Bitcoin အကြောင်းစတင်လေ့လာနေသူများအတွက်

in #bitcoin7 years ago

မြန်မာနိုင်ငံတွင် Internet အသုံးပြုမှုတွင်ကျယ်လာသည်နှင့်အမျှ Cryptocurrency အပါအဝင် အခြားသော Online ငွေပေးချေမှုစနစ်များပါ တွင်ကျယ်လာမည်ဖြစ်ပါသည်၊ သို့ဖြစ်ရာ Bitcoin အကြောင်း စတင်လေ့လာနေသူများအတွက်ရည်ရွယ်၍ ဤ ပို့စ်ကိုရေးသားလိုက်ရခြင်းဖြစ်ပါသည်။

Bitcoin ဆိုတာဘာလဲ?

Bitcoin ဆိုတာ အွန်လိုင်းသုံး ဒီဂျစ်တယ် ငွေကြေးအမျိုးအစားတစ်ခုပါ၊ ကျွန်တော်တို့အသုံးပြုနေတဲ့ ကျပ်ငွေကို မြန်မာနိုင်ငံတော်အစိုးရက ရိုက်နှိပ်ထုတ်ဝေသလို ထိန်းချုပ်လို့လည်းရပါတယ်၊ Bitcoin ကိုတော့ မည်သူတစ်ဦးတစ်ယောက်၊ အစိုးရအဖွဲ့အစည်းတစ်ခုကမှ ထုတ်ဝေထားတာ မဟုတ်လို့ ထိန်းချုပ်လို့လည်းမရပါဘူး၊ Bitcoin ကို 2009 ခုနှစ်မှာ Satoshi Nakamoto အမည်ကိုသုံးပြီး လူတစ်ယောက်(သို့) အဖွဲ့အစည်းတစ်ခုက တီထွင်ခဲ့တာပါ ( Satoshi Nakamoto ဟာ နည်းပညာကိုသာ တီထွင်ခဲ့တာဖြစ်ပြီး Bitcoin ကို သူကိုယ်တိုင် ထိန်းချုပ်လို့မရသလို၊ တခြားမည်သူကမှလည်း ထိန်းချုပ်လို့မရပါဘူး။)

Bitcoin ရဲ့အားသာချက်တွေကဘာတွေလဲ?

ကျွန်တော်တို့ပြည်တွင်းမှာ ငွေလွှဲချင်ရင် ဘဏ်ကတစ်ဆင့်လွှဲရပါတယ်၊ ဘဏ်တွေရဲ့အားနည်းချက်က ပိတ်ရက်ရှိပါတယ်၊ အကြောင်းကြောင်းကြောင့်နှောင့်နှေးတာရှိနိုင်ပါတယ်၊ ခုချိန်မှာတော့ Mobile/ Internet Banking စနစ်တွေရှိလာလို့ ပိတ်ရက်မရှိငွေလွှဲလာနိုင်ပါပြီ၊ ဒါပေမယ့် ပြည်တွင်းမှာပဲရပါတယ်၊ Bitcoin ရဲ့အားသာချက်က ကမ္ဘာအနှံ့က Bitcoin အသုံးပြုသူမည်သူကိုမဆို အင်တာနက် ရှိရုံဖြင့် နေရာမရွေး အချိန်မရွေး ပိတ်ရက်မရှိ လွှဲပြောင်းနိုင်ပါတယ်၊ ခုလွှဲ ခုရောက်ပါတယ်၊ လက်ခံသူအတွက် Fee မရှိပါဘူး၊ လွှဲပြောင်းသူအတွက်လဲ 1 BTC ပို့ပို့ 100 BTC ပို့ပို့ ကြိုက်သလောက်ပို့ Fee က အတူတူပါပဲ၊ Bitcoin ကနေ အခြား မည်သည့် Coins (သို့) ငွေကြေးအမျိုးအစားကိုမဆို Exchange လုပ်လို့ရပါတယ်၊ နောက်ဆုံးပေါ် Blockchain နည်းပညာကို သုံးထားလို့ လုံခြုံစိတ်ချရပါတယ်၊ Hack လို့မရပါဘူး၊ တခုခုဖြစ်ခဲ့ရင်တောင် ကိုယ့်ငွေတွေ မဆုံးရှုံးရအောင် backup/ Encrypt လုပ်နိုင်ပါတယ်။

Bitcoin ရဲ့အားနည်းချက်က ဘာတွေလဲ?

အမေရိကန် ဒေါ်လာကို တစ်ကမ္ဘာလုံးက လက်ခံအသုံးပြုပါတယ်၊ တချို့နိုင်ငံအနည်းစုမှာတော့ Blockchain နည်းပညာကို လက်ခံကြသော်လည်း Bitcoin အသုံးပြုခွင့်ကိုတော့ တားမြစ်ထားပါတယ်၊ အသုံးပြုရင် ပြစ်ဒဏ်ပေးနိုင်ဖို့ ဥပဒေ ချမှတ်ထားတာလဲရှိပါတယ်၊ ဒါပေမဲ့ EU၊ American၊ G7၊ India၊ Russia၊ Japan၊ South-Korea၊ UK စတဲ့ စူပါနိုင်ငံတွေမှာတော့ လက်ခံအသုံးပြုနေကြပါတယ်၊ နေ့စဉ်နဲ့အမျှအသုံးပြုလက်ခံသူတွေ များပြားလာနေပါတယ်၊ တလောကပဲ တရုတ်နိုင်ငံမှာ ပြည်တွင်း Exchange ကုမ္ပဏီတွေကို ပိတ်သိမ်းလိုက်ပြီး ခုတစ်ဖန်ပြန်လည် ခွင့်ပြုပေးနေပြီဖြစ်ပါတယ်၊ ပြီးတော့ Price ကလည်း လက်ခံအသုံးပြုသူတွေပေါ်မူတည်နေတာကြောင့် တစ်နေ့နဲ့ တစ်နေ့ ဈေးအတက်အကျကလည်း တည်ငြိမ်မှုမရှိပါဘူး၊ Bitcoin Software က လောလောဆယ် Beta Version သာရှိသေးပြီး ထပ်တိုး Services များ Features များ လိုအပ်နေဆဲဖြစ်ပါတယ်၊ လွှဲပြောင်းလက်ခံသူရဲ့ ကိုယ်ရေးအချက်အလက်မလိုတာကြောင့် ဥပဒေနဲ့မလွတ်ကင်းတဲ့ ငွေမည်းတွေ နိုင်ငံတွင်း ဝင်ရောက်လာမှာ အစိုးရတွေက စိုးရိမ်နေကြပါတယ်၊ မည်သို့ပင်ဆိုစေ Bitcoin ကို အသုံးပြုသူများ တစ်နေ့ထက်တစ်နေ့ များပြားလာနေပါတယ်။

Bitcoin စတင်အသုံးပြုဖို့ ဘာတွေလိုအပ်မလဲ?

Bitcoin အသုံးပြုရတာဟာ ဘဏ်မှာငွေလွှဲတာ ATM ကဒ်လုပ်တာတွေထက်တောင် လွယ်ကူပါတယ်၊ Bitcoin စတင်အသုံးပြုဖို့ အင်တာနက်(သို့) Wifi ရတဲ့ Phone (သို့) Computer တစ်လုံး ရှိရုံနဲ့လုံလောက်ပါပြီ၊ နာမည်၊ နေရပ်လိပ်စာ စတာတွေ မလိုဘဲ Bitcoin လွှဲပြောင်းလက်ခံနိုင်မည့် Wallet အကောင့်ကို အချိန်မရွေး နေရာမရွေးဖွင့်နိုင့်ပါတယ်။

Bitcoin နှင့် Mining

Blockchain ဆိုတာ Bitcoin လက်ခံလွှဲပြောင်းစာရင်းကို မှတ်တမ်းတင်ထားတဲ့ Public Ledger(Block) အတွဲလိုက်ကြီးပဲဖြစ်ပါ တယ်၊ Mining ဆိုတာကတော့ Computer Hardware ကိုအသုံးပြုပြီး Bitcoin လွှဲပြောင်းလက်ခံတာတွေကို Block တစ်ခုအတွင်းလုံခြုံစွာမှတ်တမ်းတင်ပါတယ်၊ Block တစ်ခုအတွင်းလွှဲပြောင်းလက်ခံမှတ်တမ်း တစ်ခုတင်ဖို့ Computer Hardware တွေက တစ်က္ကန့်ကို ဘီလီယံနဲ့ ချီတွက်ချက်မှုတွေလုပ်ပြီး သက်သေပြရပါတယ်၊ တွက်ချက်မှုအတွက်ဆုလဒ်အဖြစ် Miners တွေက ကိုယ့်ရဲ့ Computer က တွက်ချက်ပေးတဲ့ Problem ရဲ့အခက်အခဲပေါ်မူတည်ပြီး Bitcoin ရတာဖြစ်ပါတယ်၊ အစောပိုင်းမှာ သာမာန် CPU တွေသုံးပြီး Mining လုပ်လို့ရပေမယ့် Miners အရေအတွက်များလာတာ Problems တွေက ခက်ခဲလာတာကြောင့် Mining လုပ်ဖို့ အထူးထုတ်လုပ်ထားတဲ့ စက်တွေနဲ့ သာ လုပ်နိုင်ပါတော့မယ်၊ Miners တွေ Mining လုပ်နိုင်မယ့် Bitcoin အရေအတွက်က 21 သန်းထိပဲရှိမှာပါ၊ လက်ရှိအနေအထားနဲ့ဆို 2030 ခုနှစ်လောက်မှာ 21 သန်းပြည့်မယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။

Bitcoin Unit သတ်မှတ်ပုံ

အနောက်နိုင်ငံများတွင်တော့ Exchanger များကို အစိုးရက တရားဝင် Licenses များချပေးပြီး Bitcoin နှင့်အခြား Cryptocurrencies များကို ငွေပေးချေမှုစနစ် အဖြစ်တွင်ကျယ်စွာအသုံးပြုနေကြပါပြီ၊ မြန်မာနိုင်ငံတွင်လည်း တစ်နေ့တော့ ဖြစ်လာမည်ဟု ယုံကြည်မိပါသည်။

အားလုံးအဆင်ပြေကြပါစေ...

By Mr.Good