အသင်မိတ်ဆွေမေတ္တာတရားဆိုတာလူတိုင်းအပေါ်ထားကောင်းပါတယ်မိတ်ဆွေမေတ္တာတရားကိုလက်ကကိုင်ထားပါမိတ်ဆွေအသင်သာမေတ္တာတရားထားနိုင်မယ်ဆိုရင်ကျနုပ်ကိုမနှောက်ရှက်ပါနဲ့မိတ်ဆွေကျနုပ်ဟာသတ္တဝါတွေကိုကယ်တင်နေတဲ့လူတစ်ယောက်ပါအသင်
မသိဘူးကွာ ကဲကွာ ဝုန်း...
သူလက်ကသဲလျှက်နဲ့ကျနော်ကိုမီးလုံးကြီးတွေလွှတ်လာတယ်ကျနော်ကိုမထိ့ခိုက်ပါတခုမှ
အင်းအသင်ကမေတ္တာပေးလို့မေတ္တာမယူနိုင်တဲ့သူဆိုတော့လည်း ကဲ့ ဘုရားငါဆူအမိန့်အာဏာ
ငါဆရာအမိန့်အာဏာကြိုးတုပ်ဒူးထောက်မြေကြီးနဲ့နဖူးတိုက်စေနဖူးမကွဲးမချင်း
ခွတ်..ခွတ်..ခွက်..
အားနာတယ် နာတယ်ကွငါကိုလွှတ်ပေးပါတော့
ချက်လောက်ရတော့သူနဖူးကွဲးသွားတယ်
ကဲဘယ်လိုလည်းမိတ်ဆွေမှတ်လောက်ပီးလို့ထင်ပါတယ်
မှတ်ပါပီးဆရာလေးကျုပ်ကိုကြိုးဖြည်ပေးပါဆရာလေး
တုပ်ထားချုပ်ထားမှန်သမျှလွတ်စေ
ဝုန်း ဆိုပီးပျောက်ချင်းမလှပျောက်သွားပါလေတော့တယွ
ကျနော်လည်းပုတီးစိတ်နေတယ်
ဒီလိုနဲ့9ရက်ပြည့်လို့နောက်နေ့မနက်ရောက်တော့ဘုရားရှစ်ခိုးပုတီးစိတ်ပီးတော့အမျှအတန်းဝေပီးတောင်အောက်ကိုပြန်ဆင်းမယ်လုတ်တော့
နခေါင်းထည်းကိုအရန်းမွှေးတဲ့ထမင်းနမ့်ဟင်းနမ့်ကစူးရှစွာကျနော်နခေါင်းထည်းကိုဝင်ရောက်လာတယ်ကျနော်ဘေးပတ်လည်လိုက်ကြည့်တော့မနန်းစန်းဝင်းကိုတွေ့တယ်သူလက်ထည်းမှာကြွေအုပ်လေးတခု့တွေ့တယ်..
" ဟင်...ဘာလို့တစ်ခန်းလုံး မှောင်နေရတာလဲ " ပြောပြီး...
မာန် လိုက်ကာနှင့်တံခါးများ အားလုံးဖွင့်လိုက်သည်။
" တံခါးတွေ ပြန်ပိတ်ပေးပါ..."တိုးလျသော လမင်းရဲ့အသံလေးထွက်ပေါ်လာသည် ။
" ဘာလို့လဲ ချာတိတ်ရယ် တံခါးတွေပိတ်ထားရင် မှောင်ပြီး
လေဝင်လေထွက်လဲ မကောင်းဘူးလေ... "
" လမင်း လင်းနေရင် အိပ်လို့မပျော်လို့ပါ..."
" ဟုတ်တယ် မာန်လေး လမင်းကငယ်ငယ်ထဲက တစ်ခုခု
ဝမ်းနည်းပြီဆို...အမှောင်ထဲမှာပဲနေတက်တယ် မဟုတ်ရင် သူ့ခံစားချက်က ပျောက်မှာမဟုတ်ဘူးတဲ့လေ ပြောလို့လဲ
မရဘူးကွယ်.... "
မာန် လမင်းကုတင် ဘေးက ခုံလေးမှာထိုင်လိုက်ပြီး ....
" ကိုယ်ပြောတာ နားထောင်ပါနော် ချာတိတ် လူဆိုတာကလေဝမ်းနည်းရင် မျက်ရည်ကျတက်ကြတယ် ခု ချာတိတ်လိုမျိုး ဘယ်သူမှအမှောင်ထဲပါ မနေကြဘူး... ကိုယ့်ရင်ထဲမှာနေလို့မကောင်းတဲ့ အရာတွေကို မျက်ရည်နဲ့အတူ ရင်ထဲကထုတ်ပြစ်လိုက်ပါချာတိတ်ရယ် နော်...."
" ဟင့်အင်း...လမင်း ငိုလို့မဖြစ်ဘူး လုံးဝ....မငိုဘူး ဒီလူက
ဘာသိလို့လဲ လမင်းငိုရင် ဖေဖေရော ကြီးမေပါ ထားသွား
ကြလိမ့်မယ်... ဒီခံစားချက်ကိုပျောက်စေချင်ရင် လမင်းကို
တစ်ယောက်ထဲပေးနေကြပါ အမှောင်ထဲမှာ ပေးနေပါနော်နော်...ကြီးမေရော ဒီလူရောပြန်လိုက်ပါ....လမင်းတစ်ယောက်ထဲနေချင်လို့ပါ...."
" ကြီးမေ ထားမသွားပါဘူး သမီးလေးရယ် သမီးဖေဖေက
လဲ သမီးအတွက် ပိုက်ဆံထွက်ရှာနေတာပါကွယ်....."
ဒေါ်ခင်မေ စိတ်မကောင်းဖြစ်မိသည်။ သူမ ဖြောင်းဖြခဲ့တာ
မှားများသွားလေသလား ။
" ချာတိတ်...ငယ်ငယ်ကငိုဖူးလားဟင် "သူ လမင်းမျက်နှာလေးကို ကြည့်ပြီးမေးတော့ သူမခေါင်းလေးညိတ်ပြသည်။
" အင်း...အာ့ဆို ချာတိတ် အဲ့တုန်းကဘာလို့ငိုတာလဲ..."
ချက်ချင်းဆိုသလို လမင်းမျက်နှာလေး ဖြူးဖျော့သွားသည်
လမင်းတွေတွေလေး စဉ်းစားပြီး ခဏအကြာမှ...
" ချော့မဲ့သူရှိလို့ပါ မေမေရှိလို့ပါ ဖေဖေရှိလို့ပါ..... "
" ဟင်...." လမင်းအဖြေကြောင့် မာန် ပြုံးလြဲပုံးမိသလို စိတ်မကောင်းလဲဖြစ်သွားမိသည် ။ချာတိတ်လေး မင်းကလေ
တကယ့်ကို ဖြူစင်လွန်းတဲ့ ကလေးလေးပါလား။ မျက်လုံးလေးပြူးပြီး ပြန်ပြောတဲ့ပုံလေးကိုက အရမ်းချစ်ဖို့ကောင်း
လိုက်တယ်...။ ချာတိတ်ရေ.....ကြာရင်ကိုယ်ရူးတော့မှာပဲ ။
" အဟင်း...ခုကရော ဘာလို့မငိုတာလဲ ကိုယ်ရှိတဲ့ဟာကို "
လမင်း သူဘာကိုပြောမှန်း နားမလည်တာကြောင့် မာန်မျက်နှာကိုမော့ကြည့်ပြီး" ဒီလူ ဘာကိုပြောတာလဲဟင်..."
နားမလည်ရင် စဉ်းစားမနေပါနဲ့တော့ ချာတိတ်ရယ် မင်း
ဦးနှောက်က သေးသေးလေးဟာကို...။
" ဟဲ့ ဟဲ့ ဟိုမှာကြည့်စမ်း...ချောလိုက်တာဟာ "
" အေးနော်...ကြည့်ရတာ ဆယ်ကျော်သက်လေးပဲရှိဦးမှာ "
" ဒါမှန်းသိရင် ငါ့အမဗိုက်ထဲကနေ စောစော ထွက်မလာပါ
ဘူးဟယ် အဟင်း....."
" ကားနီလေးလဲမိုက်တယ် မောင်းလာတဲ့သူလေးကိုလဲ ကြိုက်တယ်ကွယ်......"
သျှံ နဲ့ ဒေါ်မေတင့်တယ် ဆေးရုံထဲဝင်လာတာနဲ့
ကောင်တာမှ ဧည့်ကြိုမှမိန်းကလေးများ၏ တီတိုးပြောသံ
များကိုကြားနေရသည်။
" ဟယ် ငါ့တို့ဆီလာနေပြီ.....ကြည့်စမ်း...."
" မိန်းမတွေ အိနြေလေးဘာလေး ဆယ်ကြဦး မပြောလိုက်ချင်ဘူး...."
" အဟင်း.....အမကလဲ....."
" သမီးတို့ လမင်းဖြူနာမည်နဲ့ လူနာက ဘယ်ခန်းမှာလဲမသိ
လို့ အခန်းနံပါတ်လေး ခဏလောက်ရှာပေးပါကွယ်...."
" ဟုတ်ကဲ့ ...တွေ့ပါပြီး အခန်းနံပါတ် ၂၀၁ပါရှင့် အပေါ်ဆုံး
ထပ်ရဲ့ ညာဘက်ထောင့်ဆုံး အခန်းပါရှင်...... "
" ကျေးဇူးပါပဲ သမီးရယ်.....လောလောနဲ့ထွက်လာရလို့
အခန်းတောင် မမေးခဲ့ရဘူးလေ.....သွားမယ်နော်သမီး...."
" ဟုတ်ကဲ့ ....." " ဟယ်.... ပြုံးပြသွားတယ်တော့် ....."
" ဒီအခန်းပဲ ဘွားဘွား "သျှံပြောပြီး ဘွားကိုတံခါးဖွင့်ပေး
လိုက်သည်။သို့သော် ဘွားဘွားကမဝင်သေးပဲရပ်ကြည့်နေ
တာမို့
" အခန်းမှားနေလို့လား ဘွားဘွား "
"မမှားပါဘူး သျှံ ဘွားဘွား မြေးရဲ့ကိုကြီးတွက် မိန်းကလေး
တစ်ယောက် ရှာလို့တွေ့ပြီထင်တယ် အဟင်း....."
" ဖူး......ပူမယ်နော် ချာတိတ် ဖြေးဖြေးစား ...."
သျှံ လဲအခန်းထဲကြည့်လိုက်မိသည်။ ကိုကြီးက လမင်းကို
ဆန်ပြုတ်ခွံကျွေးနေပြီး ကြီးခင်က ကွေကာအုပ် ဖျော်ပေးနေသည်။" ဟူး...... "လမင်းဖြူ နင်ကလေ နင့်ကိုတွေ့သမျှ
လူတိုင်းကို ဘာလို့ဆွဲဆောင်ထားနိုင်ရတာလဲ။
" ဟင်....မမကြီးလာတယ်.. "
"သြော် ဘွားဘွားနဲ့ ညီ ဝင်လာလေ လမင်းကိုလာကြည့်
တာလားဟင်..."
" အဟန့် ...အဟွန့် ....အဟွတ် ..."လမင်း သျှံကိုတွေ့တော့
ပါးစပ်ထဲကဆန်ပြုတ်က ဝမ်းထဲမဝင်ပဲ နှာခေါင်းထဲကတောင်ပြန်ထွက်လာရသည် ။
" ဖွ...ဖွ ...ရော့...ချာတိတ် ဒီမှာ ရေသောက် လိုက်....."
" အင့် သစ်သျူး......"
သျှံပေးတဲ့သစ်သျှူးကို မယူပဲ မာန်လက်ထဲကရေခွက်ကိုယူပြီး လမင်း မော့သောက်လိုက်သည်။နင့် ဝဋ်ပြန်လည်စေရမယ် ဘုန်းပြည့်သျှံ......ငါ့အရှက်ကွဲမှုတွေအတွက်.....။
"ဟုတ်တယ် မြေးရေ လမင်းလေးကဘယ်လိုဖြစ်ရတာလဲ "
" မာန် လဲမသိဘူးဘွား လမင်းကိုပဲမေးကြည့်လိုက်တော့ "
" လမင်း သမီးလေး သက်သာရဲ့လား နေလို့ကောင်းရဲ့
လားဟင် ကြည့်ပါဦး ငါ့မြေးမလေးက မျက်နှာတွေတောင်
ချောင်ကျသွားလိုက်တာကွယ် ။
ဘွားဘွားပြောမှ သျှံ လဲသတိထားမိသည်။အရင်က လမင်း
ရဲ့မျက်နှာဖွေးဖွေးလေးက ခုတော့သိသာစွာကို နွမ်းဖတ်
နေသည်။
" လမင်း ဘာမှမဖြစ်ပါဘူး ဘွားဘွားရဲ့....နည်းနည်းပင်ပန်း
သွားလို့ပါ အခုနေလို့ကောင်းနေပါပြီ...."
" အင်း တော်သေးတာပေါ့ မိအေးပြောတော့ ရေနစ်တာဆို
မဟုတ်ဘူးလား "
ဟင်...ဒီမိအေးကတော့လေ
" ဟို ဟိုလေ ရေနစ်တာတော့မဟုတ်ပါဘူး ဘွားဘွားရဲ့ အမ်...မဟုတ်ဘူး ရေနစ်တာက ဟုတ်တယ် "
လမင်း အယောင်ယောင်အမှားမှားနှင့် သူမ သျှံ ကိုဆင်း
ကယ်တာလို့လဲမပြောချင်ပါ။ လိမ်လဲမလိမ်ချင်းတာကြောင့်.... သျှံကိကြည့်လိုက်တော့ မသိချင်ယောင်ဆောင်
ပြီး အခန်းအပြင်ဘက်ကို ငေးကြည့်နေလေရဲ့ ။သူ့ကြောင့်
ဆေးရုံရောက်တာမဟုတ်တဲ့အတိုင်းပဲ ဟွန်း...သျှံစုတ် ။
" အဲ့ဒါကလေ ရေကူးကန်ထဲကို ဘယ်ကခွေးကလေးလဲ မသိဘူး ရေထဲကျသွားလို့ လမင်းဆင်းဆယ်ရင်းနည်းနည်း
ပင်ပန်းသွားလို့ပါ....."
"ဘာ...ခွေးကလေး "နင် ငါ့ကို ရွဲ့ ပြောနေတာလား...လမင်း
" ဘာဖြစ်လို့လဲ ညီ..."
" ဘာမှမဖြစ်ပါဘူး ကိုကြီး ခွေးကျတာဆိုတော့ရေကူးကန်ဆေးမှရတော့မယ်လို့ စဉ်းစားနေတာပါ "
"အော် မြေး သျှံ လမင်းကို လက်ဆောင်ပေးမလို့ဆို..."
"ဟဲဟဲ သျှံမေ့ခဲ့တယ် ဘွားဘွား အိမ်ရောက်မှပဲ..."
" လမင်းမလိုချင်ဘူး ဘွားဘွား..."အနာပေးပြီး ဆေးပေးတာက နင့်အကျင့်ပဲမဟုတ်လား သျှံ ။အဟင်.....
ဒီလိုလျော်ကြေးက နည်းလွန်းတယ် ဘုန်းပြည့်သျှံ ရေ...။
"ဘာလို့လဲ သမီးရဲ့ သျှံက မွေးနေ့မှာ သမီးပြင်ဆင်ပေးတာ
ကို ကျေးဇူးတင်လို့ပေးတာလေ ငြင်းလို့မရဘူးနော် "
" ဟင်အင်း ဘွားဘွား လမင်းက ...... "
" ဟုတ်တယ် ချာတိတ်ရဲ့ သူငယ်ချင်းကပေးတာပဲကို...."
ဘွားဘွားနဲ့တော့ခက်ပြီ။ဒီလူကလဲ ဘုမသိဘမသိနဲ့
ဟွန်း.....။နောက်ဆုံး တော့လမင်းကပဲ" ဟုတ်ကဲ့......... "
"ကဲ ခင်မေ မြေးလဲသက်သာနေပြီဆိုတော့ ငါလဲပြန်ဦးမယ် နောက်နေ့မှပဲ တစ်ခါပြန်လာတော့မယ် "
"ဟုတ်ကဲ့ မမကြီး မာန်လေးက မမကြီးတို့နဲ့ လိုက်ပြန်လိုက်နော် တစ်ညလုံးစောင့်အိပ်ရတော့ ပင်ပန်းနေလိမ့်မယ် လမင်းကို ကြီးခင်ပဲစောင့်လိုက်မယ်..."
"ကြီးခင်က လမင်းတွက် ထမင်းချိုင့်ပြင်ပေးရဦးမှာဆို မာန်
လူနာစောင့်ရတာ မပင်ပန်းပါဘူး...... "
"မပင်ပန်းဘူးသာပြောတာ မာန် မြေးလဲ မျက်ကွင်းတွေညိုနေပြီးလေ ဒါဆိုဒီလိုလုပ် မာန်နဲ့ခင်မေကအိမ်ပြန်လိုက်ခဲ့.."
" အဲ့ဒါဆို လမင်းကို ဘယ်သူ....."ဒေါ်ခင်မေ ကပြောတော့
ဘွားဘွား က သျှံဘက်လှည့်ကာ.....
"သျှံ မြေးသူငယ်ချင်းကို ခဏစောင့်ပေးလိုက်နော် "
" ဟင် သျှံကဘာလို့...သူ့ကိုစောင့်ပေးရမှာပေါ့လေ....."
လူနာလာစောင့်တာလား ဂိမ်းလာဆော့နေတာလားဟ....
သျှံ ကိုကြည့်ပြီး လမင်း အသည်းတွေယားနေမိသည်။
သူနာပြုဆရာမတွေကလဲ သျှံ လာပြီးထဲက အကြောင်းအ
မျိုးမျိုးပြပြီး လမင်းအခန်းထဲ ဝင်လိုက်ထွက်လိုက်နှင့်...။လာတိုင်းလဲ လူနာကို ကြည့်သည်ကနဲနဲ သျှံ ကိုကြည်ကြ့တာကခပ်များများရယ်....။
ကိုယ်တော်ချောကလဲ ဆိုဖာမှာထိုင်ပြီး ဝင်လာသမျှ
မိန်းကလေး အားလုံး ကို ရယ်ပြပြုံးပြနှင့် ပါးစပ်တောင်လေထိသွားပြီးလား အောက်မေ့ရတယ်။
အရင်က နင်ခိုင်းသမျှလိုက်လုပ်ပေးနေရတာ ခုငါ့အလှည့်
လမင်းဖြူရေ ကြီးမေ မရောက်တုန်းလေလှုပ်ရှားလိုက်ပါဦး
အဟန့် အဟန့်...လည်ချောင်းက ဘာလို့ခဏခဏခြောက်နေရတာလဲမသိပါဘူးနော်
" ဘုန်းပြည့်သျှံ ငါ့ကို ရေတစ်ခွက်ခပ်ပေးဦ....."
" မအားဘူး ငါဂိမ်းဆော့နေတယ် "
" နင်ခုငါ့ကို ခပ်ပေးမှာလား မခပ်ပေးဘူးလား "
" နင်မှာလက်ရှိတယ်မှတ်လား....."
" အင်း ဆယ်ချောင်းတောင် ဘာလုပ်လို့ရလဲသိလား....."
ကျနော်လည်းသူကိုပြုံးပြပီးသူယူခိုင်းတဲ့သဲးကိုယူပီးကျဲးကြည့်တယ်လမ်းစတွေ့တယ်မသိရင်မှန်ခင်းထားသလိုမြိုးပဲသဲတင်နေတဲ့နေရာလောက်သာခြေထောက်နဲ့နင်းရဲးတာကျန်တဲ့နေရာနင်းရင်တောင်အောက်ပြုတ်ကြသေမှာ
တဖြေးဖြေးသွားရင်းသွားရင်းနဲ့ဘုရားကိုရောက်သွားတယ်
အင်မတန်မှထူးခြားဆန်းပြားတယ်နေကလည်းစောင်းနေပီးဘာပဲဖြစ်ဖြစ်ကျနော်ငါပါးသီလခံယူပီးပုတီးဒိတ်ဌာမ်လိုက်တယ်9ရက်စိတ်နေလိုက်တယ်တဖြေးဖြေးမှောင်လာတယ်
ကျနော်လည်းပုတီးစိတ်နေတယ်ဘေးနားမှာဘာဖြစ်လို့ဖြစ်မှန်းမသိဘူးပထမနေ့တော့ပတ်ပဲစိတ်လိုက်တယ်
ပတ်ပြည့်တော့မှောင်နေပီးမျက်လုံးဖွင့်ကြည့်တော့ဘုရားစိန်ဖူးတော်ကနေအလင်းရောင်ဖြာထွက်နေတယ်လင်းထိန်နေတာပဲ
ကျနော်ဘုရားဦးချပီးစကြ်ာဝဠာတိုက်တသန်းမှာရှိ့တဲ့လူနတ်ဗြဟ္မာသတ္တဝါအပေါင်းကိုအမျှပေးဝေလိုက်တယ်။