၁၉၆၉ ခုနှစ်မှာအနုပညာလုပ်ငန်းနဲ့ အသံနောက်ခံစကားပြောသရုပ်ဆောင်လုပ်ပြီးသက်မွေးဝမ်းကျောင်းမှု စတင်ခဲ့ပါတယ်။
သူဟာအင်ဂျင်နီယာတစ်ဦး ဖြစ်ချင်ခဲ့တာဖြစ်ပြီးအိန္ဒိယလေတပ်ထဲဝင်ဖို့အတွက်လည်းစိတ်အားထက်သန် ခဲ့ပါတယ်။ပထမဦးဆုံးရတဲ့ လစာငွေက ရူပီး ၃၀၀ သာဖြစ်ပါတယ်။
ဆရာဖြစ်သူမန်မုဒ်ကဆိုရင် အမီတာဘဂျမ်းဘဝကိုခက်ခဲရုန်းကန်နေရတဲ့အချိန် ဘေးနားမှာလမ်းပြပေးခဲ့ပြီးသူ့အိမ်မှာပဲနေစရာပေးခဲ့ပါတယ်။
၁၉၉၅ ခုနှစ်မှာပြုလုပ်ခဲ့တဲ့ Miss World Beauty Pageant မှာဆိုရင် ဒိုင်တစ်ဦးအဖြစ်ပါဝင်ခဲ့ဖူးပါတယ်။
ဇာတ်ကားတော်တော်များများမှာလူနှစ်ကိုယ်ခွဲအဖြစ်သရုပ်ဆောင်ခဲ့ရပြီးမတူတဲ့ဇာတ်ကောင်နှစ်ခုကိုအပိုင်နိုင်ဆုံးသရုပ်ဆောင်နိုင်ခဲ့ပါတယ်။သူ့ရဲ့အသံအနိမ့်အမြင့်က ရယ်စရာကောင်းတယ်လို့ကျော်ကြားတဲ့အတွက် ရေဒီယိုအသံလွှင့်ဌာနတွေကသူ့ကိုပယ်ချခဲ့ကြပါတယ်။
Hello! I find your post valuable for the wafrica community! Thanks for the great post! @wafrica is now following you! ALWAYs follow @wafrica and use the wafrica tag!