ကိုယ့်ကိုကိုယ် ပြန်မတွေ့ချင်သောအခါ

in #ecency4 years ago

img_0.2222563857634836.jpg
https://www.freepik.com/free-photo/flexibility-childhood-dream-concept-conceptual-image-with-child-shadow-yellow-studio-wall-little-boy-want-become-ballet-dancer-artist-theatre-businessman-office-man_14225678.htm#page=1&query=shadow%20man&position=5
ကိုယ့်ကိုကိုယ် ပြန်မတွေ့ချင်တဲ့အခါ

ချောက်ကမ်းပါးတွေရဲ့အဆုံး

ရေတံခွန်တွေလို တဝုန်းဝုန်း ခုန်ချမိ။

ကိုယ့်ကိုကိုယ် ပြန်မတွေ့ချင်တော့တဲ့အခါ

မီးတောက်မီးလျှံတွေကို နမ်း ပြာစတွေလို လောင်ကျွမ်းမိ။

ကိုယ့်ကိုကိုယ် ပြန်မတွေ့ချင်တော့တဲ့အခါ

သစ်ပင်ရိပ်အောက် အမှောင်ဆုံးလမ်းကို ရွေးလျှောက်

အရိပ်ထင် မှန်နံရံတွေကို ရှောင်ကွင်း

ဒါနဲ့များတောင်
ငါ့အရိပ်က ငါ့ကို ပြန်လှောင်ပြောင်ချင်းသေးတယ်။

@kyawminoo