📢📢

in #artzone7 years ago

Peace in the heart conquers the opposing forces
နှလုံးအိမ်ထဲမှာ အေးချမ်းခြင်းသည် ဆန့်ကျင်ဘက် အင်အားစုများကို အောင်နိုင်၏

As human beings, we have a responsibility to uphold certain good principles for our own benefit as well as for others. This makes sense because when we observe the precepts, we also protect others. So long as we are not perfect, if we like to have good neighbours, we must ensure that we have a strong fence, or else it will lead to arguments, disturbances and misunderstanding.

ကျွန်တော်တို့ဟာ လူသားဖြစ်ကြသည်နှင့်အညီ မိမိကောင်းကျိုး သူတစ်ပါးကောင်းကျိုးအတွက် ကောင်းမွန်တဲ့ အခြေခံသဘောတရားတွေကို ထိန်းသိမ်းရန် ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ ကျွန်တော်တို့က ကိုယ်ကျင့်သီလတွေကို စောင့်ထိန်းတဲ့အခါ အခြားသူတွေကို အကာအကွယ်ပေးရာလည်း ရောက်တဲ့အတွက် ဒါဟာ ယုတ္တိရှိပါတယ်။ ကျွန်တော်တို့မှာ ပြည့်စုံမှု မရှိသမျှ အိမ်နီးချင်းကောင်းရချင်ရင် ခိုင်ခံ့တဲ့ ခြံစည်းရိုး ရှိထားရပါမယ်။ အဲလိုမှမဟုတ်ရင် အငြင်းပွာမှုတွေ၊ အနှောင့်အယှက်တွေ၊ နားလည်မှုလွဲတာတွေ ဖြစ်ပေါ်စေပါလိမ့်မယ်။

When we erect a good fence or wall, we not only protect our house and our family, we would at the same time, protect the houses of our neighbours as well. So observing precepts is exactly like this. When we decide not to kill or harm others, then we allow others to live peacefully without fear. That ​is the highest contribution that we could render​ to others.

ကျွန်တော်တို့က ကောင်းမွန်တဲ့ ခြံစည်းရိုး ဒါမှမဟုတ် အုတ်တံတိုင်း တည်ဆောက်ထားရင် ကျွန်တော်တို့အိမ်၊ ကျွန်တော်တို့ မိသားစုကို ကာကွယ်ရုံသာမက တစ်ချိန်တည်းမှာ ကျွန်တော်တို့ အိမ်နီးချင်းတွေရဲ့ အိမ်တွေကိုလည်း အကာအကွယ်ပေးရာရောက်ပါတယ်။ ကိုယ်ကျင့်သီလတွေကို စောင့်ထိန်းခြင်းဟာ ဒီသဘောဖြစ်ပါတယ်။ ကျွန်တော်တို့က သူများအသက်မသတ်ရန် ဒါမှမဟုတ် အန္တရာယ်မပြုရန် စိတ်ပိုင်းဖြတ်လိုက်တဲ့အခါ အခြားသတ္တဝါတွေကို စိုးရိမ်မှုကင်းစွာ အေးအေးချမ်းချမ်း ရှင်သန်ခွင့်ပေးရာရောက်သွားပါတယ်။ ဒါဟာ အခြားသူတွေကို ကျွန်တော်တို့ ပေးလိုက်တဲ့ အမြင့်ဆုံး အကူအညီဖြစ်ပါတယ်။

We should stop swindling and cheating​ others so that they can live peacefully without fear and suspicion. If we know how to fulfil our ​duties and responsibilities, we uphold our human dignity and intelligence. By doing so, we maintain peace, harmony and calmness in our life. Robert Frost says in his lovely poem, 'if we are good by nature and our neighbours are good by nature, then fences become redundant.'

အခြားသူတွေ စိုးရိမ်စိတ်၊ သံသယစိတ်ကင်းပြီး အေးအေးချမ်းချမ်း နေထိုင်နိုင်ရန် သူတစ်ပါးကို ကလိမ်ကျတာ လိမ်လည်လှည့်စားတာကို ကျွန်တော်တို့ ရပ်သင့်ပါတယ်။ တကယ်လို့ ကျွန်တော်တို့ရဲ့ တာဝန်တွေ၊ ဝတ္တရားတွေကို ဘယ်လိုဖြည့်ကျင့်ရမယ်ဆိုတာ သိနားလည်ရင် လူ့ဂုဏ်သိက္ခာနဲ့ အသိဉာဏ်ကို ထိန်းသိမ်းနိုင်ပါတယ်။ ဒီလို ထိန်းသိမ်းခြင်းအားဖြင့် ဘဝမှာ ငြိမ်ချမ်းမှု၊ ညီညွတ်မှု၊ စိတ်အေးချမ်းမှုတွေကို စောင့်ရှောက်ရာရောက်ပါတယ်။ Robert Frost က သူရဲ့ နှစ်သက်ဖွယ်ကဗျာလေးထဲမှာ "တကယ်လို့ ကျွန်တော်တို့ပင်ကိုယ်ဗီဇက ကောင်းမယ်၊ ကျွန်တော်တို့ အိမ်နီးချင်းတွေရဲ့ ပင်ကိုယ်ဗီဇကလည်း ကောင်းမယ်ဆိုရင် ခြံစည်းရိုးတွေ မလိုအပ်တော့ဘူး" လို့ ဆိုထားပါတယ်။

Some so called primitive societies in the past did actually live such ideal lives. But as far as we are concerned especially in urban societies, we need the fences of religions to protect ourselves and others. To do this we observe religious precepts (sila). Sila means discipline to train the mind. We train ourselves by observing some religious principles, knowing the dangers of violating them.

ဟိုယခင် ရှေးတုန်းကလို့ပြောကြတဲ့ လူ့အဖွဲ့အစည်းတွေဟာ အဲဒီလို ခြံစည်းရိုးမလိုတဲ့ စံပြဘဝနဲ့ အမှန်တကယ် နေထိုင်ခဲ့ကြတာပါ။ ဒါပေမယ့် ကျွန်တော်တို့ ပါဝင်ပတ်သက်နေတဲ့ လူ့အဖွဲ့အစည်း အထူးသဖြင့် မြို့ပြလူ့အဖွဲ့အစည်းတွေမှာ ကိုယ့်ကိုယ်ကိုရော အခြားသူတွေကိုပါ ကာကွယ်ရန် ဘာသာရေးဆိုတဲ့ ခြံစည်းရိုးတွေ ကျွန်တော်တို့မှာ လိုအပ်လာပါတယ်။ ဒီလို ကာကွယ်ဖို့ ဘာသာရေးကလမ်းညွှန်တဲ့ အကျင့်သီလတွေကို စောင့်ထိန်းရတာဖြစ်ပါတယ်။ သီလဆိုတာ စိတ်ကို လေ့ကျင့်ပေးတဲ့ စည်းစနစ်ကို ဆိုလိုတာပါ။ ကျွန်တော်တို့ဟာ သီလချိုးဖောက်ခြင်းရဲ့ အန္တရာယ်ကို သိနားလည်တာကြောင့် ဘာသာရေးကလမ်းညွှန်တဲ့ ကိုယ်ကျင့်သီလတွေကို စောင့်ထိန်းခြင်းဖြင့် ကိုယ့်စိတ်ကို လေ့ကျင့်ပေးရတာဖြစ်ပါတယ်။

There is a difference between Buddhist precepts and the commandments and religious laws of other faiths. Many people follow their religious obligations due to the dread of punishment. It is quite possible that without the threat of hell-fire many people would not take their religious laws seriously. But Buddhists follow religious principle by keeping away from bad deeds knowing they are wrong.

ဗုဒ္ဓဘာသာက လမ်းညွှန်တဲ့ ကျင့်ဝတ်သီလတွေ၊ လမ်းညွှန်ချက်တွေနဲ့ အခြား ဘာသာတွေရဲ့ ယုံကြည်မှုဆိုင်ရာ ပြဋ္ဌာန်းချက် ဥပဒေသတွေအကြားမှာ ခြားနားချက်ရှိပါတယ်။ လူအများစုဟာ အပြစ်ပေးခံရမှာကို ထိပ်လန့်တာကြောင့် သူတို့ရဲ့ ဘာသာရေးဆိုင်ရာ ဝတ္တရားတွေကို လိုက်နာကြတာ ဖြစ်ပါတယ်။ ငရဲမီးဆိုတဲ့ ကြောက်စရာခြိမ်းခြောက်မှု မရှိရင် လူများစွာဟာ ဘာသာရေးဆိုင်ရာ ကျင့်ဝတ် စည်းကမ်းတွေကို လေးလေးနက်နက် လိုက်နာမှာမဟုတ်ဘူးဆိုတဲ့စကားဟာ လုံးဝ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဗုဒ္ဓဘာသာဝင်တွေကတော့ မကောင်းမှုတွေဟာ မှားယွင်တယ်ဆိုတာကို သိရှိပြီး ထိုမကောင်းမှုတွေမှ ရှောင်ကျဉ်ခြင်းဖြင့် ဘာသာရေးကလမ်းညွှန်တဲ့ သီလတွေကို လိုက်နာစောင့်ထိန်းကြတာပါ။

Of course we must add a word of caution here. Just because someone calls himself 'a Buddhist' does not mean that he is automatically considered pure! A Buddhist is one who sincerely follows The Teaching of the Buddha to make him or herself a Noble being. This requires much honesty and effort. Religious teachers always maintain that human happiness does not depend upon the satisfaction of physical appetites and passions, or upon the acquisition of material wealth. This fact is also clear from empirical human experience.

ဟုတ်ကဲ့ ဒီနေရာမှာ သတိပေးစကား ပြောလိုတာက လူတစ်ယောက်ဟာ သူကိုယ့်သူ ဗုဒ္ဓဘာသာလို့ အမည်ခံရုံနဲ့ အလိုလို အပြစ်ကင်း စင်ကြယ်သွားတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဆိုတာ သူတော်ကောင်းအဖြစ်ရောက်အောင် မြတ်ဗုဒ္ဓ၏ တရားတော်တွေကို မှန်မှန်ကန်ကန် လိုက်နာသူဖြစ်ပါတယ်။ ဒီအတွက် အလွန် ရိုးသားမှုနဲ့ ကြိုးစားမှု လိုအပ်ပါတယ်။ ဘာသာရေးဆရာတွေက လူတစ်ယောက်ရဲ့ စိတ်ချမ်းသာမှုဟာ ရုပ်ပိုင်းဆိုင်ရာ အာသာဆန္ဒတွေ၊ မက်မောမှုတွေ အလိုပြည့်ခြင်းအပေါ် မူတည်တာမဟုတ် ဒါမှမဟုတ် ရုပ်ဝတ္ထုပစ္စည်း အမြောက်အမြား ရှာဖွေရရှိမှုအပေါ် မူတည်တာမဟုတ်လို့ အမြဲ ခံယူထားကြပါတယ်။ ဒီအချက်ဟာ လက်တွေ့မျက်မြင်ကို အခြေခံတဲ့ လူသားအတွေ့အကြုံနဲ့လည်း ကိုက်ညီပါတယ်။

Even if we have all the worldly pleasures, we cannot still be happy and peaceful if our minds are constantly obsessed with anxiety and hatred, arising from ignorance with regard to the true nature of existence. Genuine happiness cannot be defined in terms of wealth, power, children, fame and inventions. These are no doubt conducive to some temporary physical comfort but not to happiness in the ultimate sense.

တကယ်လို့ ကျွန်တော်တို့စိတ်က အစစ်အမှန် ဘဝသဘောတရားကို မသိနားမလည်မှုမှ ပေါ်ပေါက်လာတဲ့ မုန်းတီးမှု၊ စိုးရိမ်ပူပန်မှုတွေကို စွဲလန်းနေမယ်ဆိုရင် လောကအပျော်အပါးတွေ အားလုံး ရရှိရင်တောင် စိတ်ချမ်းသာမှု၊ စိတ်နေငြိမ်းချမ်းသာမှုတွေ ကျွန်တော်တို့ မခံစားရနိုင်ပါဘူး။ အစစ်အမှန် စိတ်ချမ်းသာမှုကို ဥစ္စာဓန၊ အာဏာပါဝါ၊ သားသမီး၊ ကျော်ကြားမှု၊ တီထွင်နိုင်စွမ်းဆိုတဲ့ ဝေါဟာရတွေနဲ့ အဓိပ္ပါယ်မဖွင့်ဆိုနိုင်ပါဘူး။ ဒါတွေဟာ ယာယီ ရုပ်ပိုင်းဆိုင်ရာ သက်သာမှုအချို့ကို ဖြစ်စေတယ်ဆိုတာ သံသယရှိစရာ မလိုပေမယ့်၊ အဆုံးစွန် ခံစားရတဲ့ စိတ်ချမ်းသာမှုကို မဖြစ်စေနိုင်ပါဘူး။

This is particularly so when possessions are unjustly obtained or misappropriated. They become a source of pain, guilt and sorrow rather than happiness to the possessors. Fascinating sights, enchanting music, fragrant scents, delicious tastes and tempting body contacts mislead and deceive us, only to make us slaves of worldly pleasures.

အထူးသဖြင့် ပိုင်ဆိုင်မှုတွေကို မတရားသဖြင့် ရရှိတဲ့အခါ သို့မဟုတ် မတော်မတရားရရှိတဲ့ အခါမျိုးမှာ စိတ်ချမ်းသားမှုကို မဖြစ်စေနိုင်ပါ။ ထိုအရာတွေဟာ ပိုင်ဆိုင်သူတွေအတွက် စိတ်ချမ်းသာမှုအစား စိတ်ဆင်းရဲခြင်း၊ လိပ်ပြာမလုံခြင်း၊ စိတ်သောကရောက်ခြင်းတွေရဲ့ အရင်းအမြစ်ဖြစ်သွားပါတယ်။
စွဲမက်ဖွယ် မြင်ကွင်းများ၊ ကြည်နူးဖွယ် တေးသံသာများ၊ သင်းပျံ့မွှေးကြိုင်တဲ့ ရနံ့များ၊ အရသာရှိတဲ့ စားသောက်ဖွယ်များ၊ မက်လောက်စရာ ကိုယ်ခန္ဓာအထိအတွေ့များဟာ ကျွန်တော်တို့ကို လှည့်စား ဖြားယောင်းပြီး လောကအပျော်အပါးတွေရဲ့ ကျွန်ဘဝသို့ ရောက်စေပါတယ်။

While no one will deny that there is momentary happiness in the anticipation of as well as during the gratification of the senses, such pleasures are fleeting. When viewed in retrospection, a person can understand the fleeting and unsatisfactory nature of such pleasures, paving the way to a better understanding of this reality. If material possessions are the precondition of happiness, then wealth and happiness would be synonymous. Wealth cannot quench the burning thirst of craving.

အာရုံတွေခံစားရစဉ် အားရကျေနပ်မှုရှိသကဲ့သို့ ကြိုတင်မျှော်မှန်းထားတဲ့ ယာယီ စိတ်ချမ်းသာမှု ရှိတယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပေမယ့် အဲဒီ ကြည်နူးမှုတွေဟာ တစ်ခဏသာခံပါတယ်။ လက်တွေ့ဘဝကို ပိုမို နားလည်အောင် လမ်းဖွင့်ပေးကာ နောက်ကြောင်းပြန်တွေးပြီး မြင်ကြည့်တဲ့အခါ ထိုကြည်နူးမှုတွေရဲ့ တစ်ခဏပဲခံတဲ့သဘော၊ ကျေနပ်ဖွယ်မရှိတဲ့ သဘောကို နားလည်နိုင်ပါတယ်။ တကယ်လို့ ရုပ်ဝတ္ထုပစ္စည်းပိုင်ဆိုင်မှုတွေဟာ စိတ်ချမ်းသာခြင်းအတွက် မရှိမဖြစ် လိုအပ်ရင် ဥစ္စာဓနနဲ့ စိတ်မချမ်းသာမှုဟာ အဓိပ္ပါယ်တူ စကားလုံးများဖြစ်ရပါမယ်။ ဥစ္စာဓနဟာ အလွန်ပြင်းပြတဲ့ တောင့်တမှု အာသာဆန္ဒကို မပြေပျောက်စေနိုင်ပါဘူး။

We can never be happy if we merely seek to satisfy our gross animal desires, to satisfy our need for the pleasures​ of food and sex. If it were so, then with the tremendous progress achieved in every field, the world​ could well be on the road to complete happiness. But this is obviously not the case. Worldly desires can never be entirely satisfied because the moment we obtain something we want, we soon become dissatisfied with it and crave for something else.

တကယ်လို့ ကျွန်တော်တို့ဟာ အရိုင်းအစိုင်း တိရစ္ဆာန်တွေရဲ့ အလိုဆန္ဒမျိုးတွေကို အာသာဖြေဖို့ ရှာဖွေရုံမျှဆိုရင်၊ အစားအသောက်နဲ့ လိမ်ဆက်ဆံမှုကရတဲ့ ကြည်နူးမှုတွေအတွက် လိုအပ်ချက်ကို ဖြည့်ဆည်းရုံမျှဆိုရင် ကျွန်တော်တို့ ဘယ်တော့မှ စိတ်ချမ်းသာမှာမဟုတ်ပါဘူး။ အဲလိုသာဖြစ်ခဲ့ရင် နယ်ပယ်အသီးသီးမှာ ကြီးမားတဲ့ တိုးတက်မှုနှင့်အတူ ကမ္ဘာလောကကြီးဟာ လုံးဝ စိတ်ချမ်းသာစရာကောင်းတဲ့ လမ်းမထက်မှာ ရှိနေခဲ့ရပါမယ်။ ဒါပေမယ့် အဲဒီလို အခြေအနေမဟုတ်တာ သိသာထင်ရှားပါတယ်။ လောကီအလိုဆန္ဒတွေကို ဘယ်တော့မှ အပြည့်အဝ အားရကျေနပ်သွားတယ်ဆိုတာ မရှိဘူး။ အကြောင်းကတော့ ကျွန်တော်တို့လိုချင်တာ တစ်ခုခုရပြီး တစ်ခဏမှာပဲ ထိုအရာအပေါ် အားမလို အားမရဖြစ်လာပြီး အခြားအရာတစ်ခုကို မက်မောတောင့်တကြလို့ပါ။

When the changes and decay, occur in the many things we cling to, we experience unhappiness. The ​enjoyment of sensual pleasure is not real happiness.​True happiness can only arise from the full freedom of the mind. The source of happiness is not physical: it must be found in a mind free from mental​ disturbances. Worldly treasures are impermanent but transcendental treasures like confidence, morality, generosity, honesty and wisdom are imperishable.

ကျွန်တော်တို့ စွဲငြိနေတဲ့ အရာများတွင် အပြောင်းအလဲတွေနဲ့ ယိုယွင်းပျက်စီးမှု ဖြစ်ပွားတဲ့အခါ စိတ်မချမ်းမသာ ခံစားကြရတယ်။ ကာမဂုဏ် အာရုံကို ခံစားခြင်းဟာ အစစ်အမှန်စိတ်ချမ်းသာမှု မဟုတ်ပါဘူး။ အစစ်အမှန် စိတ်ချမ်းသာမှုဟာ အပြည့်အဝ စိတ်လွတ်လပ်မှုကနေသာ ပေါ်ပေါက်လာနိုင်တာပါ။ စိတ်ချမ်းသာမှုရဲ့ အရင်းအမြစ်ဟာ ရုပ်ပိုင်းဆိုင်ရာ မဟုတ်ပါဘူး။ ယင်းကို အတွင်းမှာ အနှောင့်အယှက်တွေကင်းတဲ့ စိတ်ထဲတွင်သာ တွေ့နိုင်ပါတယ်။ လောကီ ရတနာတွေဟာ မမြဲပါဘူး၊ ဒါပေမယ့် ကိုယ့်ကိုယ်ကို ယုံကြည်မှု၊ ကိုယ်ကျင့်တရားကောင်းမှု၊ ရက်ရောမှု၊ ရိုးသားမှုနှင့် ပညာကဲ့သို့သော ရုပ်ပိုင်းကိုကျော်လွန်ပြီး နာမ်ပိုင်းနဲ့ဆိုင်တဲ့ ရတနာများကသာ မပျက်စီး မပျောက်ပျက်နိုင်တာပါ။

Emotional attachment, hatred and jealousy debase a person; but goodwill, sympathetic joy and an unbiased attitude will make him noble, even divine in this life itself. Man can develop and maintain his inner peace only by turning his thoughts inwards instead of outwards. Be aware of the dangers and pitfalls of the destructive forces of greed, hatred and delusion. Learn to cultivate and sustain the benevolent forces of kindness, love and harmony.

စိတ်ခံစားမှုနှင့်ဆိုင်တဲ့ တွယ်တာမှု၊ မုန်းတီးမှု၊ မနာလိုမှုတွေဟာ လူတစ်ယောက်ကို အဆင့်အတန်း နိမ်ကျသွားစေပါတယ်။ စေတနာကောင်းမှု၊ မုဒိတာပွားမှုနှင့် ဥပေက္ခာစိတ်ထားကတော့ ထိုသူကို မြင့်မြတအောင် လုပ်ဆောင်ပေးပါတယ်။ ဒီဘဝမှာတင် အံ့ဖွယ်ကောင်းတဲ့ စိတ်ထားဖြစ်ပါတယ်။ လူဟာ အတွေးတွေကို အပြင်ဘက်ထက် စိတ်အတွင်းဘက်ကို လှည်းပေးခြင်းဖြင့် စိတ်အတွင်း အေးချမ်းမှုကို တိုးမြှင့်ပြီး ထိန်းထားနိုင်ပါတယ်။ လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ အပျက်သဘော အင်းအားတွေရဲ့ အန္တရာယ်တွေ၊ ဖြစ်ပေါ်လာနိုင်တဲ့ ဘေးတွေကို သတိထားပါ။ ကြင်နာမှု၊ ချစ်ခင်မှု၊ စိတ်သဘောထား ညီညွတ်မှုဆိုတဲ့ အကျိုးပြုသည့် အားအင်တွေကို ပျိုးထောင်ပြီး အားဖြည့်ပေးရန် လေ့လာပါ။

The battleground is within us, and it is within us that the greatest battle has to be fought and won. The battle is not fought with weapons, but with mental awareness of all the negative and positive forces within our minds. This awareness is the key to unlock the door from which conflict and strife as well as wholesome thoughts emerge. The mind is the ultimate source of all happiness and misery.

စစ်မြေပြင်ဆိုတာ ကျွန်တော်တို့ စိတ်အတွင်းမှာရှိပါတယ်။ ကျွန်တော်တို့ စိတ်အတွင်းက အကြီးဆုံး စစ်ပွဲကို တိုက်ခိုက် အနိုင်ယူရပါမယ်။ စိတ်ပွဲကို လက်နက်တွေနဲ့ တိုက်ခိုက်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ စိတ်အတွင်းက အပျက်သဘောထား၊ အပြုသဘောထား အင်အားတွေအားလုံးကို သတိတရားနဲ့ တိုက်ခိုက်ရမှာပါ။ သတိတရားဟာ ပဋိပက္ခနဲ့ ပြဿနာကနေ ထွက်ပေါက်ရအောင် ဖွင့်ပေးတဲ့ သော့ချောင်းဖြစ်သလို၊ ကောင်းမွန်တဲ့ အတွေးတွေ ထွက်ပေါ်လာစေမယ့် တံခါးပေါက်ကို ဖွင့်ပေးတဲ့ သော့ချောင်းလည်းဖြစ်ပါတယ်။ စိတ်ဟာ ချမ်းသာမှုနဲ့ ဆင်းရဲမှုအားလုံးရဲ့ မူလ အရင်းအမြစ်ဖြစ်ပါတယ်။

For there to be happiness in the world, the mind of the individual must first be at peace and happy. Individual happiness is conducive to the happiness of the society, while the happiness of society means happiness to the nation. It is on the happiness of nations that the happiness of the world is built. From the lessons of life, it is clear that real victory is never gained by strife. Success is never achieved by conflict. Happiness is never experienced through ill- feeling.

ကမ္ဘာကြီးထဲမှာ ပျော်ရွှင်ချမ်းမြေ့မှု ဖြစ်ပေါ်လာရန် ရှေးဦးစွာ လူတစ်ဦးချင်းရဲ့ စိတ်က ချမ်းမြေ့ ပျော်ရွှင်နေရပါမယ်။ တစ်ဦးချင်းရဲ့ စိတ်ချမ်းသာမှုက လူ့အဖွဲ့အစည်းရဲ့ စိတ်ချမ်းသာမှုကို ဖြစ်စေပါတယ်။ လူ့အဖွဲ့အစည်းရဲ့ စိတ်ချမ်းသာမှုဆိုတာ နိုင်ငံရဲ့ စိတ်ချမ်းသာမှုပါပဲ။ နိုင်ငံတွေရဲ့ စိတ်ချမ်းသာမှုအပေါ်မှာ ကမ္ဘာ့လောကရဲ့ စိတ်ချမ်းသာကို တည်ဆောက်ရပါတယ်။ ဘဝသင်ခန်းစာတွေအရ ခိုက်ရန်ဒေါသနှင့် အစစ်အမှန်အောင်ပွဲကို ဘယ်တော့မှ မရဘူးဆိုတာ ထင်ရှားပါတယ်။ ပဋိပက္ခနဲ့ ဘယ်တော့မှ အောင်မြင်မှု မရပါဘူး။ မကောင်းတဲ့ အတွေးအမြင်ကနေ ဘယ်တော့မှ စိတ်ချမ်းသာမှု မခံစားရပါဘူး။

Peace is never achieved by accumulating more wealth and by gaining worldly power. Peace is gained by letting go of our selfishness and helping the world with acts of love. Peace in the heart conquers all opposing forces. It also helps us maintain a healthy mind and live a rich and fulfilling life of happiness and contentment.

ပိုမိုများပြားတဲ့ ဥစ္စာဓနတွေကို စုဆောင်းမိခြင်း၊ အဆင့်ပိုမြင့်တဲ့ လောကီ အာဏာပါဝါကို ရရှိခြင်းဖြင့် စိတ်အေးချမ်းသာမှု မခံစားရပါဘူး။ အတ္တကြီးမှုကို စွန့်လွှတ်ပြီး လောကလူသားတွေကို မေတ္တာသက်ဝင်တဲ့ လုပ်ရပ်တွေနဲ့ ကူညီခြင်းဖြင့်သာ စိတ်အေးချမ်းသာမှု ခံစားရပါတယ်။ နှလုံးအိမ်ထဲမှာ အေးချမ်းနေခြင်းဟာ ဆန့်ကျင်ဘက် အင်အားစုအားလုံးကို အောင်နိုင်ပါတယ်။ အဲဒါဟာ စိတ်ကောင်း စိတ်မြတ်ကို ထိန်းထားနိုင်အောင်လည်း အကူအညီပေးပါတယ်။ ပြီးတော့ ထူးထူးကဲကဲ စိတ်ချမ်းသာပြီး အားရကျေနပ်စရာကောင်းတဲ့ဘဝနဲ့ နေနိုင်အောင် အကူအညီပေးပါတယ်။

ဒေါက်တာအရှင်ကုမုဒ (ဗောဓိတထောင်ကြာတစ်ပွင့်)

image

@kbkb