ဘယ်လိုပြောရင်ကောင်းမလဲနော်

in #busy7 years ago (edited)

e9e885098a5464c41abf4ab6bf05e329.gif
ဘယ်လိုပြောရင်ကောင်းမလဲနော်
ကောင်လေးတစ်ယောက်ကို စိတ်ဝင်စားစွာချစ်နေမိတဲ့အကြောင်းကို
ပြောပြပိုင်ခွင့်မရှိပေမယ့် တိတ်တခိုးနဲ့တော့ ချစ်နေပိုင်ခွင့်ရှိနေပါတယ်ရှင်
ကောင်လေးကို တွေ့မြင်နေရပေမယ့် ကောင်လေးနှင့် ကျွန်မ နှစ်ယောက်အတူတူ
ကြည်နူးပိုင်ခွင့် မရရှိနိုင်ပေမယ့် ကောင်လေးကိုတော့ တိတ်တခိုး သတိရနေ
လွမ်းနေခွင့်လေးတော့ ကျွန်မမှာ ရှိနေပါတယ်ရှင် ဒီလိုတိတ်တခိုး အချစ်တွေနဲ့
ကောင်လေးကို ရယူပိုင်ဆိုင်ချင်သောစိတ်လေး ကျွန်မစိတ်လေးမှာ ဖြစ်ပေါ်လာခဲ့ရတယ်ရှင်
ကောင်လေးနဲ့ကျွန်မဟာ ဘယ်လိုနည်းနဲ့မှ ဆုံနိုင် ပေါင်းဖက်နိုင်ခြင်း ဖြစ်မလာပေမယ့်
ကောင်လေးအပေါ် ပေးဆပ်ခွင့်လေးတော့ ကျွန်မမှာ ရှိနေဦးမှာပါလေ……………………………။
love-glitter-16.gif
ကောင်လေးကိုချစ်နေမိတဲ့အကြောင်းကို ကျွန်မဖွင့်ပြောပြချင်နေမိပါတယ်
ဒါပေမယ့် ကျွန်မတို့မိန်မသားတွေက ကိုယ်ချစ်နေမိတဲ့ လူတစ်ယောက်ကို
ချစ်နေပါပြီလို ပြောဆိုပိုင်ခွင့်မှမရှိတာကြောင့် ကျွန်မအတွက်တော့
အတော်ကိုအခက်တွေ့နေရပါတ်ရှင့် ကောင်လေးကို ကျွန်မဘက်က စတင်ပြီး
ချစ်နေမိတဲ့အကြောင်း ဖွင့်ပြောလိုက်ရင် ကောင်လေးပြုံးနေမလား ကျွန်မကို
အထင်သေးသော အကြည့်တွေနဲ့ ပြန်လည်တုန့်ပြန်မလား ဆိုတာကိုတော့
ကျွန်မစိုးရိမ်စိတ်တွေနဲ့ စိုးထိတ်နေမိပါတယ်ရှင် ဘယ်လိုပဲ ကောင်လေးဘက်က
တုန့်ပြန်မှုတွေလာနေပါစေရှင် သူပြောသမျှခွင့်လွှတ်ကာ သီးခံပြီ ကောင်လေး
ပြန်ချစ်လာမယ့်အထိ စိတ်ဝင်စားအောင် ကျွန်မကတော့ ဖန်တီးယူမယ်လို့
စိတ်ကူးထားမိပါတယ်ရှင် ချစ်နေမိတာကိုးရှင့်……………………………………………………။
1887774x80n4lqugy.gif
ကျွန်မချစ်နေမိသော ကောင်လေးကို ကျွန်မဘယ်လိုနည်းလမ်းတွေနဲ့
ကောင်လေးဘက်ကပြန်စိတ်ဝင်စားလာအောက် လုပ်ရမလဲဆိုတာကို
ကျွန်မယခုချိန်အထိ စဉ်းစားနေပါတယ်ရှင် မိန်းကလေးဘက်က ဖွင့်ပြောဖို့
ခက်ခဲနေတော့လည်း ကောင်လေးဘက်က ဖွင့်ပြောလာအောက် ဖန်တီးယူရမှာက
ကျွန်မတို့ မိန်ကလေးတွေရဲ့ အလုပ်တစ်ခုပါပဲရှင် ကျွန်မချစ်မိသောကောင်လေးက
ရိုးသားလွန်းနေတော့လည်း ကျွန်မလွယ်လွယ်နဲ့တော့ ကောင်လေးအချစ်ကိုရဖို့
အများကြီးကြိုးစားရဦးမှာပါရှင် ………………………………………။
author:@musethu
photos:cedit google images

Sort:  

အဆင်ပြေသလိုသာပြောဟေ့

ခက်နေတာကသူကရှက်တက်တယ်ရှင့်

This comment has received a 0.13 % upvote from @speedvoter thanks to: @musethu.

thanks@speedvoter

ဒီကောင်လေးကတော်တော်အတဲ့သူဖြစ်လိမ့်မယ်နော်

ကျွန်မလည်းဘယ်လိုဖွင့်ပြောရမယ်ဆိုတာစဉ်းစားရခက်နေတယ်ရှင့်

This comment has received a 0.03 % upvote from @speedvoter thanks to: @musethu.

very thanks@speedvoter

This comment has received a 0.02 % upvote from @speedvoter thanks to: @musethu.

ကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်
အမြဲအားပေးနေမယ်@speedvoterနော်

This comment has received a 0.19 % upvote from @speedvoter thanks to: @musethu.

This post has received a 1.04 % upvote from @drotto thanks to: @musethu.

thank you@drotto

တစ်ဖတ်သတ်ကြီးပါလားမမရဲ့

တဖတ်သတ်အချစ်ကရင်မောလွန်းလှတယ်ညီမလေးရေ

This comment has received a 0.26 % upvote from @speedvoter thanks to: @musethu.

thank you

မိန်းမသားဆိုတော့လည်းတိတ်တခိုးလေးပေါ့နော်

ကျွန်မတို့မိန်းမသားဘဝတွေက ဒီလိုပါပဲရှင်

မိန်းမသားဘဝအတော်ကိုမလွယ်လှပါဘူးလေ

စဉ်းစားမနေနဲ့ဖွင့်ပြောချလိုက်ပါ