အိမ်ဘေးနားက သဘာဝအလျှောက် စီးဆင်းနေတဲ့ စမ်းမြောင်း လေးမရှိတော့ဘူး... အဲဒီအစား နှစ်ပေါင်း ၅၀ လောက် ပြတ်တောက်နေတဲ့ တောင်မြောက်လမ်းကြောင်း တစ်ခု အချိတ်အဆက် မိခဲ့ပြီ...
လမ်းကပြီးလုပြီးခင်မှာပဲ ပြည်သူတွေ လမ်းပေါ်ထွက်လာကြပြီ
သူတို့တွေ လကမ္ဘာပေါ်ခြေချသလို ကမ္ဘာမြေရဲ့ လမ်းကျဉ်းလေး တစ်ခုအပေါ် မရဲတရဲ အသာလှမ်းလျှောက်ကြတယ်
ဒါအိပ်မက်မဟုတ်ဘူး...တကယ်ပါပဲ ဆိုတာ လမ်းပေါ်က slowdown က သက်သေပါပဲ...
ကားဆရာတွေ ပြောနေကြစကားတော့ ရှိတယ်
"လမ်းကတော့ကောင်းသွားပြီ...ဘရိတ်ကောင်းဖို့ပဲ လိုတော့တယ်တဲ့..."
ဒီနေ့ကျမှ ကျနော့် သား အငယ်ကောင်က ချောင်ထိုးထားတဲ့ သူ့စက်ဘီးလေး ထုတ်ပြီး အားပါးတရ နင်းနေလေရဲ့...
ခဏကြာတော့ ဖေဖေ လမ်းကောင်းသွားပြီ
စက်ဘီးအသစ်တစ်စီး ဝယ်ပေးပါတဲ့...
အေးပေါ့လေ...သားတို့လမ်းတွေကောင်းလာပြီ ဆိုတော့
ဖေဖေတို့ဘက်က စက်ဘီးအသစ်တွေ ဝယ်ပေးဖို့ လိုလာပြီပေါ့
ဒါပေမဲ့ ဘရိတ်ကောင်းကောင်းနဲ့ ကိုယ့်အရှိန်ကိုယ်အုပ်တတ်ဖို့
သင်ပေးရအုံးမှာပေါ့လေ....
Credit###
Congratulations @aprilmay! You received a personal award!
Click here to view your Board
Vote for @Steemitboard as a witness and get one more award and increased upvotes!
Congratulations @aprilmay! You received a personal award!
You can view your badges on your Steem Board and compare to others on the Steem Ranking
Do not miss the last post from @steemitboard:
Vote for @Steemitboard as a witness to get one more award and increased upvotes!