ဘ နဲ့စပြီး ဝ နဲ့ဆုံးတဲ့ ဒီဘဝ

in #ecency3 years ago

img_0.8105661291321872.jpg

လက်လွှတ်လိုက်ရတာတွေကို တွေးကြည်ပြန်တော့
အဆင်ပြေဖို့ဆိုတာ သိပ့်တော့ မဝေးလှပါဘူး။
ဝမ်းမြောက်စရာတွေကို ပြောဖို့အတွက်
မိတ်ဆွေရင်းတစ်ဦးလောက်တော့ အလိုရှိလိမ့်မယ်ထင်တယ်။
ရည်မှန်းထားသမျှ ပန်းတိုင် လောကဓံလမ်းကြမ်းကို ဖြတ်သန်းဖို့
သောကဟာ ဒုက္ခပါပဲ အတ္တဆန်စွာ ခရီးတစ်ခုသွားနေတယ်။
စိတ်ဓာတ်ဟာ အရေးကြီးပါတဲ့ ဆိုင်ဘုတ်လေးကို
နားမလည်နိုင်စွာ ဥပက္ခာထားခဲ့တယ်။
စည်းကမ်းရဲ့ ပြဋ္ဌာန်းချက်တွေထဲက အသိုင်းအဝိုင်း၏ ဆုံးမစကားကို
လျစ်လျူရှူပြီး နေထိုင်ခဲ့တယ်လေ။
မျှော်လင့်ချက်များ တနင့်တပိုးနဲ့ ဘဝဆိုတဲ့ သံသရာထဲမှာ
ထာဝရရှင်သန်နေတာ မဟုတ်ခံစားချက်နဲ့ အမြဲသေဆုံးနေသူပါ။
သံဝေဂဆိုတာ အိပ်မက်ဆိုးကြီး တစ်ခုလား မက်ခွင့်မရချင်ပဲ ဆက်မက်နေခဲ့သူ
မျှော်လွင့်ရင်းနဲ့ လွင့်မျှော်နေသူ စွန်လွှတ်ခြင်းများ နှောင်းဖွဲ့မိသူ
ကိုယ့်ဘဝကို ကိုယ့်တိုင်းတွေးပြီး သင်္ခါရဟာ တရားပါတယ်။
အော် ကမ္ဘာလောက အလွဲအမှားများနဲ့ လူတစ်ယောက်အတွက်ကတော့
ပြောပြရခက်ခဲလွန်းတဲ့ အကြောင်းအရာတစ်ခုလို ဖြူစင်မှုတွေ မရှိပါလား။
https://www.freepik.com/free-photo/dandelions-meadow-sunny-day_945845.htm#page=1&query=Life&position=15 @ukyawkyaw