🏂🏂

in #artzone7 years ago

We need not fear to depart from human world
လူ့လောကတွင်းမှ ထွက်ခွာသွားရမည်ကို ကြောက်လန့်နေရန်မလိုပါ

How to live a worry-free life
သောကကင်းဝေး နေနိုင်ရေး

All questions man asks about life are related to the ​reality of death. He differs from all other creatures. It seems as he terribly fears death even more than other creatures. If only man can understand that life is short and that death is inevitable, he can solve many problems pertaining to life. In his resistance of death, man has used science to achieve some prolongation of life which may be equated to a child playing by the sea- side, working desperately to build up his sand- house before the next wave breaks over it.

ဘဝနဲ့ပတ်သက်ပြီး လူတွေမေးတဲ့ မေးခွန်းတွေအားလုံးဟာ သေခြင်းတရားရဲ့ သရုပ်မှန်နဲ့ ဆက်စပ်ပါတယ်။ လူဟာ အခြားသတ္တဝါအားလုံးနဲ့ ကွဲပြားပါတယ်။ အခြားသတ္တဝါတွေထက် ပိုပြီး သေခြင်းတရားကို အလွန်အမင်း ကြောက်လန့်ပုံရပါတယ်။ တကယ်လို့ ဘဝဟာ သက်တမ်းတိုတယ်၊ သေခြင်းတရားကို ရှောင်ရှားလို့မရဆိုတာကို လူတွေ နားလည်သဘောပေါက်ရင် ဘဝနဲ့ ဆက်စပ်နေတဲ့ ပြဿနာပေါင်း များစွာကို ဖြေရှင်းနိုင်ပါတယ်။ လူတွေဟာ သေခြင်းတရားကို တော်လှန်ရာတွင် အသက်ကို ဆွဲဆန့်နိုင်ရန် သိပ္ပံပညာကို အသုံးပြုကြတယ်။ ဘာနဲ့တူသလဲဆိုတော့ လှိုင်းပုတ်ဖျက်ဆီးတာမခံရမီ သဲအိမ်ဆောက်နိုင်ရန် အသည်းအသန် အားထုတ်ရင်း ပင်လယ်ကမ်းခြေမှာ ဆော့ကစားနေတဲ့ ကလေးတစ်ယောက်နဲ့ တူပါတယ်။

Man has often made death the centre of religious objects to invoke heavenly blessing for the gaining of everlasting life. Death happens to all living beings, but man alone has created, out of his constant fear of death, a will to endure. And out of the desire for continuity in all their conceivable forms, man has created religion, which in turn, has attempted to give a more meaningful end to life.

လူဟာ သေခြင်းတရားကို ဘာသာရေးရည်မှန်းချက်တွေရဲ့ အဓိကအချက်လို့ သဘောထားကာ ထာဝရရှင်သန်တဲ့ ဘဝရရှိရန် ကောင်းကင်ဘုံက ဘုရားသခင်ရဲ့ ကောင်းချီးပေးမှုကို တောင်းခံကြတယ်။ သေခြင်းတရားကို သက်ရှိအားလုံး ကြုံတွေ့ရပေမယ့် လူကတော့ သေခြင်းတရားကို အမြဲ ကြောက်လန့်နေတာကြောင့် ကြာရှည်တည်တံ့လိုတဲ့ ဆန္ဒတစ်ခုကို ဖန်တီးထားတာဖြစ်ပါတယ်။ ကြံစည်စိတ်ကူးလို့ရသမျှ အမျိုးအစားအားလုံး အဆက်မပြတ်လိုတဲ့ ဆန္ဒကြောင့် ဘာသာရေးကို ဖန်တီးထားကြတယ်။ အပြန်အလှန်အားဖြင့် ဘာသာရေးကလည်း ပိုပြီး အဓိပ္ပါယ်ရှိတဲ့ ဘဝနိဂုံးကို ပေးအပ်ဖို့ ကြံစီအားထုတ်ထားပါတယ်။

Although some religions believe in the existence of heavenly abodes where life would be one experience of perpetual bliss, as yet we haven't heard that the devout followers of any particular religion were keen to give up their earthly existence to be with the Almighty in heaven. Similarly, even Buddhists would prefer to cling on to their precious earthly existence although they fully realise that life in this world is nothing but suffering, and that the ultimate bliss is liberation from suffering.

အချို့ဘာသာတရားတွေဟာ ထာဝရ အတိသုခကို ခံစားခွင့်ရမယ့် ကောင်းကင်ဘုံက ဘုံဗိမာန်တွေမှာ ရှင်သန်ခြင်းဆိုတာကို ယုံကြည်ကြပေမယ့် ထိုဘာသာအပေါ် ကြည်ညိုကိုင်းရှိုင်းသူတွေဟာ ကောင်းကင်ဘုံမှာ ဘုရားသခင်နှင့် အတူနေရန် လက်ရှိဘဝကို စွန့်လွှတ်ဖို့ စိတ်အားထက်သန်နေကြတယ်ဆိုတာ ယနေ့အထိ မကြားဖူးသေးပါဘူး။ အလားတူပါပဲ ဗုဒ္ဓဘာသာဝင်တွေဟာ ဘဝဆိုတာ တစ်ခြားမဟုတ် ဆင်းရဲဒုက္ခအစုသာဖြစ်တယ်၊ အမြင့်ဆုံး ချမ်းသာက ဆင်းရဲဒုက္ခမှ လွတ်မြောက်ခြင်း ဖြစ်တယ်လို့ အပြည့်အဝ နားလည်သဘောပေါက်ပေမယ့် တန်ဖိုးရှိတဲ့ လက်ရှိဘဝကို ဖက်တွယ်ထားလိုတဲ့ ဆန္ဒရှိကြပါတယ်။

The biggest problem faced in many countries today is the problem of population explosion. Ways will have to be found to curb this perpetual swelling of this stream of life. These millions need food, shelter, comfort and security. To these people the question is not 'what is the purpose of life' but 'what to do with life.' The simple answer is that one should make the best use ​of life and its resources and find whatever happiness​that one can grasp. But It should be found in a practical and righteous means.

ယနေ့ခေတ်မှာ နိုင်ငံတိုင်းရင်ဆိုင်နေရတဲ့ အဆိုးဆုံးပြဿနာက လူဦးရေ တစ်ဟုန်ထိုး တိုးပွားလာခြင်းဖြစ်ပါတယ်။ ဘဝရေစီးချောင်းမှာ ထပ်တလဲလဲ ဖြစ်နေတဲ့ ဒီဖောင်းပွနာကို ထိန်းချုပ်ရန် နည်းလမ်းတွေရှာရပါမယ်။ သန်းချီရှိတဲ့ ဒီလူသားတွေမှာ အစားအသောက်၊ အမိုးအကာ၊ သက်သောင့်သက်သာရှိမှု၊ လုံခြုံမှုတွေ လိုအပ်ပါတယ်။ ဒီလူတွေအတွက် မေးစရာမေးခွန်းက ဘဝရည်မှန်းချက်ဆိုတာ ဘာလဲမဟုတ်ဘဲ ဘဝဆိုတာ ဘာလုပ်ဖို့လဲဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ရှင်းရှင်းလင်းလင်း အဖြေကတော့ လူတစ်ယောက်ဟာ ဘဝနှင့် ဘဝအရင်းအမြစ်တွေကို အကောင်းဆုံး အသုံးချပြီး ရနိုင်တဲ့ ဘယ်လို စိတ်ချမ်းသာမှုကိုမဆို ရှာဖွေသင့်တယ်ဆိုတာပါပဲ။ ဒါပေမယ့် အဲလိုရှာဖွေရာမှာ လက်တွေ့ကျပြီး တရားမျှတတဲ့ နည်းလမ်းတွေနဲ့ ရှာဖွေသင့်ပါတယ်။

For that purposes, religion steps in to console man, or rather awaken him to the fact that life is not dreary and hopeless, so there is a hope for a better life. All the progress in this world made by man is due to the fact that he realises he is mortal and that he would like to leave his mark behind after he is gone. If man were to achieve immortality and his days on earth were endless there would be no desire for him to make the world a better place.

အဲဒီအတွက် လူသားတွေကို နှစ်သိမ့်ပေးရန် ဒါမှမဟုတ် ဘဝဆိုတာ ငြီးငွေ့ဖွယ်ကောင်းပြီ မျှော်လင့်ချက်မဲ့တယ်ဆိုတဲ့ အချက်ကို သတိပြုမိစေရန် ဘာသာတရားက ကြားဝင်ပေးတာဖြစ်ပါတယ်။ ဒါကြောင့် ပိုမို ကောင်းမွန်တဲ့ ဘဝအတွက် မျှော်လင့်ချက်ရှိလာတာဖြစ်ပါတယ်။ ဒီကမ္ဘာကြီးထဲက လူတွေလုပ်ဆောင်တဲ့ တိုးတက်မှုအားလုံးဟာ လူဆိုတာ သေမျိုးဖြစ်တယ်၊ သေသွားပြီးနောက် အထိမ်းအမှတ်လက်ရာ ချန်ထားဖို့ လိုအပ်တယ်ဆိုတဲ့ အချက်ကြောင့် ဖြစ်ပေါ်လာတာပါ။ တကယ်လို့ လူတွေသာ မသေတဲ့အဖြစ်ကို ရရှိခဲ့ပြီး ဒီကမ္ဘာမြေပေါ်မှာ ရှင်သန်ရတဲ့နေရက်တွေ အဆုံးမသတ်တော့ရင် ကမ္ဘာကြီးကို ပိုကောင်းအောင် လုပ်လိုတဲ့ဆန္ဒ ရှိခဲ့မှာမဟုတ်ပါဘူး။

If there was no death, life would become stagnant, monotonous, unspeakably burdensome and boring. If man is given the insight to realise and know the precise time of his death, he would definitely act differently and more purposefully than what he is doing presently.
'Man's body tums to dust, but his name and influence persists.' Said Buddha. Even though our ancestors are dead and gone, we can assume that they still exist amongst us through the influence created by them in the past.

သေခြင်းတရားသာ မရှိခဲ့ရင် ဘဝဟာ တိုးတက်လာမှာမဟုတ်ဘဲ ငြီးငွေ့ဖွယ်ကောင်းနေပါလိမ့်မယ်။ ပြောမထွက်နိုင်လောက်အောင်လည်း ကိုယ်ရောစိတ်ပါ ပင်ပန်းပြီး ခြောက်ကပ်ကပ် ဖြစ်နေပါလိမ့်မယ်။ တကယ်လို့ လူသားကို သေရမယ့်အချိန် အတိအကျ သဘောပေါက် သိမြင်နိုင်တဲ့ ထိုးထွင်းဉာဏ် ပေးအပ်လိုက်ရင် အခု လူတွေ လုပ်ကိုင်နေတာထက် ပိုထူးခြားအောင် ပိုပြီး အကျိုးရှိအောင် လှုပ်ရှားဆောင်ရွက်မှာ အသေအချာဖြစ်ပါတယ်။ မြတ်ဗုဒ္ဓက "လူ့ကိုယ်ခန္ဓာသာ အမှုန့်ဖြစ်သွားတယ်၊ နာမည်နဲ့ သြဇာအရှိန်အဝါက ဆက်လက်ကျန်ရစ်တယ်" လို့ မိန့်ကြားတော်မူခဲ့ပါတယ်။ ကျွန်တော်တို့ ဘိုးဘေးဘီဘင်တွေ ကွယ်လွန်သွားခဲ့ပေမယ့် အတိတ်က သူတို့ ဖန်တီးခဲ့တဲ့ သြဇာအရှိန်အဝါအနေနဲ့ ကျွန်တော်တို့အကြားမှာ သူတို့ဆက်ရှိနေတယ်လို့ ယူဆနိုင်ပါတယ်။

By the term 'ancestors' we refer not only to our forebears but also to all those who had contributed to the welfare and happiness of others. In this sense, we can say that the heroes, sages, philosophers, authors and poets of days gone by are still existing amongst us through their influenc. As we link ourselves to these martyrs and thinkers we have chance to share their wisest thoughts, the noble ideals and to enjoy fascinating music they created over the centuries!

ဘိုးဘေးဘီဘင်ဆိုတဲ့ ဝေါဟာရက ကျွန်တော်တို့အမျိုး ဘိုးဘေးဘီဘင်တွေကိုသာ ရည်ရွယ်ပြောဆိုတာ မဟုတ်ပါဘူး။ သူတစ်ပါးကောင်းကျိုးနဲ့ သူတစ်ပါးစိတ်ချမ်းသာအောင် ဆောင်ရွက်ခဲ့ပေးကြသူအားလုံးကိုပါ ရည်ညွှန်းတာဖြစ်ပါတယ်။ ဒီသဘောတရားအရ ကုန်လွန်ခဲ့တဲ့ အတိတ်ကာလက သူရဲကောင်းတွေ၊ ပညာရှိတွေ၊ ဒဿနဆရာတွေ၊ စာရေးဆရာတွေ၊ ကဗျာဆရာတွေဟာ သြဇာအရှိန်အဝါအနေနဲ့ ကျွန်တော်တို့အကြားမှာ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဒီအာဇာနည်ပုဂ္ဂိုလ်တွေ၊ အတွေးအခေါ်ပညာရှင်တွေနဲ့ ဆက်စပ်သည့်အလျောက် သူတို့ရဲ့ အမျှော်အမြင်အရှိဆုံး အတွေးအခေါ်တွေ မြင့်မြတ်တဲ့ စံနမူနာတွေကို မျှဝေအသုံးပြုခွင့် ရသည့်အပြင် ရာစုနှစ်များစွာအတွင်း သူတို့ဖန်တီးခဲ့တဲ့ စွဲမက်ဖွယ် ဂီတသံစဉ်တွေကိုပါ သာယာကြည်နူးခွင့်ရရှိပါတယ်။

The cry of a man's heart out for a purpose is the dim recognition of the nature of life. When a man comprehends within himself his divine and noble nature, he no longer cries for a purpose of life. Thinking people have realized that the course of human history is determined not by what happens in the skies, but by what takes place in the hearts of men. The Buddha said that there is no other supernatural living being higher than the perfect man. Man can raise himself above the limitation of his individuality, but he cannot raise himself above the laws and principal characteristics of his kind such as old age, sickness and death.

လူတစ်ယောက် ချုံးပွဲချ ငိုကြွေးတဲ့ အကြောင်းက လူ့ဘဝသဘောတရားကို မှုံဝါးဝါးပဲ သိရှိတာကြောင့် ဖြစ်ပါတယ်။ လူသားရဲ့ အံ့သြဖွယ်ကောင်းအောင် မြင့်မြတ်တဲ့ သဘာဝကို နားလည်သဘောပေါက်ရင် ဘဝအတွက် ငိုကြွေးနေစရာမလိုတော့ပါဘူး။ လူ့သမိုင်းဖြစ်စဉ်ကို ကောင်းကင်ပေါ်မှာ ဖြစ်ပေါ်တာတွေနဲ့ ဆုံးဖြတ်တာမဟုတ်ဘဲ လူသားတွေရဲ့ နှလုံးသားထဲမှာ ဖြစ်ပေါ်တာတွေနဲ့ ဆုံးဖြတ်တယ်ဆိုတာကို စဉ်းစားဉာဏ်ရှိသူတိုင်း သဘောပေါက်ကြပါတယ်။ မြတ်ဗုဒ္ဓက ပါရမီပြည့်တဲ့ လူထက် သာလွန်သည့် သက်ရှိသတ္တဝါဆိုတာ မရှိလို့ မိန့်တော်မူခဲ့ပါတယ်။ လူဟာ ပင်ကိုလက္ခဏာဖြစ်တဲ့ အားနည်းချက်ကို ကျော်လွန်အောင် ကိုယ့်ကိုယ်ကို မြှင့်နိုင်ပါတယ်။ ဒါပေမယ့် လောကဥပဒေသနဲ့ အိုခြင်း၊ နာခြင်း၊ သေခြင်းဆိုတဲ့ လူသားမျိုးနွယ်ရဲ့အဓိက ပင်ကိုယ်လက္ခဏာတွေကိုတော့ မမြှင့်တင်နိုင်ပါဘူး။

Why fear to depart from this world?
လူ့လောကမှ ထွက်ခွာသွားရမှာကို ဘာကြောင့် ကြောက်လန့်ကြတာလဲ

For most people, death is an unwelcome event. With so many cravings to be satisfied, the business of living in spite of enormous suffering is never quite finished. People feel more comfortable with the mirage of happiness than with the reality of death. Attachments to worldly life create a morbid fear of death. But the truth is that all life is nothing but suffering. Death is natural and inevitable. It is not half as frightening as the thought of dying itself.

လူများစုအတွက် သေဆုံးခြင်းဟာ ဆိုးရွားလှတဲ့ ဖြစ်ရပ်ပါ။ အလိုဖြည့်ရန် အာသာဆန္ဒများစွာရှိသည့်အတွက် ဆင်ရဲဒုက္ခကြီးစွာ ရှင်သန်နေရတဲ့ အလုပ်ဟာ ဘယ်တော့ လုံးဝ အဆုံးသတ်မှာမဟုတ်ပါဘူး။ လူတွေဟာ သေခြင်းတရားက ရှောင်လွှဲမရတဲ့ လက်တွေ့ဘဝနဲ့ နေသားကျရမယ့်အစား တံလှပ်ပမာ မရေရာတဲ့ မျှော်လင့်ချက်နဲ့ ပိုပြီး နေသားကျနေတာပါ။ ဘဝကို တွယ်တာခြင်းတွေဟာ သေရမှာကို ကြောက်လန့်တဲ့ အစွဲဥပါဒန်ကို ဖန်တီးပါတယ်။ ဘဝဆိုတာ ထူးထူးထွေထွေမဟုတ် ဆင်းရဲဒုက္ခဖြစ်တယ်ဆိုတာကသာ အမှန်တရားဖြစ်ပါတယ်။ သေခြင်းတရားဟာ သဘာဝဖြစ်စဉ်ပါ၊ ရှောင်လွှဲလို့မရပါဘူး။ ယင်းဟာ သေခြင်းတရားဆိုတဲ့ အတွေးပေါ်အောင် တစ်ဝက်တစ်ပျက် ခြောက်လန့်ရုံမျှမဟုတ်ပါဘူး။

The mind has an ability of its own to create and to stretch wrong images of death.
The reason is that a mind untrained to see life with all ​its impermanence and unsatisfactoriness, is likely to cling to illusions just as a drowning man will even cling to a straw. It creates uneasiness even for those who fervently pray to an imaginary supernatural being for forgiveness and a place in heaven when life seems hopeless.

စိတ်မှာ သေခြင်းတရားနဲ့ ပတ်သက်ပြီး မှားယွင်းတဲ့အမြင်တွေကို ဖန်တီး ချဲ့ကားနိုင်တဲ့ ကိုယ်ပိုင် စွမ်းရည်ရှိပါတယ်။ ရေနစ်တဲ့လူဟာ ကောက်ရိုးအမျှင်ကိုပင် ဖက်တွယ်ထားမှာ ဖြစ်သလို ဘဝကို မမြဲတဲ့အမြင်၊ ကျေနပ်ဖွယ်မကောင်းတဲ့ အမြင်နဲ့ မြင်နိုင်ရန် လေ့ကျင့်မထားရင် စိတ်ကလည်း အတွေးမှားတွေကို စွဲထားနိုင်ပါတယ်။ ယင်းစိတ်ဟာ ဘဝမျှော်လင့်ချက်မဲ့နေချိန်တွင် ခွင့်လွှတ်တော်မူရန်၊ ကောင်းကင်ပေါ်မှာ နေရာရရန် စိတ်ကူးနဲ့ ဖန်တီးထားတဲ့ တန်ခိုးရှင်ထံ ထက်သန်စွာ ဝတ်ပြုဆုတောင်းသူတွေကိုပင် စိုးရိမ်ပူပန်မှုဖြစ်ပေါ်စေတယ်။

Of course the fear of death is a manifestation of instinctive self-preservation. But there is a way to overcome that fear. Must do some selfless service for the welfare of others to gain hope and confidence in the dying moment. Altruism purges all selfish attachments. Purity of the mind, non attachment to worldly things, will ensure a happy parting from this world.

ဟုတ်ပါတယ် သေခြင်းတရားကို ကြောက်လန့်မှုဟာ မိမိရှင်သန်မှုအတွက် အလိုအလို ကြိုးပမ်းခြင်း လက္ခဏာရှိပါတယ်။ ဒါပေမယ့် ထိုကြောက်လန့်မှုကို ကျော်လွှားနိုင်တဲ့ နည်းလမ်းတစ်ရပ်တော့ ရှိပါတယ်။ သေခါနီးအချိန်တွင် မျှော်လင့်ချက်နဲ့ ယုံကြည်မှုပေါ်ပေါက်ရန် သူတစ်ပါးကောင်းကျိုးတွေကို ကိုယ်ကျိုးမဖက်ဘဲ လုပ်ဆောင်ပေးရမှာပါ။ ပရဟိတဝါဒဟာ တစ်ကိုယ်ကောင်းဆန်တဲ့ တွယ်တာတပ်မက်မှုအားလုံးကို သန့်စင်ပေးပါတယ်။ စိတ်ထားဖြူစင်ခြင်းနှင့် လောကီသာယာဖွယ်တွေအပေါ် တပ်မက်မှုကင်းခြင်းဟာ ဒီလောကထဲကနေ စိတ်အေးချမ်းသာစွာ ခွဲခွာသွားရဖို့ တာဝန်ယူပေးပါလိမ့်မယ်။

It is the constant contemplation on death to understand the impermanence of life, and developing wisdom to correct the wrong way of living, that take the fear out of death. Strengthen the mind to face fact and reality of life. Avoid unrealistic and impracticable ambitions. Develop self-confidence. Then you will be more relaxed in overcoming your difficulties in life.

ဘဝရဲ့ မမြဲမှု အနိစ္စသဘောကို နားလည်ရန် မရဏသဘောကို အဆက်မပြတ် ဆင်ခြင်သုံးသပ်ခြင်း (မရဏာနုဿတိကမ္မဋ္ဌာန်းပွားများခြင်း) နှင့် မှားယွင်းတဲ့ နည်းလမ်းနဲ့ ရှင်သန်နေခြင်းကို တည့်မတ်ပေးမယ့် ပညာဉာဏ်ကို မြှင့်တင်ခြင်းတို့ဟာ သေခြင်းတရားကို ကြောက်လန့်မှုမှ လွန်မြောက်စေတဲ့ နည်းလမ်းတွေဖြစ်ပါတယ်။ ဘဝရဲ့ သဘောမှန်နဲ့ လက်တွေ့ဖြစ်ရပ်ကို ရင်ဆိုင်ရန် စိတ်ကို အားဖြည့်ပါ။ မဖြစ်နိုင်တဲ့၊ လက်တွေ့မကျတဲ့ ရည်မှန်းချက်များကို မချမှတ်ပါနဲ့။ မိမိကိုယ်မိမိ ယုံကြည်မှုကို မြှင့်တင်ပါ။ ဒါဆိုရင် ဘဝအခက်အခဲတွေကို ကျော်ဖြတ်ရာမှာ သက်သောင့်သက်သာရှိပါလိမ့်မယ်။

'When you were born, you cried and the world rejoiced. Live your life in such a manner that when you die, the world cries and you will be released from suffering.' On the other hand, we must understand that the life does not die. When the physical body is not suitable to remain anymore the life departs from the body. That is called death. However that is not the end of the life. The departed life will start to build another house or body to settle in according to past good or bad karma. So we need not fear to depart from human world.

သင်မွေးတုန်းက သင်က ငိုပြီး လောကကြီးက ဝမ်းသာခဲ့တယ်။ သင် သေဆုံးတဲ့အခါ လောကကြီးက ငိုပြီး သင်က ဆင်းရဲဒုက္ခတွေမှ လွတ်မြောက်မှုရမယ့် နည်းလမ်းနဲ့ ဘဝကို ဖြတ်သန်းပါ။ အခြားတစ်ဖက်အနေနဲ့ အသက်ဇီဝက သေမသွားဘူးဆိုတာကို ကျွန်တော်တို့ နားလည်ရပါမယ်။ ရုပ်ခန္ဓာက ဆက်လက်တည်မြဲဖို့ မဖြစ်နိုင်တဲ့အခါ အသက်ဇီဝဟာ ကိုယ်ခန္ဓာကနေ ဘဝတစ်ပါးပြောင်းသွားတာပါ။ အဲဒါကိုပဲ သေဆုံးခြင်းလို့ ခေါ်ဆိုတာပါ။ အဲဒါဟာ ဘဝအဆုံးသတ် မဟုတ်ပါဘူး။ ဘဝတစ်ပါးပြောင်းသွားတဲ့ အသက်ဇီဝဟာ အတိတ်က အကောင်း အဆိုး ကံတရားနဲ့အညီ တစ်ဖန်ဖြစ်ပေါ်ရန် အခြားခန္ဓာအိမ်ကို စတင်တည်ဆောက်ပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့ လူ့လောကထဲက ထွက်ခွာသွားရမှာကို ကြောက်လန့်နေဖို့မလိုပါဘူး။

ဒေါက်တာအရှင်ကုမုဒ (ဗောဓိတထောင်ကြာတစ်ပွင့်)

image

@alay1