကျေးဇူးတင်ပါတယ်ရှင့်"
"အခုလိုငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်တဲ့လုပ်ငန်းရှင်ကြီးဖြစ်နေတာဂုဏ်ယူပါတယ်ရှင်"
"ကျွန်မမှာလုပ်စရာလေးတွေရှိလို့ ခွင့်ပြုပါဦးရှင့်"
"ကောင်းပါပြီခင်ဗျ"
ဒေါ်မြတ်နိုးထွက်သွားသည်နှင် ခေတ်သစ်လဲသူ့ရဲ့ တပည့်တွေကိုအချက်ပြနေတော့သည်
မင်းကောင်းကင် လက်ထဲမှဘောန်ပဲလ်လေးကိုကြည့် ပြီး
"ဒီတစ်ခါတော့ မင်းကိုအသုံးချရတော့မယ် ဟဲဟဲ"
မင်းကောင်းပင်ဘောန်ပဲလ်လေးကိုထုတ်ကြည့်ပြီးအိတ်ထဲပြန်ထည့်ထားလိုက်သည်
ထိုစဉ်သူ့အရှေ့တွင် လူတစ်ယောက်လှစ်ခနဲပြေးသွားလေတော့သည်
သူမသိမသာလေးအနောက်မှလိုက်သွားသည်toileထဲသို့ဝင်သွားသည် သူလဲလိုက်ဝင်သည်
မသိချင်ဆောင်ပြီးမတ်တပ်ရပ်နေသည်
ထိုလူပြန်ထွက်လာတော့သူလဲပြန်ထွက်လာတော့သည်
ဟိုလူကအရှေ့ ကနေဟိုကြည့် ဒီကြည့်နဲ့ပြေးလေသည်
မင်းကောင်းကင်အနောက်မှပြေးလိုက်တော့သည်
ထိုစဉ်
"အင့်"
မင်းကောင်းကင်ရဲ့အိတ်ကပ်ထဲကဘောပန်လ်လေးထွက်ကြသွားတော့သည်
မင်းကောင်းကင်ကတော့မသိရှာပေ ဒီဆက်သွယ်ရေးစက်လေးပျောက်ရှသွားခြင်းဟာ
သူ့ရဲ့ကြမ္မာဆိုး ဆိုတာကိုမသိရှာပေ
"ဟင်"
"sorryပါနော်"
ရုတ်တရက်သူ့ကိုအရှေ့ မှပြေး၍ ဝင်တိုက်လိုက်သူက တက်သစ်စမော်ဒယ် ကြယ်စင်လင်း
"ရတယ်"
သူအရှေ့မှမျက်ရည်တွေနှင့်ပြေးထွက်သွားလေသည်
မင်းကောင်းကင်လက်ကိုလှမ်းဆွဲထားလိုက်သည်
"ဘယ်ကိုသွားမလို့လဲ ပွဲစတော့မယ်လေ"
"ဟင့်အင်း ကြယ်စင်ချစ်သူစိတ်ဆိုးသွားလို့လ်ုက်ချော့ရမှာကိုကောင်းရဲ့"
"'ဟာ နင်ကလည်းချစ်သူဘယ်အချိန်ချော့ချော့ရပါတယ်ဟာ"
"ပွဲကအရေးကြီးနေတာကို"
"ဟင့်အင်း ကြယ်စင်သွားမှရမှာကိုကောင်းရဲ့သူနဲ့ဘယ်လိုမှမခွဲနိုင်ဘူး"
"ပြောမရလဲသွားဟေ့ သွား"
မင်းကောင်းကင်လက်လျော့လိုက်တော့သည် မျက်နှာကပြုံးဖြီးဖြီး
"အင်း ငါ့မှာလဲအဲ့လိုချစ်သူလေးတစ်ယောက်လောက်ရှိရင်ကောင်းမှာပဲ"
တွေးနေရင်းပျိုမဒီကိုသတိရသွားသည်
"ပျိုကိုလိုက်ရှာဦးမှဘယ်တွေရောက်နေပါလိမ့်"
ပျိုမဒီဆေးဗူးကိုလှည့်ပတ်ရှာနေတော့သည် ဆေးဗူးကရှာမတွေ့ပေ
ထိုစဉ် သူမအနားသို့ဖြူဖြူရောက်လာသည်
"ပျို"
ဖြူဖြူ ကိုပိုးပုဝါစည်းရုံးထား၍ ပိုးပုဝါခိုင်းတဲ့အတိုင်းလုပ်ဖို့ ဖြူဖြူ ပျိုမဒီအခြေအနေကြည့်၍ ခေါ်လိုက်သည်
ပျိုမဒီ ဖြူဖြူခေါ်သံကြား၍ လှည့်ကြည့်လိုက်သည်
"မဖြူ ဆေးဗူးက ရှာလို့မတွေ့ဘူး"
"ဟုတ်တယ် ငါမှားပြောတာ အခုပေးပြီးပြီ"
"ပျို ဒီအကျီ င်္လေးတွေကအရမ်းလှတာပဲ ပျိုနဲ့ဆိုလိုက်မှာဝတ်ကြည့်ပါလားဟင်"
"ဟာ မဝတ်ချင်ဘူး ပျိုအဲ့ဒါတွေမကြိုက်ဘူး"
"ဝတ်ကြည့်ပါဟာ နင်နဲ့ဆိုလိုက်မှာငါမြင်ဖူးချင်လို့ပါနော်"
ပျိုမဒီခေါင်းခါပြီးအတင်းငြင်းသည် သူမထိုမော်ဒယ်တွေ ဝတ်တဲ့ အကျီ င်္တွေမဝတ်ရဲ့ပါ"
သူမကြိုက်လဲ မကြိုက်ပေ။
"ပျို ကလည်း ဖြူ ကိုခင်ရင်ဝတ်ပါနော် နော်လို့"
မျက်နှာငယ်လေးနဲ့ပြောနေရှာသော ဖြူဖြူကိုအားနာသွားမိသည်
" ပြီးယော"
ဖြူ ဖြူ ချိတ်စင်မှ ချိတ်ထားသောအလှဆုံးအကျီ င်္တစ်ထည်ကိုယူလိုက်သည်
"ရော့ ဒါလေးဝတ်"
ပျိုမဒီလှမ်းယူ၍ ဝတ်လိုက်သည် ထိုမြင်ကွင်စကိုအကွယ်မှ ပိုးပုဝါချောင်းကြည့်နေသည်
"ရော့ ဒီမှာဒေါက်မြင့်ဖိနပ်လေး"
"ဟင့်အင်း ငါအဲ့ဒါတွေမင်္စီးတတ်ဘူး"
ဖြူဖြူ ယူလာသောဒေါက်မြင့်ဖိနပ်လေးအမြင့်ကတစ်ထွာကျော်ကျော်လောက်မြင့်သည် အောက်ကအချွန်က ချွန်ညှိနေလေတော့သည်
"ပျိုကလည်းဟာ စီးကြည့်ပါဟ"
ပျိုမဒီယူ၍ မစီးတတ်စီးတတ်နဲ့ ယူစီးလိုက်သည်
သူမတစ်ကြိမ်တစ်ခါမှ မဝတ်ဖူးသောအကျီ င်္ဖိနပ်တို့ကြောင့်လူကလမ်းလျှောက်တော့ကိုးယိုးကားယားဖြစ်နေတော့သည်
ဖြူ ဖြူ ကကြည့်ပြီးရယ်နေသည် ပျိုမဒီလဲ သူ့အဖြစ်ကိုသူပြန်ရယ်ချင်နေမိသည်
ထိုစဉ်
ပိုးပုဝါ ဒေါ်မြတ်နိုးကိုသွားခေါ်လာင်္ပြီး အဝတ်အစားလဲခန်းသို့ခေါ်လာခဲ့သည်
"အန်တီမြတ် ဝါ့ကိုလေအဝတ်အစားလေးလိုက်ကြည့်ပေးပါဦးဘာနဲ့လိုက်မလဲလို့"
"သြော် ဝါလေးကဘာနဲ့ဖြစ်ဖြစ်လိုက်ပါတယ်ကွယ်"
"ဟင့်အင်း အန်တီမြတ်ပဲလိုက်ပြီးရွေးပေးပါနော်"
"ဝါလေးကတော့ကွယ် ကလေးကြနေတာပဲ"
ဒေါ်မြတ်နိုး ပိုးပုဝါကိုကြည့်၍သဘောကျစွာပြုံးနေမိသည်
ပိုးပုဝါရဲ့အကြံညဏ်တွေကိုတော့မသိရှာပေ။
ပျိုမဒီ တစ်ယောက်ဒေါက်ဖိနပ်ဖြင့်ကိုးယိုးကားယားလျှောက်နေစဉ် ဒေါ်မြတ်နိုးတို့ရောက်လာသည်
"ဟင်"
ရုတ်တရက် ဒေါ်မြတ်နိုးကိုမြင်၍ ဖြူဖြူ အဝတ်အစားတန်းတွေနားပြေးကပ်လေတော့သည်။
"ဒါကဘယ်လိုဖြစ်နေကြတာလဲ"
ဒေါ်မြတ်နိုးကိုမြင်လိုက်ရ၍ ပျိုမဒီလဲလန့်ပြီးမျက်လုံးအဝိုင်းသားနှင့်ကြည့်နေမိသည်
ထိုအချိန်တွင် ဖြူဖြူ ပိုးပုဝါခိုင်းထားတဲ့အတိုင်းအဝတ်စင်ကို လက်နဲ့တိုက်ချပစ်လိုက်သည်။