What is bitcoin

in #bitcoin7 years ago (edited)

Bitcoin ဆိုတာဘာလဲ?

သိပ်မကြာခင် မြန်မာနိုင်ငံမှာ Bitcoinတွေသုံးတော့မယ်လို့များ တွေးဖူးပါသလား?


သိပ်မကြာသော အနာဂတ်မှာ Bitcoin များကို မြန်မာနိုင်ငံအတွင်း၌ တွင်တွင်ကျယ်ကျယ် အသုံးပြုလာနိုင်ပါသလား?

Bitcoin ဆိုသည်မှာ လျှို့ဝှက်ငွေကြေးတစ်ခုဖြစ်ပြီး မိုဘိုင်းငွေပေးချေမှုအဖြေ တစ်ခုလည်းဖြစ်သည်။  ကမ္ဘာတစ်ဝှမ်းတွင် အရေးပေးမှု စတင်ရရှိလာပြီဖြစ်သည်။  တချို့ အစိုးရများသည် Bitcoinများ အသုံးပြုခြင်းကို အသိအမှတ်ပြုပြီးဖြစ်သည်။  မြန်မာစီးပွားဖက်ထဲက တစ်ခုဖြစ်သော ထိုင်းနိုင်ငံသည် Bitcoinကို တရားဝင်ငွေပေးချေမှုနည်းလမ်း တစ်ခုအနေဖြင့် စတင်လေ့လာနေပြီဖြစ်သည်။ ယခုဆောင်းပါးထဲမှာတော့ Financial Thutha အနေဖြင့် Bitcoinအကြေင်းလေ့လာသွားမယ်၊ သက်ဆိုင်မယ်ထင်တဲ့ အခြားဆောင်းပါးတွေလေ့လာမယ်၊ နောက်ဆုံး Bitcoin ဆိုတာဘာလဲ အတိအကျ ရှာဖွေကြတာပေါ့။  ယခုဆောင်းပါးကို lifewire and Bitcoin (Kevin Helms) မှ မှီငြမ်းထားပါသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ထိုင်းနိုင်ငံ ဗဟိုဘဏ်သည် Bitcoin အကြောင်းကိုလေ့လာရန် အမိန့်ထုတ်ထားသည်

ထိုင်းနိုင်ငံသတင်းစာများအရ နိုင်ငံအတွင်း တရားဝင်ငွေပေးချေမှုအတွက် Bitcoin ကိုအသုံးပြုခြင်းသည် သင့်တော်မှုရှိမရှိလေ့လာရန်ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ် Somkid Jatusripitak သည် မကြာသေးခင်က Bank of Thailand(BOT) ကိုအမိန့်ပေးခဲ့ပါသည်။ လွန်ခဲ့သောလက Matichon Group မှဦးစီးကျင်းပသော ဘဏ္ဍာရေးနှင့်နည်းပညာ(Fintech = finance+technology) ပြပွဲတွင် သူဒီလိုပြောခဲ့ပါသည်။  "ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် BOT တို့ပူးပေါင်းပြီး Fintech ကိုအထောက်အပံ့ပေးသင့်ပါတယ်။  BOT သည် Fintech ကိုဟန့်တားနေသော သူရဲ့တင်းကျပ်သော စည်းမျဉ်းများကို အဖြေလျော့သင့်တယ်။"   ဘဏ်များသည်  Bitcoin ကဲ့သို့သောတီထွင်မှု အသစ်များ၏ ဖြစ်နိုင်ချေ အခွင့်အလမ်းများကို လေ့လာပြီး ထိုင်းနိုင်ငံအနေဖြင့် လက်ခံသင့်လား၊ နိုင်ငံနှင့်ဘယ်လောက် သင့်တော်မှုရှိလဲ၊ ဘယ်လောက်ထိ အရဲစွန့်ရမလဲ၊ လိမ်လည်မှုတွေကို ဘယ်လိုကာကွယ်ရမလဲ၊ စွန့်ဦးလုပ်ငန့်ရှင်တွေနှင့် Finance Institutionများ Fintechထဲ ပါဝင်လာအောင် ဘယ်လိုတွန်းအားပေးရမလဲတို့ကို ဆုံးဖြတ်ရမှာဖြစ်ပါသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မဲခေါင်ဒေသတွင်း၌ ထိုင်းနိုင်ငံသည် ဘဏ္ဍရေးနည်းပညာတွင်ဦးဆောင်သူ(Fintach Leader) ဖြစ်ဖို့ ရည်မှန်းထားသည်

မိန့်ခွန်းပြောသွားတုန်က ထိုင်းနိုင်ငံသည် စင်ကာပူကဲ့သို့ ဘဏ္ဍာရေးဗဟိုအချက်အချာကို မယှဉ်ပြိုင်နိုင်ကြောင်း သူဝန်ခံခဲ့ပါသည်။  သို့သော်လည်း ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်အပါအဝင် အိမ်နီးချင်းနိုင်ငံများကြားတွင်တော့ Fintach Leader ဖြစ်နိုင်ပါသည်ဟု သူမျှော်လင့်ထားသည်။  ဒုဝန်ကြီး၏အမိန့်ကို တုန်ပြန်သောအားဖြင့် BOT ၏ အကြီးအကဲဖြစ်သော Veerathai Santirabhob က Bitcoin ကိုလေ့လာရင် ထည့်စဉ်စားရမည့်အချက် အများအပြားရှိသည်ဟု ပြောကြားသွားခဲ့သည်။  ဘဏ်အနေဖြင့်ဆုံးဖြတ်ရမှာကတော့ National TV အရ အကြွေး၊ချေးငွေများကို တရားဝင်ဆပ်ပေးလို့ရမရ ဖြစ်သည်။  ဂျပန်တွေကဲ့သို့ Bitcoinကို တရားဝင်ငွေကြေးနှင့် ငွေပေးချေမှုနည်းလမ်းတစ်ခုအဖြစ်သုံးရန် ဘဏ်အနေဖြင့် မရင်းနီးသေးဘူးဟု ထပ်လောင်းပြောကြားသွားခဲ့သည်။  ငွေဖြစ်လွယ်မှု(Volatility) နှင့်ပတ်သတ်ပြီး စဉ်းစားဖို့လိုသလို၊ ထိုပစ္စည်းအပေါ် လူထုနားလည်မှု မရှိသေးကြောင်းလည်း မှတ်ချက်ပြုသွားခဲ့ပါသည်။  ဘဏ်အနေဖြင့် Bitcoin ၏ နောက်ထပ်တိုးတတ်လာမှုကို သေချာလေ့လာ စစ်ဆေးဖို့လိုပြီး သူ့အကျိုးကျေးဇူးနှင့် စွန့်စားရမည့်အရာများကြားသေချာ ချိန်ညှိရမည်ဖြစ်ကြောင်း အသေးစိတ် ဖြည့်ပြောသွားခဲ့ပါသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Bitcoin ဆိုတာဘာလဲ?

Bitcoin ဆိုသည်မှာ လျို့ဝှက်ထားသောငွေကြေး(cryptoncurrency) ဟုသိရသော အီလက်ထရွန်နစ်ငွေကြေးတစ်ခုဖြစ်သည်။  Bitcoinများသည် အပတ်တကုတ်သချာင်္နည်းအရ တွက်ချက်ဖန်တီးထားသော အများပြည်သူသုံး ဒစ်ဂျစ်တယ် ပိုက်ဆံတစ်မျိုး ဖြစ်ပြီး သန်းပေါင်းများစွာသော "miners" ဟုခေါ်သော ကွန်ပျူတာအသုံးပြုသူများမှ ထိန်းသိမ်းကြပ်မတ်ထားသည်။  အချုပ်အားဖြင့် Bitcoinများမှာ ပိုက်ဆံတန်ဖိုးရှိသော code အမျှင်တန်းရှည်ရှည် အဖြစ်ပြောင်းထားသည့် လျှပ်စစ် တစ်မျိုးဖြစ်သည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Bitcoin ဘယ်လို အလုပ်လုပ်သလဲ?

Bitcoinများသည် သူ့တန်ဖိုးသူ ထိန်းသိမ်းထားဖို့ ဒီဇိုင်းထုတ်ထားသော တကယ့်အစစ်အမှန်မဟုတ်သည့် ဒင်္ဂါးများသာဖြစ်သည်။  ဘဏ်တွေအတွက်တော့ ဟိုရွှေ့ဒီရွှေဖြင့် ထိန်းသိမ်းရန်မလိုပါ။  သင် Bitcoin ကိုပိုင်ဆိုင်ပြီဆိုရင် သူတို့က ရွှေဒင်္ဂါးတွေကဲ့သို့ဖြစ်သွားသည်။  သူတို့မှာ တန်ဖိုးရှိသွားပြီး သင့်အိပ်ထဲက ရွှေတုံးတွေကဲ့သို့ အရောင်းအဝယ်လုပ်လို့ရသည်။  သင် Bitcoin ကို online ၌ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ ဝယ်ယူရာတွင် အသုံးပြုနိုင်သည်။  သို့မဟုတ် သင် သိမ်းထားပြီး နောက်နှစ်များကြာရင် ဈေးတတ်လာမည်ကို မျှော်မှန်းထားလို့လဲ ရသည်။

Bitcoinများကို တယောက်၏ Walletဟုခေါ်သော ကိုယ်ပိုင်ပိုက်ဆံအိပ် မှ တခြားတယောက်စီသို့ ရောင်းဝယ် ကူးပြောင်းလို့ရသည်။  Wallet ဆိုသည်မှာ သင့်ကွန်ပျူတာ drive၊ သင့်စမတ်ဖုန်း၊ သင့်Tablet သို့မဟုတ် အွန်လိုင်းသိမ်းဆည်းလို့ရသောနေရာ တစ်ခုခုတွင် သင်သိုလှောင်မှတ်ထားသော သင့်၏ ကိုယ်ပိုင်သတင်းအချက်အလတ် သေးသေးလေးတစ်ခုဖြစ်သည်။  သေချာလေ့လာကြည့်ရင် Bitcoinများသည် အတုအပ ကာကွယ့်ပြီးသားဖြစ်သည်။  Bitcoin တစ်ခုဖန်တီးဖို့အတွက် ကွန်ပျူတာနှင့် ခက်ခက်ခဲခဲ ပြုလုပ်ရပါသည်။  အတူလုပ်သူအနေဖြင့် ထိုစနစ်ကို ကြိုးကိုင်ထားနိုင်ရင်တောင်မှ မည်သည့် ငွေကြေးတန်ဖိုးမျှ မရှိနိုင်ပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အမှန်တကယ်သက်ဆိုင်ပါတယ်

Bitcoin ကို သုံးမသုံးသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများအပေါ် အလွန်သက်ဆိုင်နေပါသည်။  အကယ်၍ မြန်မာနိုင်ငံနှင့် ကုန်သွယ်နေသော အခြားနိုင်ငံများမှ Bitcoinကို တရားဝင်ငွေပေးချေမှုနည်းလမ်းအဖြစ် သက်မှတ်လိုက်လျှင် အနာဂတ်မှာ မြန်မာနိုင်ငံတွင်လည်း ထိုကဲ့သို့ ဦးတည်လာနိုင်ပါသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ထိုကဲ့သို့သော သင်တို့ Financial Instrument များကို ပိုမိုနားလည်လာနိုင်စေရန် Financial Thutha သည် ဤကဲ့သို့သော Financial Instrument များအကြောင်းကို ဝေငှပေးပါသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

*** This article is being extracted and referenced from https://news.bitcoin.com/bank-of-thailand-relax-strict-rules-study-bitcoin/. 
The article is written from Kevin Helms. It is also extracted and referenced from https://www.lifewire.com/what-are-bitcoins-2483146 . Financial Thuta would like to sincerely thank lifewire and Bitcoin.com as this article has been referenced from these sites. Image is from https://www.lifewire.com/what-are-bitcoins-2483146
Financial Thuta combines these insights from these sources in their analysis. *** Do note that certain parts are written by Financial Thuta. It is also being translated by Financial Thuta. Financial Thuta is sharing the article to encourage financial learning in Myanmar solely for the purpose of learning, This article does not reflect the opinions and recommendations of Financial Thuta. All recommendations are made wihout guarantee on the part of Financial Thuta. Financial Thuta disclaim any liability in connection with the use of this information.
Credit :finaisal thutha
Sort:  

great information

Do you have voting power? They show 0.00 $
Nevermine anyway thank you

Thanks Bro

Congratulations @minsoenaing! You have completed some achievement on Steemit and have been rewarded with new badge(s) :

You got a First Reply

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!