Photo Ref link : money.cnn.com ဂျပန်စာမှာ တခြားနိုင်ငံသားတွေထက်မြန်မာက သင်ရတာပိုအားသာတယ်ဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ သဒ္ဒါ စီပုံက တူတယ်။ တရုတ်စာတို့ အင်္ဂလိပ်သာတို့က မြန်မာနဲ့ ပြောင်းပြန်မဟုတ်လား။ တနင်္လာ သောကြာ အလုပ်လုပ် စနေ တနင်္ဂနွေ သင်တန်းတက် တယ်ပေါ့ဗျာ ။ ဆရာက သဘောကောင်း သလို အတန်းဖော်တွေကလဲ ပျော်ဖို့ကောင်းဗျ (မိန်းကလေးချောချော ပါရင်ပိုပျော်ဖို့ကောင်းမယ် ) အခက်အခဲ မရှိသေးဘူး ဆိုပါတော့ ။ တခုတော့ဆိုးတယ်ဗျ ။ သင်တန်း ကျောင်းက ယူနီဖောင်း ၀တ်ရတယ် ။ ရှူးနဲ့ဘာနဲ့ဆိုတော့ ကိုမြို့က တောမြို့လေ နဲနဲတော့ ပေါသလိုလို တော့နေသား။ ဒီလိုနဲ့ လေးပတ်မြောက် တစ်လ ဆိုပါတော့ အဲဒီမှာ အလုပ်ခေါ်စာ တွေ ကြော်ငြာ ကပ်ပါတယ်။ ၃ ခုလောက်တော့ရှိမယ်ဗျ ။ ဘာရွေးရွေး စိတ်ချ သက်သာတာ တခုမှမပါဘူးဗျ ။ ဘာတွေလဲ ဆိုတော့ သံချည်သံကွေး၊ လက်သမား ၊ လမ်းတံတားဗျ။ အတွေ့အကြုံရအောင် တခုတော့ဖြေမယ် ပေါ့ ။ ဆရာကလဲ မြှောက်ပေး ကိုကလဲတက်အောင်က ဟုတ်ပါဘူး ကိုကလဲကြိုးစား ဟီးဟီး ။ စကားမစပ် ဂျပန်က လုံးလုံး မတတ်သေးသလောက်ပဲဗျ ၈ ရက်ဘဲသင်ရသေးသကိုး။ ဒီလိုနဲ့ ရန်ကုန် ရွှေမြို့တော် ကြီးဆီ ချီတက်ဖို့ ရက်ချိန်းထွက်လာခဲ့ပြီပေါ့ဗျာ (အပိုင်း ၃ ဆက်ရေးပါမည်)
MSO No.45
Some words are missing in my phone.I am sorry about that.
Sort: Trending