အမှန်ကိုမသိသောမြို့ည၏ ထိုနေရာလေးမှည အလွမ်းများစွာကို အမှောင်ချထားလိုက်ပါတော့တယ်။
တိတ်တဆိတ်လေးကွဲကြေနေသည့် မမြင်ရသောအမှောင်ယံ၏ ညနက်တဲ့အချိန်မှာ အားမရှိသောအလင်းရောင်မဲ့ စွမ်းရည်ရှိသလောက်ကို အလင်းရနေတုန်းပါ။အချို့နေရာတွေလဲ ပူပြင်းစွာနဲ့ ထိန်ညီးနေပါရဲ့။ငါ့ရင်ဘတ်တွေလဲ ပူပြင်းစွာနဲ့ စီးဆင်းနေပါရဲ့။သွေးသားတွေ ခမ်းခြောက်အောင် ဖောက်သောက်ကြမယ့်ညရဲ့ တစ္ဆေတွေ ယစ်မူးကခုန်နေကြတာ ကြိမ်ဖန်များစွာပါပဲ။ပျော်စရာမှန်းမသိဝမ်းနည်းစရာမှန်း မသိကြေကွဲရကောင်းမှန်းမသိတဲ့ဘ၀တွေလဲကြိမ်ဖန်များစွာပါပဲ။အမှန်ကိုမသိသောမြို့ည၏ ထိုနေရာလေးမှည အလွမ်းများစွာကို အမှောင်ချထားလိုက်ပါတော့တယ်။တိတ်တဆိတ်လေးကွဲကြေနေသည့် မမြင်ရသောအမှောင်ယံ၏ ညနက်တဲ့အချိန်မှာ အားမရှိသောအလင်းရောင်မဲ့ စွမ်းရည်ရှိသလောက်ကို အလင်းရနေတုန်းပါ။အချို့နေရာတွေလဲ ပူပြင်းစွာနဲ့ ထိန်ညီးနေပါရဲ့။ငါ့ရင်ဘတ်တွေလဲ ပူပြင်းစွာနဲ့ စီးဆင်းနေပါရဲ့။သွေးသားတွေ ခမ်းခြောက်အောင် ဖောက်သောက်ကြမယ့်ညရဲ့ တစ္ဆေတွေ ယစ်မူးကခုန်နေကြတာ ကြိမ်ဖန်များစွာပါပဲ။ပျော်စရာမှန်းမသိဝမ်းနည်းစရာမှန်း မသိကြေကွဲရကောင်းမှန်းမသိတဲ့ဘ၀တွေလဲကြိမ်ဖန်များစွာပါပဲ။
author:@sanmoon
photo:google
အသစ် နဲ့ တူတယ်။ introduce တောင် မတင်ရသေးပါလား