လေထဲက ဖယောင်းတိုင်..
နာမည်ကျော် အဆိုတော်ကြီး အယ်လ်တန်ဂျွန်ရဲ့ နာမည်ကျော်သီချင်းတစ်ပုဒ်..candle in the wind..
အဲ့ဒီသီချင်းဟာ ဘယ်သူ့ကို ရည်ရွယ်ပြီး ဆိုထားသလဲဆိုတာ လူတိုင်းနီးပါးသိကြပါတယ်။
ဗြိတိန်တော်ဝင်ထီးနန်းကို အညတရဘဝကနေ ဝင်ရောက်ခွင့်ရခဲ့တဲ့ အားလုံးရဲ့ အချစ်တော် ဒိုင်ယာနာ စပင်န်ဆာ မင်းသမီးပေါ့။
ပြောရမယ်ဆိုရင်တော့ အခုတလော ရေပန်းအစားဆုံး မင်္ဂလာဆောင်ဖြစ်တဲ့ မင်းသားဟယ်ရီနဲ့ မီဂန်မာကယ်တို့ရဲ့ မင်္ဂလာကြောင့် ဒိုင်ယာနာကို သတိရသွားမိတာပါ။ မင်းသားဟယ်ရီဆိုတာ ဒိုင်ယာနာရဲ့ သားငယ်လေး မဟုတ်လား....
Brokenfamilyဘဝကနေ လာတဲ့ ဒိုင်ယာနာ.ရုပ်ရည်ချောမောပြီး လွတ်လပ်ပွင့်လင်းတဲ့ ဒိုင်ယာနာ..ခေါင်းမာပြီး တဇွတ်ထိုးဉာဉ်ရှိတဲ့ ဒိုင်ယာနာ..
သူမကိုမွေးလာစဉ်ကတော့ တော်ဝင်အသိုင်းအဝိုင်းသာမက တစ်ကမ္ဘာလုံးရဲ့ အသည်းနှလုံးကို ကိုင်လှုပ်မယ့်သူလို့ ဘယ်သူထင်မိခဲ့ပါ့မလဲ။
သာမန်အရပ်သူ သာမန်မိန်းကလေးတစ်ယောက် ဘဝကနေ တော်ဝင်မင်းသားဆိုတဲ့ဂုဏ်နဲ့ သူ့ထက်အသက်အများကြီးကြီးတဲ့ ချားလ်မင်းသားကို လက်ထပ်ရတယ်။ အချစ်ဆိုတာကို သူမ သေချာတောင် သိလိုက်မယ်မထင်..
ငယ်ရွယ်နုပျိုချောမောတဲ့ ဒိုင်ယာနာဟာ တော်ဝင်အသိုင်းအဝိုင်းထဲမှာ အံဝင်ခွင်ကျဖြစ်အောင်တော့ မနေတတ်ခဲ့ရှာဘူး ထင်ပါရဲ့...။
တစ်ထီးတစ်နန်းနဲ့ အခွင့်ထူးခံ လူတန်းစားတွေရဲ့အလယ်မှာ သူမကတော့ လူကို လူလို့ပဲ မြင်တဲ့အမြင်မျိုးနဲ့ အားလုံးကို တစ်တန်းစားထဲ ဆက်ဆံခဲ့တယ်။
အချစ်ကိုရှာတွေ့ပြီးသား ချားလ်မင်းသားနဲ့ တဇွတ်ထိုးဆန်တဲ့ မိန်းမလှလေး ဒိုင်ယာနာတို့ရဲ့အိမ်ထောင်ရေးကလည်း သာယာလှတဲ့အခြေအနေတော့ မဟုတ်ခဲ့ပါဘူးတဲ့..။
သေးသေးလေးတွေအများကြီးကို စုပေါင်းလိုက်တဲ့အခါ ကြီးမားတဲ့အရာ ဖြစ်လာသလိုမျိုးပဲ မကျေနပ်ချက် အစိုင်အခဲ အသေးအမွှားလေးတွေကနေ ဒိုင်ယာနာတို့ အိမ်ထောင်ရေး ပြိုကွဲခဲ့ရပါတော့တယ်။
သားနှစ်ယောက်ဖြစ်တဲ့ ဝီလျံနဲ့ ဟယ်ရီကို လက်ဆွဲပြီး ဒိုင်ယာနာဟာ သူစိတ်ထဲရှိတာတွေကို လိုက်လုပ်နေတာမှ လှောင်အိမ်ထဲက လွတ်လာတဲ့ ငှက်တစ်ကောင်လိုများ သူကိုယ့်သူထင်နေတော့သလား မပြောတတ်တော့ပါဘူး..။
သူမပိုင်ဆိုင်တဲ့ အဝတ်အစားတွေကိုရောင်း ပရဟိတတွေလုပ် နိုင်ငံထဲမှာ လိုက်လှူ..
ဒိုင်ယာနာရဲ့ ဖက်ရှင်တွေဆိုတာကလည်း ဒီနေ့ခေတ်အထိ မော့ကြည့်နေရဆဲပဲလေ..
ဒိုင်ယာနာဆိုတဲ့ သူမဟာ တော်ဝင်ထီးနန်းကနေ စွန့်ခွာခဲ့ပေမဲ့ ပြည်သူ့အချစ်တွေကိုတော့ အပြည့်အဝ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ပြည်သူ့အချစ်တွေသာမက တစ်ကမ္ဘာလုံးက လူများစွာရဲ့နှလုံးသားကိုလည်း သူမ ကိုင်လှုပ်နိုင်ခဲ့သူပါ..။
အပြုံးတွေကြားကနေပဲ သူမရဲ့ ကံကြမ္မာအလှည့်အပြောင်းတွေဟာ သူမရဲ့ တဇွတ်ထိုးအကျင့်နဲ့ပေါင်းပြီး ဖြစ်ခဲ့သလိုတောင် ထင်ရပါတယ်။ လုပ်ချင်ရာလုပ်တတ်တဲ့ ဒိုင်ယာနာ တိုင်းသူပြည်သားတွေရဲ့ ဝေဖန်မှုတွေကြားကနေပဲ ရေနံသူဌေးတစ်ယောက်နဲ့ တွဲခဲ့တယ်...
သတင်းသမားတွေရဲ့ ဖွမှုနဲ့ လူတကာရဲ့ စိတ်ဝင်စားခံရတဲ့ ဒိုင်ယာနာ သတင်းသမားတွေကြောင့် နာမည်ကြီးလာတယ်လို့ဆိုနိုင်တဲ့ ဒိုင်ယာနာ သတင်းသမားတွေကြောင့်ပဲ သူမ သေဆုံးခဲ့ရပါတယ်။
သူမသတင်းဆို အသေရရအရှင်ရရဆိုသလို လိုချင်နေကြတဲ့ သတင်းသမားတွေကို လွှတ်အောင်ရှောင်တိမ်းရင်း သူမ ကားအက်ဆီးဒင့်ဖြစ်ပြီိး အသက်ဆုံးရှုံးခဲ့ရပါတော့တယ်..။
နားလည်ရခက်တဲ့ မိန်းမချောလေးတစ်ယောက်ရဲ့ စိတ်ဝင်စားစရာ အကြောင်းအရာတွေဟာ ဝတ္ထုဆန်လှပေမဲ့ တကယ့်ကိုပဲ ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။
ဒါတွေကတော့ ဒီနေ့သတင်းတွေထဲမှာ နေရာယူနေတဲ့ တော်ဝင်မင်္ဂလာအခမ်းအနားပိုင်ရှင်မင်းသားဟယ်ရီတို့မိခင် လေထဲမှာ တခဏအရောင်တောက်ခွင့်ရပေမယ့် လူများစွာရဲ့ နှလုံးသားကို သူမရဲ့အလင်းနဲ့ ထွန်းညှိပေးသွားတဲ့ လေထဲက ဖယောင်းတိုင်ငယ်လေး.....လေဒီဒိုင်ယာနာ စပင်န်ဆာ အကြောင်း တစေ့တစောင်းလေးပါပဲ...
(ဒိုင်ယာနာရဲ့အကြောင်းတွေ အပြည့်အစုံကို onlineမှာ ရှာဖတ်နိုင်သလို ဆရာဝင်းငြိမ်းဘာသာပြန်တဲ့ မင်းမှုထမ်းတို့ ဆရာမကြီးရွှေကူမေနှင်းဘာသာပြန်တဲ့ သုံးပွင့်ဆိုင်အချစ်စစ်ပွဲစာအုပ်တွေမှာ ရှာဖွေဖတ်ရှု့နိုင်ပါတယ်..)
I'm ATM.
ပြည်သူတွေရဲ့အချစ်ကိုဖော်ပြနေတဲ့ နှုတ်ဆက်ပန်းတွေပေါ့..
@ayethatmon
MSU 021
Photo credit by google.
အန်တီလည်း..သူ့ကိုအရမ်းချစ်တယ်။သူမနဲ့ပတ်သက်ပီးရေးဦးမယ်။အားပေးဦးနော်..သမီးရေးထားတာတွေလည်း
အရမ်းကောင်းပီး..ပြည့်စုံတယ်။
ကျေးဇူးပါ အန်တီရေ...သူမအကြောင်းတွေက ထင်ထားတာထက်ပိုပြီး စိတ်ဝင်စားဖို့ကောင်းတယ်လေ
Nice
Thanks
နန်းခမ်းနွဲ့ အတွက် သီချင်းတစ်ပုဒ် ဆိုတဲ့ သီချင်းလေးတောင် သတိရမိ သလိုပဲဗျ
သူမရဲ့ ကမ္ဘာက အပြောင်းအလဲ မြန်သလို ရှုပ်ထွေးလိုက်တာ
ဟုတ်တယ်...သိပ်စိတ်ဝင်စားဖို့ကောင်းတယ်..ကံကောင်းသူလို့ သတ်မှတ်ခံရပြီး သနားစရာ မိန်းမလှလည်း ဖြစ်ခဲ့တယ်..
MSU 018
သင့်ခ်
👍👍👍
👍👍👍
nice
ဟုတ်