ကျွန်တော့ရဲ့ ပင်တိုင်စံ

in #esteem6 years ago (edited)

image
စိတ်ညစ်တယ် ငါဘာလုပ်ရမလည်း ဘာလုပ်လုပ်အဆင်မပြေဘူး ဘယ်သူမှလည်း အဖတ်မလုပ် ငါကောင်းတာပဲလုပ်လုပ် မကောင်းတာပဲလုပ်လုပ် ဘယ်သူမှ ငါ့ကို အကောင်းမမြင်ကြဘူး ဘဝဆိုတာ ဒီလိုပဲလား မင်းတို့ရော အဲ့လို ကြုံဖူးကြလား မကြုံဖူးဘူးဆိုရင်တော့ ငါကံဆိုးတာပေါ့နော် ဘာပဲဖြစ်ဖြစ် ငါ့ဘဝနဲ့ငါတော့ အဆင်ပြေနေပါတယ် တချိန်တုန်းက ငါပျော်ဖူးခဲ့တယ် အဲ့လောက် ပျော်ဖူးတဲ့အပျော်မျိုး ငါတခါမှမခံစားခဲ့ဖူးဘူးအဲ့အချိန်တုန်းက ငါ့ဘဝထဲကို ဇင်မာထွန်းဆိုတဲ့ ကောင်မလေးတစ်ယောက်ဝင်လာခဲ့တုန်းပေါ့ ကျွန်တော် ထိုင်းနိုင်ငံကအပြန် ပျင်းတာနဲ့ ရည်းစားထားဖို့ စိတ်ကူးခဲ့တယ် အခုခေါတ်က မိန်းကလေးတွေ မြို့ကို တက် အလုပ်လုပ်ကြတဲ့ခေါတ်ဆိုတော့ ရွာမှာ မိန်ကလေးတွေရှားသွားခဲ့ပြီ အဲ့တာနဲ့ ကျွန်တော် ဘာလုပ်ရမှန်မသိ ဖြစ်နေခဲ့တယ် ကျွန်တော့ မမကဇင်မာထွန်းကို ပြခဲ့တယ် အစကတော့ ကျွန်တော် သူ့ကို ကျွန်တော့ ဘဝနဲ့ရင်းပြီး ရင်မခုန်ခဲ့ပါဘူးဗျာ နောက်တော့ သူရဲ့အမူအရာ သူ့ရဲ့အပြုံး သူ့ရဲ့အပြုအမူလေးတွေကြောင့် ကျွတော် သူအပေါ် အရူးအမူး ဖြစ်ပေါ်လာတဲ့အချစ်စိတ်တွေကြောင့် ကျွန်တော် နစ်နစ်ကာကာ ချစ်မိသွားပါတယ် ကျွန်တော် သူ့ကို ဖွင့်ပြောခဲ့တယ် ကျွန်တော် ကံကောင်းပါတယ်ဗျာ ကျွန်တော့ကိုသူစဉ်းစားမယ်တဲ့ ကျွန်တော် ပျော်ခဲ့တာပေါ့ ဒါပေမယ့် ကံဆိုးတာက ၅နှစ်စောင့်ပါတဲ့ သေရော ၅နှစ်ဆိုတာ နည်းလားဗျာ ဒါပေမယ့် ကျွန်တော်စောင့်ခဲ့ပါတယ် သူ့အပေါ် ဂရုစိုက်ခဲ့တယ် သူတောင်းဆိုသမျှ ကျနော် လိုက်ရောပေးခဲ့တယ် ဒီလိုနဲ့ ၄လ ကြာခဲ့ပြီ ကျွန်တော် ကံကောင်းတာလားတော့ မသိ သင်္ကြန်ရက်ရောက်လာတော့ အဖွဲလိုက် ပုသိမ်မှာ သွားကရမယ်တဲ့ ကျွန်တော့ တူမလေးပါ ပါတော့ မမက ကျွန်တော့ကို စောင့်ရှောက်ဖို့ အဖော်လိုက်သွားပါတဲ့ အဲ့အဖွဲ့ထဲမှာ ကျွန်တော့ကောင်မလေးလည်းပါတော့ ကျွန်တော် ပျော်ပြီလေ အဲ့တာနဲ့ပုသိမ်ကို သွားခဲ့တယ် အဲ့မှာက သူနဲ့အနေနီးတော့ ရောက်ပြီးနှစ်ရက်ကြာတော့ သူ့ဆီက ချစ်တယ်ဆိုတဲ့ အဖြေကို ရခဲ့ပါတယ် သူ့ကို ကျွန်တော် အရမ်းချစ်တယ် သူ့မျက်နှာလေးကို ကြည့်လို့မဝဘူး သူ့အနားမှာနေချင်တယ် သူ့ကို အမြဲတမ်း ချစ်လို့မဝတဲ့ အဖြစ်မျိုး ကျွန်တော့ရင်ထဲမှာ အမြဲတမ်းဖြစ်ပေါ်နေတာပါ အခုထိလည်းဖြစ်ပေါ်နေဆဲပါ သူကတော့ ဘယ်သိနှိုင်မှာလည်း သူရော့ ကျွန်တော် နဲ့ ချစ်ခဲ့တဲ့အချိန်တုန်းက ကျွန်တော့လိုပဲ ချစ်ခဲ့ရဲ့လား မသိဘူးနော် သူမချစ်ခဲ့ပါဘူးဗျာ ဘာကြောင့်လည်းဆိုတော့ သူကျနော့ကို အမြဲစိတ်ဆိုးနေခဲ့တယ် ကျနော်လည်း အမြဲ ချော့နေခဲ့ရတယ် ကျွန်နော် ဘာအပြစ်လုပ်မိလည်း ကျွန်နော်မသိဘူး ကျွန်တော့မှာ သူနဲ့ ကြည်နူးမှူလေးတော့ ရချင်တာပေါ့ဗျာ ကျွန်တော့ မရခဲ့ပါဘူး ကျွန်တော်အမြဲတမ်းအရှုံးဘက်ကပဲနေပေးခဲ့တယ် အဲ့လိုနေရတာကို ကျွန်တော်က ကျေနပ်နေတာပါ ကျွန်တော် သူ့ကို အရမ်းချစ်တာကို ဒါပေမယ့် သူကျွန်တော့ကို မရှုပ်ရှယ်ဘူးဗျ ကျွန်တော် ဘာလုပ်လုပ် ကျွန်တော့ကို ခွင့်ပြုခဲ့တယ် သင်္ကြန်ရက် ကျွန်တော်တို့ရွာမှာ တရားပွဲရှိတယ် ဗျ အဲ့ရက်တွေ မိုးအရမ်းရွာတော့ ရက်ရွှေ့လိုက်ရတယ် ကျွန်တော်တို့ ပြန်ရောက်တဲ့နေနဲ့ ကွတ်တိပဲ ကျွန်တော် သူ့ကို တွေ့ချင်လို့ ချိန်ခဲ့တယ် သူမလာချင်ဘူးပြောတယ် အဲ့တာနဲ့ သူငယ်ချင်တွေနဲ့ တရှားရွာကို အလည်သွားရင်း ကျွန်တော် အရက်သောက်ဖြစ်ခဲ့တယ် ကျွန်တော် မူးနေတာပေါ့ ပြန်ရောက်တော့ ကျွန်တော့ သူမငယ်ချင်တွေက သူ့ကို အတင်းခေါ်လာတာနဲ့ ကျွန်တော်တို့ တွေဖြစ်ခဲ့တယ် ကျွန်တော်မူးနေလို့ သူ ကျွန်တော့ကို စိတ်မဆိုးပါဘူး သူ နားလည်ပေးခဲ့တယ် ကျွန်တော် တစ်သက်လုံးမေ့လို့ရမှာ မဟုတ်ပါဘူးဗျာ အဲ့တာကတော့ ကျွန်တော် သူ့ရဲ့ပါးလေးကို နမ်းလိုက်တာပါ အခုထိ သူရဲ့သနပ်ခါးအနံလေး ကျွန်တော့ နှလုံးသားထဲမှာ စွဲနေတုန်းပဲ ကျွန်တော့ကို သူမေ့သွားမှာ ကြောက်လို့ ချစ်တယ်ဆိုတဲ့စကားကို ကျွန်တော် တဖွဖွပြောနေခဲ့မိတယ် ဒီလိုနဲ့ ကျွန်တော်တို့ ချစ်သူ သက်တန်း ၂လ ကြာသွားခဲ့ပြီ နောက်တနေ့ သူကျွန်တော့ကို စကား ချိုသာစွာ ပြောလာခဲ့တယ် ကျွန်တော့ကို စိတ်မဆိးုတော့ဘူး ကျွန်နော် ပျော်နေခဲ့မိတာ ပေါ့ ၂ရက်ပဲ ကြာခဲ့ပါတယ်ဗျာ ကျွန်တော် အလုပ်က အပြန် ဖုန်းဖွင့်ကြည့်တော့ ကျနော် မမြင်ချင်သော မက်ဆေ့လ် တစ်စောင် (ငါ့ကိုမေ့လိုက်ပါတော့ နင့်စကားကို မကြားချင်ဘူး ငါ့ကို ဘာမှပြန်မပြောနဲ့ ငါနင့်ကို မချစ်နှိုင်တော့ဘူး)တဲ့ဗျာ အဲ့ဒီထဲက ကျနော်လည်း သူကိုဘာမှမပြောတော့ပဲ စွန့်အာ့နေခဲ့မိတာ အခု ချိန်ထိပါပဲ....
သူဟာ ကျွန်တော့ ဘဝရဲ့
ပင်တိုင်စံပါ ကျွန်တော် သူကို
အခုအချိန်ထိ ချစ်နေဆဲပါ
(ဇင်မာထွန်း)

Sort:  

Congratulations @aungchanaye! You received a personal award!

Happy Birthday! - You are on the Steem blockchain for 1 year!

Click here to view your Board

Do not miss the last post from @steemitboard:

Carnival Challenge - Collect badge and win 5 STEEM
Vote for @Steemitboard as a witness and get one more award and increased upvotes!

Congratulations @aungchanaye! You received a personal award!

Happy Birthday! - You are on the Steem blockchain for 2 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Do not miss the last post from @steemitboard:

Use your witness votes and get the Community Badge
Vote for @Steemitboard as a witness to get one more award and increased upvotes!