အလွမ်း​တွေကို​ ​ကြေညာမှာ မဟုတ်​ဘူး ကိုယ်

in #esteem7 years ago

image
ဖုန်းဆက်​ဖို့မအားတာ မဟုတ်​ပါဘူး ကိုယ်
ဖြစ်​နိုင်​ရင်​ ( ၂၄ )နာရီလုံး ဖုန်း​ပြောချင်​ခဲ့တာပါ
ကျွန်​မဖုန်း​ပြောလို့ ကိုယ့်​အလုပ်​​တွေ​နှောင့်​​နှေးကုန်​မှာဆိုးလို့ပါ
အဲ့ဒါ​ကြောင့်​ ဖုန်းဆက်​ဖို့မအားဘူးလို့ လိမ်​​ပြောခဲ့ရတာ
ကျွန်​မ​ရင်​​တွေ သိပ်​နာကျင်ကိုယ်​​ခဲ့ရတယ်​ ကိုယ်​.........
image
မချစ်​​တော့တာမဟုတ်​ပါဘူး အ​နေ​ဝေးလို့ ပို၍​တောင်​ချစ်​​နေခဲ့​သေးတာပါ ကျွန်​မအချစ်​​တွေ​ကြောင့်​ ကိုယ့်​ဘဝရဲ့ပန်းတိုင်​​တွေ​ပျောက်​ဆုံးသွားမှာဆိုးလို့ပါ
အဲ့ဒါ​ကြောင့်​ မချစ်​ဟန်​​ဆောင်​ခဲ့ရတာက
ပင်​ပန်းလွန်းလှတယ်​ ကိုယ်​ရယ်​..ကိုယ်

မလွမ်းတက်​တာမဟုတ်​ပါဘူး ကိုယ်
လွမ်းတက်​တာ​ပေါ့ ကျွန်​မလဲ ပုထုဇဉ်​ပဲ​လေ
လွမ်းလွန်းလို့ဆိုပီး ​တွေ့ခွင့်​မှ မရပဲ​လေ အဲ့ဒါ​ကြောင့်​ မလွမ်းတက်​ချင်​ဟန်​​ဆောင်​ခဲ့ရတာပါ ကိုယ်​.....

ချွဲ့ချွဲ့နွဲ့နွဲ့မ​ပြောတက်​တာမဟုတ်ကိုယ်​ရဲ့အနီးကပ်​ဆုံးမှာရှိ​နေတာ​ပါဘူး ကိုယ်
ပြောတက်​တာ​ပေါ့ ကျွန်​မမိန်းက​လေးပဲ​လေ
ချွဲ့နွဲ့ပြီး​ပြောချင်​​ပေမယ့်
ွှွှုမှမဟုတ်​ပဲ​လေကွယ်​ အဲ့ဒါ​ကြောင့်​ ချွဲ့နွဲ့စွာမ​ပြောခဲ့တာပါ
ကိုယ်​ရယ်​......
image
နားပူနားဆာ မလုပ်​တက်​တာမဟုတ်​ပါဘူး ကိုကိုယ်​နဲ့အတူ​ဈေး​လျှောက်​ဝယ်​ခွင်​လိုချင်​တယ်​ဆိုပြီး
ဝယ်​​ပေးပါဇွတ်​အတင်းပူဆာချင်​​ပေမယ့်
ကိုယ်​နဲ့အတူ​ဈေး​လျှောက်​ဝယ်​ခွင့်​ရတာမဟုတ်​ဘူး​လေ
အဲ့ဒါ​ကြောင့်​ နားပူနားဆာမလုပ်​ခဲ့တာပါ ကိုယ်​ရယ့်​........

လှလှပပ မ​နေတက်​တာမဟုတ်​ပါဘူး ကိုယ်
လှချင်​တာ​ပေါ့ မိန်းက​လေးပဲ​လေ ကျွန်​မရဲ့လှပမှု့အတွက်
ကိုယ်​စိတ်​မချမှု့​တွေဖြစ်​မှာဆိုးလို့ပါ
အဲ့ဒါ​ကြောင့်​ လှပစွာမ​နေခဲ့တာပါ ကိုယ်​ရယ်​.........

စိတ်​မပူတက်​တာမဟုတ်​ပါဘူး ကိုယ်
မိန်းမသားတ​ယောက်​ပဲ​လေ စိတ်​ပူတက်​တာ​ပေါ့
ကျွန်​မရဲ့စိတ်​ပူမှု့​တွေက ကိုယ့်​အတွက်​အ​နှောက်​အယှဉ်​ဖြစ်​မှာဆိုးလို့ပါ အဲ့ဒါ​ကြောင့်
စိတ်​မပူဟန်​​ဆောင်​ခဲ့တာပါ ကိုယ်​ရယ်​..........
image
တ​ယောက်​နဲ့တ​ယောက်​ ​ဝေးကွာ​နေတဲ့အချိန်​​တွေမှာ
ဖုန်း​ပြောဖို့မအားဘူး မလွမ်းတက်​ဘူး မချစ်တက်ခဲ့ဘူး ​​ချွဲ့နွဲ့စွာမ​ပြောတက်​ဘူး နားပူနားဆာမလုပ်​တက်​ဘူး လှလှပပမ​နေတက်​ခဲ့ဘူး စိတ်​မပူတက်​ခဲ့ဘူး လို့
ကိုယ်​ကထင်​​နေခဲ့တာလား....??
အရာအားလုံးအတွက်ကျွန်​မရင်မှာရှိနေခဲ့တာပါ ကိုယ်​..
image
ချစ်​ခြင်း​တွေရဲ့ ​နောက်​ကွယ်​မှာ အလွမ်း​တွေကပ်​​ပါလာတက်​စမြဲပဲဆိုတာ ကိုယ်​ သိခဲ့ရင်​​ကောင်းမယ်
ကျွန်​မ​လေ ကိုယ့်​ကို ချစ်​ခဲ့မိ​တဲ့​နောက်​ပိုင်းမှာ
စ၍အလွမ်း​တွေနဲ့ ​နေ့စဉ်​ရက်​ဆက်​ စစ်​တိုက်​​နေရတာပါ
အလွမ်း​တွေနှိပ်​စက်​လို့
အိပ်​​ရေးပျက်​ခဲ့ရ​ပေါင်းလဲများလှပါပြီ ကိုယ်​ရယ်​.......
image
လွမ်းတဲ့အ​ကြောင်း​တွေကို မ​ကြေညာ​ခဲ့​တာက
ကိုယ်​သိရင်​ စိတ်​မ​ကောင်းဖြစ်​သွားဆိုးလို့ပါ
စက္ကန့်​မလပ်​လွမ်း​နေခဲ့တာပါ ကိုယ့်​ရဲ့အနီးနားမှာရှိ​နေတဲ့
နာရီ​တွေဟာ ကျွန်​မရဲ့အလွမ်း​တွေပဲ ကိုယ်​....
ဒါ​​ပေမယ့်​ ကျွန်မ​လေ ဘယ်ေ​သာအခါမှ
ကိုယ့်​ကိုလွမ်းတဲ့အ​ကြောင်း​တွေကို ​ကြေညာမဟုတ်ပါဘူး ကိုယ်​​ရယ
SMT No 55
Photo from google
image

Sort:  

Done

SMT 75

Follow me

@mamaeainjal

SMT67
very good nyi lay

SMT-74
Good bro

SMT 64 nice

Congratulations! This post has been upvoted from the communal account, @minnowsupport, by ayeminaung from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.