သီချင်းတွေနဲ့လွင့်မျော

in #ecency4 years ago

men_723557_640.jpg
https://pixabay.com/photos/men-guitars-silhouettes-instruments-723557/
သံစဉ်တွေက စိတ်တွေကို ပြောင်းလဲပေးနိုင်တယ်နော် ပျော်ရွှင်ခြင်းတွေကိုဖန်တီးပေးနိုင်တယ် လွမ်းတက်သူကို ပိုလို့လွမ်းစေတယ် ပျော်ရွှင်သူကို ပိုလို့‌ပျော်စေနိုင်တယ်
ဒေါသထွက်သူအတွက်တော့ ဒေါသတွေ မကျေနပ်ချက်တွေကို ပွင့်အံထွက်လာစေတယ် သူကတော့ စိတ်ထွက်ပေါက်ပေးရတာလေ သူများကို ညှင်းဆဲတာမျိုးမဟုတ်ဘူး သူများကို မထိခိုက်စေဘူး
စိတ်ထဲမှာ လှောင်ပိတ်မိလာရင် သီချင်း တစ်ကြောင်းလောက် အော်ဟစ်ဆိုပြီး
စိတ်ကို ထွက်ပေါက်တစ်ခုပေးလိုက်တာပေါ့
အဲ့ဒါက တကယ်ကို ထိရောက်တဲ့နည်းလမ်းဘဲ
စိတ်ထဲမှာ သိမ်းထားလို့ အဆင်မပြေတဲ့ အရာတွေကို သီချင်းအော်ဆိုပြီး လွတ်လပ်ခွင့်ပေးလိုက်တာ
တစ်ချို့ကတော့ သီချင်းလေးဆိုပြီး ပြောချင်တာပြောကြတယ်
နည်းလမ်းအမျိုးမျိုးပေါ့နော်
ကိုယ့်အနားလာပြီး သီချင်း ဆိုနေတယ်ဆိုရင် ဒါကို အမှုမဲ့အမှတ်မဲ့နေလို့မရဘူး သေချာလေး နားထောင်ရတယ် တွေးရတယ်
တစ်ချို့ အချင်းချင်း ထုတ်ပြောလို့မလွယ်တာ မကောင်းတာတွေကို သီချင်းဆိုရင်း အရိတ်အမွတ်ပြောတက်ကြတယ်လေ
ကိုယ်လည်း အဲ့သလို လုပ်ဖြစ်တယ် ကိုယ့်အပေါင်းအသင်းတွေလည်း အဲ့သလိုလုပ်ကြတာ သတိထားမိတယ်
သူဆိုနေတဲ့ သီချင်းပုံစံကို နားထောင်ရင်း သူဘယ်လိုဖြစ်နေတယ်ဆိုတာ ခန့်မှန်းနိုင်တယ်လေ
တစ်ချို့က ရည်ရွယ်ချက်ရှိရှိ သီချင်းတွေဆိုတယ် တစ်ချို့ကတော့ ရည်ရွယ်ချက်မရှိပါဘဲ သီချင်းတွေ ဆိုနေတက်တယ်
အများအားဖြင့်တော့ သူရွတ်ဆိုတဲ့ သီချင်းတွေက လက်တလော သူခံစားနေရတဲ့ ခံစားချက်တွေ ဖြစ်နေတက်ပါတယ်
အခုလည်း သီချင်းလေးဖွင့်နားထောင်ရင်း စာလေးတွေ ရေးနေတာလေ
အဆင်ကိုပြေလို့ ရေးချင်တာလေးတွေကို သီချင်းနားထောင်ရင်း ရေးရတာ အလုပ်ဖြစ်ပါတယ်
@yadanar

Sort:  

Yay! 🤗
Your content has been boosted with Ecency Points, by @kyawlwin69.
Use Ecency daily to boost your growth on platform!

Support Ecency
Vote for Proposal
Delegate HP and earn more