Xiaomi အနေနဲ့ Redmi Note 5 ကိုယခုနှစ် ဖေဖော်ဝါရီလက မိ
တ်ဆက်ပေးခဲ့ပြီး သူ့မှာရွေးချယ်စရာ အရောင်၄မျိုး ရှိပါတယ်။
အချက်အလက်သိုလှောင်မှုပိုင်းအတွက် 3GB + 32GB, 4GB +
64GB နဲ့ 6GB + 64GB ၃မျိုးထုတ်ပေးထားပါတယ်။ ဒီနေ့မှာ
တော့ တရုတ်စမတ်ဖုန်း ထုတ်လုပ်သူဟာ အချက်အလက်သို
လှောင်မှု ပိုမိုများပြားတဲ့ ဗားရှင်းကိုထုတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။
Redmi Note 5 မှာအမြင့်ဆုံးအနေနဲ့ 6GB/64GB ဗားရှင်းကနေ၊
အခုဆိုရင် 6GB/128GB ဗားရှင်းကိုပါ ရရှိနိုင်ပြီ ဖြစ်ပါတယ်။
သိုလှောင်မှုပိုင်းမှာသာ တိုးမြင့်ပေးလိုက်ပြီး ဖုန်းရဲ့ အချက်အလ
က်ပိုင်းတွေကတော့ အရင်ထွက်ထားတဲ့ ဗားရှင်းတွေနဲ့ အတူတူပဲ
ဖြစ်ပါတယ်။
Redmi Note 5 ရဲ့ Display အရွယ်အစားက ၅.၉၉ လက်မ ရှိပြီး
IPS LCD Display 3037-9colosoSi FullView Display
အမျိုးအစား ဖြစ်ပြီး Resolution က 1080 x 2160 pixels ပါဝင်
ပါတယ်။ သာမန် တန်းဖိုးနည်း စမတ်ဖုန်းတွေမှာ မမျှော်လင့်နိုင်
တဲ့ Resolution ဘဲ ဖြစ်ပါတယ်။ Processor အပိုင်းအတွက်
Snapdragon 636 SoC နဲ့ Adreno 509 တို့ကို ထည့်သွင်းထား
ပါတယ်။
12MP+5MP ကင်မရာ ၂ လုံး ကျောဘက်မှာ ဒေါင်လိုက် တပ်ဆ
င်ထားတယ်။ ရှေ့ဘက် မျက်နှာပြင်မှာတော့ Selfie ဆွဲဖို့ 13MP
ကင်မရာ ၁လုံးကို တပ်ဆင်ပေးထားပါတယ်။ ဘက်ထရီက
4000mAh ဖြစ်ပြီး တစ်ခါအားအပြည့်သွင်းထားရင် ၂ရက်လောက် အသုံးပြုလိုါ ရမှာပါ။
SOURCE