တင်းထားတဲ့အားများကို မြှင့်တင်လိုက်ပါဦး

in #ecency3 years ago

img_0.8838715299931732.jpg

အားတင်းထားပါ အားတင်းထားပါ အားတင်းထားပါဆိုပြီး တကိုယ်လုံးမှာ ရှိသမျှအားတွေကို တင်းလာခဲ့ရတယ်။ဘယ်အချိန်ထိအားတင်းထားရမလဲဆိုရင် နောက်ဆုံးအချိန်ထိ စိတ်အားကိုယ့အားတွေတင်းထားဖို့ ကိုယ့်ကိုကိုယ်သတိပေးလာခဲ့တာကလည်းအကြိမ်ကြိမ်ပါပဲ။ကိုဗစ်ကအနိုင်ယူသွားလို့ ကိုယ်နေတဲ့ရပ်ကွက်ထဲမှာ ခြောက်ယောက်ခုနှစ်ယောက်လောက်ရှိမယ်ထင်တယ်။အတိအကျမသိတာကတော့ အိမ်ထဲကနေအိမ်ပြင်မထွက်ပဲ အဘစကား မြေဝယ်မကျနားထောင်ခဲ့လို့ပါ။fbကတော့ ငါးရာငါးနဲ့အငြိမခံနိုင်လို့ ဖွင့်ကြည့်ဖို့ပင် ဝန်လေးခဲ့ပါတယ်။ဒါကလည်း အဘအလိုကျအတိုင်းပေါ့နော်။နောက်တစ်ခုက vdoဖိုင်တွေကို ကျော်လွှားပြီး ကြည့်နေရတဲ့ ရက်ရက်စက်စက်ဖြတ်တောက်နေတဲ့ အင်တာနက်အခကြေးငွေကြောင့်ဆိုရင်လည်း မလွဲပါဘူး။နောက်တစ်ခုက အပေါ်ဆုံးကနေအောက်ဆုံးအထိ တောက်တလွဲလုပ်နေကြတဲ့ အနေအထားတွေနဲ့ ကိုယ့်ရဲ့ပင်ကိုယ်စိတ်နဲ့ အဆင်မပြေလို့ ကိုယ်ကိုယ်တိုင် အရာရာကိုအမှောင်ချပစ်လိုက်တယ်လေ။မခံချင်စိတ်ဆိုတာကလည်းသူ့နေရာနဲ့သူ အသုံးပြုတက်မှ အရာထင်တာပါ။ကိုယ့်ရဲ့မခံချင်စိတ်က ကိုယ့်ရဲ့အရည်အချင်းနဲ့ တခြားဆီဖြစ်နေမယ်ဆိုရင် မင်းအလုပ်မင်းလုပ် ငါ့အလုပ်ငါလုပ်နေတာက ကိုယ့်အတွက်အကောင်းဆုံးပါပဲ။လွန်ခဲ့တဲ့ဆယ်ငါးရက်လောက်က ကိုယ်နေထိုင်တဲ့နေရာနဲ့ ပေသုံးဆယ်ကျော်လောက်ကအိမ်က လူတစ်ယောက်ဟာ ကိုဗစ်ထိထားတယ်ဆိုတဲ့သတင်းကိုကြားလိုက်ရတယ်။အဲ့ဒီလူကို သက်ဆိုင်ရာတွေက မကြာခင်မှာ အိမ်သို့လာရောက်ပြီးခေါ်မယ် အိမ်ထဲကနေအိမ်ပြင်မထွက်ဖို့ ပြောထားတယ်။အဲ့ဒီကိုဗစ်ထိထားတဲ့သူက အိမ်မှာအငြိမ်မနေဘူး။ အိမ်အပြင်ထွက်ပြီး ရပ်ကွက်ထဲကနေ သူသွားချင်တဲ့နေရာတွေကိုလျှောက်သွားနေတယ်။ဒါကိုမြင်တွေ့ရှိကြတဲ့ လူအများက သက်ဆိုင်ရာကိုအကြောင်းကြားတော့ အဲ့ဒီကိုဗစ်ထိတဲ့သူကို ကားနဲ့လာခေါ်သွာတယ်။ခုနှစ်ရက်လောက်နေတော့ ဆေးရုံကနေ အဲ့ဒီကိုဗစ်ဖြစ်နေတဲ့သူဟာ ကောင်းမွန်စွာနဲ့ အိမ်သို့ကျန်းကျန်းမာမာပြန်ရောက်လာတယ်။အဲ့ဒီလူကိုမြင်တွေ့ရတော့ ကျန်မာရေးပြန်လည်ကောင်းမွန်လာတဲ့အတွက် တော်သေးတာပေါ့ဆိုပြီး စိတ်ထဲမှာ ​ပြောလိုက်မိတယ်။သူ့အတွက်တော့မဟုတ်ပါဘူး။ ကိုယ့်အတွက် တော်သေးတယ် ကိုယ်နေတဲ့နေရာလေးမှာ လောဒေါင်းအချမခံရလို့ပါ။ကိုယ်နေတဲ့ရက်ကွက်ကတော့ လော့ဒေါင်းချထားတာကြာပါပြီ။ယခုလကုန်လို့ ရပ်ကွက်လော့ဒေါင်းဖြီတော့မယ်ဆိုတဲ့အသံကြားတယ်။ရပ်ကွက်လော့ဒေါင်းဖြီတော့မယ်ဆိုမှ ဟိုတနေ့က ရပ်ကွက်ထဲကလူတစ်ယောက် ကိုဗစ်ထိပြီး လစ်သွားပြန်တယ်။ဖြီဖို့လုပ်နေတဲ့ ရပ်ကွက်လော့ဒေါင်းက ယခုတော့ပိုပြီးတင်းကျပ်သွားပြန်ပြီ။လုပ်စားဖို့ချိန်ထားပြန်တော့ လော့ဒေါင်းကပြန်ဖြီဖို့ လွယ်မယ်မထင် တောင်းစားဖို့ဆိုတာကလည်း လူတွေအားလုံးက ငတ်နေကြတဲ့ကာလဆိုတော့ မဖြစ် အော် ကိုယ်နဲ့ကိုယ့်စိတ်ကို ဆက်လက်ယခုတင်းထားပါတယ်ဆိုတဲ့အားထက် မြှင့်ပြီးအားတင်းထားဖို့သာ ရှိပေတော့မည်။
https://www.istockphoto.com/photo/new-ideas-and-imagination-creativity-and-inspiration-technological-innovation-gm1249324925-364071475?utm_source=unsplash&utm_medium=affiliate&utm_campaign=srp_photos_bottom&utm_content=https%3A%2F%2Funsplash.com%2Fs%2Fphotos%2Fstrengthen&utm_term=strengthen @thura

Sort:  

Yay! 🤗
Your content has been boosted with Ecency Points
Use Ecency daily to boost your growth on platform!

Support Ecency
Vote for Proposal
Delegate HP and earn more, by @thura.