ရင်​ကွဲနာ

in #esteem6 years ago

*** ရင်ကွဲနာ ***

ဘယ်လိုအကြောင်းအရာကမှ
ကိုယ့်ဆီမလာခင်ကတည်း
ကိုယ့်ရင်မှာ
ဟောင်းလောင်းဗလာ ။

သင်္ခါရတွေ နေရာရပြီးနောက်မှာ
တိုက်စစ်မဖွင့်ပဲ
နောက်ဆုတ်ပေးလိုက်ရတဲ့အခါ
အခါးကိုလည်း
ချိုမြထားရတော့တယ်လေ ။

အတိတ်ဆိုးတွေ
အရိပ်ထိုးလာတဲ့ အရပ်ဒေသမှာ
ကိုယ့်ကိုသာ
ကြီးစိုးသွားကြပါတော့ ။

မျက်ရည်ဆိုတာ
တစ်ဖက်လူကို ပူစေတတ်လို့
ကိုယ်ပြုံးနေခဲ့ရတာ
အပူအအေးအလယ်မှာ
ညီမျှခြင်း ချချင်ရုံသက်သက်ပါ ။

တစ်ခါတလေများဆို
ကိုယ့်အတွက်ကျမှ
ဓါးတစ်ချက်စာ
ပိုနက်မယ်တောင်ထင်ခဲ့ ။

သွေဖည်ကွေကွင်းခြင်းဆိုတာ
နောက်တစ်လှမ်းဆုတ်တတ်တဲ့
ပရိယာယ်ဆိုလည်း
ကိုယ့်အတွက် ဖြစ်မဲ့
အချက်ပေးခရာသံကို
မကြားရသောသူတော့
မဖြစ်လိုတော့ ……………

ကိုယ့်အတွက်သီးသန့်တည်ရှိတတ်တဲ့
နေရပ်မှာ
ကိုယ့်ဒဏ်ကို ကိုယ်အံကြိတ်လို့
တိတ်တဆိတ် ကြိတ်ငိုပါ့မယ်
ကိုယ့်ဒုက္ခ ကိုယ့်ကြမ္မာမှာ
ကိုယ်တစ်ယောက်သာ
တိုက်ပွဲဝင်ရင်းနဲ့ ………… ။ ။

I'm ATM.
Msu 021
Photo crd image