🔍

in #artzone7 years ago

A human being must always think of rising higher in goodness, wisdom and wealth
လူဆိုတာ ကုသိုလ်၊ ပညာ၊ ဥစ္စာ ပိုမိုတိုးပွားအောင် အမြဲ တွေးတောနေရမယ်

Julian​Huxley says: 'Life should lead to the fulfilment of innumerable possibilities - physical, mental, spiritual and so forth - what man is capable of. And humanity is capable of greater and nobler things.' You are born into this world to do some good and not ​to pass your time in idleness. If you are indolent, then you are a burden to this world.

"ဘဝဆိုတာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ဘာသာရေးဆိုင်ရာစသဖြင့် လူသားတွေ စွမ်းနိုင်တဲ့ ကိစ္စရပ်တွေမှာ ကျေနပ်မှုတွေ ရသင့်တယ်။ လူသားဟာ ကြီးကြီးမားမားတွေ၊ ပိုမို မြင့်မြတ်တာတွေကို လုပ်နိုင်စွမ်းရှိတယ်" လို့ Julian​ Huxley က ဆိုပါတယ်။ သင်ဟာ ကောင်းတာတွေ လုပ်ဆောင်ဖို့ ဒီလောကကြီးထဲကို မွေးဖွားလာတာဖြစ်တယ်။ အလဟဿနေပြီး အချိန်ဖြုန်းဖို့ မွေးလာတာမဟုတ်ပါဘူး။ တကယ်လို့ ပျင်းရိနေမယ်ဆိုရင် သင်ဟာ ကမ္ဘာကြီးအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်သွားပါတယ်။

You must always think of rising higher in goodness, wisdom ​and knowledge. You will be abusing the privileges of becoming​ a human being if you do not prove yourself worthy of the merit which brought you here. To waste one's existence in grieving over the past, in idleness and heedlessness is to show one's unfitness for this world.

ကုသိုလ်၊ ပညာ၊ ဥစ္စာ ပိုမိုတိုးပွားလာအောင် အမြဲတွေးတောနေရပါမယ်။ တကယ်လို့ လူ့ဘဝကို ရောက်လာစေတဲ့ ထိုက်ထိုက်တန်တန် ကုသိုလ်တရား သင့်မှာရှိတယ်ဆိုတာ သက်သေမပြနိုင်ရင် လူသားတစ်ယောက် ဖြစ်လာရခြင်းရဲ့ အခွင့်အရေးတွေကို အလွဲသုံးစားပြုရာရောက်ပါမယ်။ ဘဝကို အလေးအနက်မထားဘဲ အတိတ်ကိုတွေးပြီး ဝမ်းနည်းကြေကွဲရင်း ပျင်းရိနေကာ ရှင်သန်မှုကို ဖြုန်းတီးတာဟာ ဒီလောကနဲ့ မထိုက်တန်ကြောင်း ဖော်ပြနေတာဖြစ်ပါတယ်။

The tree of civilization has its roots deep in spiritual values which most of us have not realised. Without these roots the leaves would have withered and left the tree a lifeless stump. The Buddha advised us not to be lazy, but to get up and do some work and try to gain some income and protect what we have earned without wasting it. The Buddha saw worldly life in its proper perspective, without any selfish or egoistic attitude.

လူ့ယဉ်ကျေးမှုဆိုတဲ့ သစ်ပင်ကြီးဟာ ကျွန်တော်တို့ အများစု သဘောမပေါက်တဲ့ စိတ်ပိုင်းဆိုင်ရာ တန်ဖိုးတွေမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတာပါ။ ဒီအမြစ်တွေမရှိရင် သစ်ရွက်တွေ ညှိုးခြောက်ပြီး အသက်မဲ့တဲ့ သစ်ငုတ်တိုအဖြစ်ပဲ ကျန်နေမှာဖြစ်ပါတယ်။ မြတ်ဗုဒ္ဓက ကျွန်တော်တို့ကို မပျင်းရိဖို့၊ ထထကြွကြွ အလုပ်လုပ်ကြဖို့၊ ဝင်ငွေရရှိအောင်ကြိုးစားဖို့၊ ရရှိတဲ့ငွေကြေးတွေကို မဖြုန်းတီးဘဲ ထိန်းသိမ်းကြဖို့ လမ်းညွှန်တော်မူခဲ့ပါတယ်။ မြတ်ဗုဒ္ဓသည် အတ္တကို ရှေ့တန်းတင်တဲ့ စိတ်သဘောထားမရှိဘဲ လောကီဘဝကို မှန်မှန်ကန်ကန် ယထာဘူတကျကျ အမြင်နဲ့ ရှုမြင်တော်မူခဲ့ပါတယ်။

On the other hand, the Buddha tells us that if we allow this life to go round and round in the cycle of birth​and death, while suffering physically and mentally, there is no real purpose of this life. But we can make use of this life for a better purpose by being of service to others, by cultivating morality, by training the mind and living as cultured people in peace​ and harmony with the rest of the world. According to the Buddha, human beings are not puppets devoid of responsibilities. Man is regarded as the highest fruit of the tree of evolution.

အခြားတစ်ဖက်အနေနဲ့ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲခံပြီး မွေးဖွားလိုက် သေဆုံးလိုက်နှင့် သံသရာတစ်ခွင် ကျင်လည်ဖို့ ဒီဘဝကို လွှတ်ပေးလိုက်ရင် အစစ်အမှန် ဘဝရည်မှန်းချက် မရှိတော့ဘူးလို့ မြတ်ဗုဒ္ဓက မိန့်တော်မူပါတယ်။ အဲလိုမှမဟုတ် ကျွန်တော်တို့ဟာ အခြားသူတွေကို ကောင်းကျိုးပြုရင်း၊ ကိုယ်ကျင့်သိက္ခာကို ပြုစုပျိုးထောင်ရင်း၊ စိတ်ကို လေ့ကျင့်ပေးရင်း၊ ယဉ်ကျေးတဲ့ လူသားတွေအဖြစ် ကမ္ဘာကြီးထဲက အခြားသူတွေနဲ့ ညီညီညွတ်ညွတ် အေးအေးချမ်းချမ်း နေထိုင်ရင်း ပိုမို တန်ဖိုးရှိတဲ့ ရည်မှန်းချက်အတွက် ဒီဘဝကို အသုံးပြုနိုင်ပါတယ်။ မြတ်ဗုဒ္ဓအလိုရတော့ လူသားတွေဟာ တာဝန်မဲ့တဲ့ ရုပ်သေးရုပ်တွေမဟုတ်ဘူးလို့ ဆိုပါတယ်။ လူဆိုတာ တစ်စတစ်စ ပြောင်းလဲတိုးတက်လာတဲ့ အပင်ထိပ်ဖျားက အမြင့်ဆုံး သစ်သီးဖြစ်တယ်လို့ မှတ်ယူရပါမယ်။

Unsatisfactoriness
မကျေမနပ်ဖြစ်ခြင်း

All of us experience unsatisfactoriness. How many times a day do we experience this? We can never be satisfied with whatever we gain because we want something else as soon as we get it. We want to give up something as soon as we gain it because it loses its attractiveness. We call this Impermanence. So throughout our lives we struggle to grasp at things, and we always experience unsatisfactoriness because we ourselves and the things we grasp are constantly changing.

ကျွန်တော်တို့အားလုံး မကျေမနပ်ဖြစ်မှု ခံစားကြရတယ်။ တစ်ရက်မှာ ဘယ်နှစ်ခါများ အဲဒီလို ခံစားရပါသလဲ။ ကျွန်တော်တို့ဟာ ကိုယ်ရတာနဲ့ ဘယ်တော့ မကျေနပ်နိုင်ကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တစ်ခုရပြီးတာနဲ့ အခြားတစ်ခုကို ထပ်ရချင်တာကြောင့်ဖြစ်ပါတယ်။ တစ်ခုခုကို ရပြီးလို့ မကြာခင်ပဲ ယင်းကို စွန့်ပစ်ချင်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထိုအရာဝတ္ထုက ဆွဲဆောင်မှု လျော့နည်းသွားတာကြောင့် ဖြစ်ပါတယ်။ အဲဒါကို မမြဲခြင်းလို့ ခေါ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဘဝတစ်လျှောက်လုံး လိုချင်တာတွေ ရရှိဖို့ ကြိုးစားရုန်းကန်ကြတယ်။ ပြီးတော့ အမြဲတမ်း မကျေမနပ်ခံစားရတယ်။ အကြောင်းကတော့ ကျွန်တော်တို့ ကိုယ်တိုင်နဲ့ ကျွန်တော်တို့ ရရှိတာတွေဟာ အမြဲတမ်း ပြောင်းလဲနေတာကြောင့် ဖြစ်ပါတယ်။

To be really happy we must overcome this human weakness. The struggle to realize why we are unhappy, should be the aim in our life. We all like to lead very happy, contented and peaceful lives but how many of us can really experience such happiness?

အမှန်တကယ် စိတ်ချမ်းသာဖို့ဆိုရင် လူသားရဲ့ ဒီအားနည်းချက်ကို ကျော်လွှားရပါမယ်။ စိတ်မချမ်းမသာဖြစ်ရခြင်း အကြောင်းကို သဘောပေါက်အောင် ကြိုးပမ်းအားထုတ်မှုဟာ ကျွန်တော်တို့ရဲ့ ဘဝဝရည်မှတ်းချက် ဖြစ်သင့်ပါတယ်။ ကျွန်တော်တို့ဟာ စိတ်ချမ်းချမ်းသာသာ၊ ကျေကျေနပ်နပ်၊ အေးအေးချမ်းချမ်း နေထိုင်ရတာကို နှစ်သက်ကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ထဲက ဘယ်နှစ်ယောက်များ အဲဒီလိုစိတ်ချမ်းသာမှု ခံစားရပါသလဲ။

We are willing to do anything in everyway possible to gain satisfaction but it is very difficult to experience true satisfaction. Suffering, in this life, comes from three main causes:
(a) conflict with nature;
(b) conflict with other human beings; and
(c) conflict with ourselves.

ကျွန်တော်တို့ဟာ ဖြစ်နိုင်ရင် နေရာတိုင်မှာ ကျေနပ်မှုရအောင် လုပ်ချင်ကြတယ်။ ဒါပေမယ့် အစစ်အမှန် အားရကျေနပ်မှု ခံစားရဖို့ အလွန်ခဲယင်းပါတယ်။ ဒီဘဝမှာ ခံစားရတဲ့ ဆင်းရဲဒုက္ခဟာ အဓိက အကြောင်းသုံးချက်ကနေ ဖြစ်ပေါ်လာတာပါ။
(က) သဘာဝနဲ့ ပဋိပက္ခဖြစ်ခြင်း
(ခ) အခြားသူတွေနဲ့ ပဋိပက္ခဖြစ်ခြင်း
(ဂ) ကျွန်တော်တို့ကိုယ်တိုင် ပဋိပက္ခဖန်တီးခြင်းတို့ ဖြစ်ပါတယ်။

A huge percentage of the suffering we experience is brought about through man's inhumanity to man. It can manifest itself as the antics of the practical joker, who under the cloak of good fun, makes the lives of his friends and family miserable. Or we find it in the surly individual who inflicts his unhappiness on others. The extreme men in conflict with men created the war bringing death and destruction on a worldwide scale they have never known or met. Therefore this war among humans ​has gone on for thousands of years and even has its counterpart in the animal kingdom.

ကျွန်တော်တို့ခံစားရတဲ့ ဆင်းရဲဒုက္ခ ရာခိုင်နှုန်းအများစုဟာ လူလူချင်း လူမဆန်မှုကြောင့် ဖြစ်ပေါ်လာတာပါ။ ဒါကို ရယ်စရာ ပျော်စရာကောင်းတဲ့ ဝတ်ရုံဝတ်ပြီး မိတ်ဆွေတွေ၊ မိသားစုတွေကို စိတ်ညစ်အောင် ကျီစားသူရဲ့ ဟာသလုပ်ရပ်အဖြစ် ဖော်ပြနိုင်ပါတယ်။ ဒါမှမဟုတ် မကျေမနပ်နှင့် အခြားသူတွေကို ဒုက္ခပေးတဲ့ သုန်မှုန်နေသူထံမှာ အဲဒီလို လုပ်ရပ်ကို တွေ့နိုင်ပါတယ်။ အစွန်းရောက်တွေဟာ လူလူချင်းပဋိပက္ခဖြစ်ရာမှာ သူတို့ မတွေ့ဘူး မကြုံဘူးသေတဲ့ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ သေကျေ ပျက်စီးမှုဖြစ်စေတဲ့ စစ်ပွဲကို ဖန်တီးခဲ့ပါတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ပေါင်းများစွာက လူသားတွေအကြားမှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲဟာ တိရစ္ဆာန် လောကမှာ ဖြစ်ပွားတာနဲ့ ထူးမခြားနားအခြေနေထိ ဆိုက်ရောက်ခဲ့တာပါ။

The solution to conflict is not in reforming the world at large, but in reforming ourselves. The Dhamma will place us in a better relationship with things as they exist and will guide us along the road until suffering ceases. The Buddha has shown us that although we can help others to find the path, we cannot give salvation to others. However before we try to help others,​ we should help ourselves, by striving for spiritual perfection.

ပဋိပက္ခရဲ့ အဖြေဟာ ကမ္ဘာကြီးကို အကြီးစား ပြုပြင်ပြောင်းလဲမှုမှာ မူမတည်ပါဘူး။ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ ပြုပြင်ပြောင်းခြင်းမှာသာ အဖြေရှိတာပါ။ ဓမ္မက ကျွန်တော်တို့ကို လောကထဲမှာ ရှိနေတဲ့ အရာတွေနှင့် ပိုမို ကောင်းမွန်သည့် ဆက်ဆံရေးအခြေနေသို့ ဆိုက်ရောက်စေပြီး ဆင်းရဲဒုက္ခ ချုပ်ငြိမ်းရာလမ်းကို ညွှန်ပြပေးပါလိမ့်မယ်။ ကျွန်တော်တို့က အခြားသူတွေကို လမ်းမှန်တွေ့အောင် ကူညီနိုင်ပေမယ့် သူတို့ကို ကယ်တင်မပေးနိုင်ဘူးလို့ မြတ်ဗုဒ္ဓက မိန့်ကြားတော်မူခဲ့ပါတယ်။ ဒါပေမယ့် သူများတွေကို အကူအညီမပေးခင် စိတ်ပိုင်းဆိုင်ရာ အကောင်းဆုံး အခြေနေရောက်အောင် အားထုတ်ခြင်းဖြင့် ကိုယ့်ကိုယ်ကို အကျိုးရှိအောင် လုပ်ဆောင်သင့်ပါတယ်။

ဒေါက်တာအရှင်ကုမုဒ (ဗောဓိတထောင်ကြာတစ်ပွင့်)
image

@blay